ဗန်ဒီ ဘိခ်ရဲ့ အားသာချက် ၊ အားနည်းချက် တွေကို တစ်ယောက် တစ်မျိုး ထုတ်ဖော် ချီးကျူးလိုက်ကြတဲ့ ဟားဂရေ့ဗ် ၊ ဖာဒီနန် နဲ့ စခိုးလ်

မနေ့ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ အစ္စတန်ဘူလ် ဘာဆက်ဆီဟာ အသင်းကို အုပ်စု ပွဲစဉ် 4 အဖြစ် ဧည့်ခံ ကစားခဲ့ပြီး 4 – 1 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် နိုင်ပွဲ ရယူ သွားနိုင်ခဲ့ ပါတယ် ။ အခုတော့ ယူနိုက်တက်တို့ နောက်တဆင့် တက်ဖို့ အလားအလာ ကောင်သွားခဲ့ပြီပဲ ဖြစ်ပါတယ် ။

အဆိုပါ ပွဲစဉ်မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက တိုက်စစ်မှာ မာရှယ် ၊ ရပ်ရှ်ဖို့ နဲ့ ကာဗာနီ တို့ကို ပွဲထုတ် ခဲ့ပြီး ကွင်းလယ် မှာတော့ ဘရူနို ၊ ဗန်ဒီ ဘိခ် နဲ့ ဖရက်ဒ် တို့ကို ပွဲထွက် စေခဲ့ ပါတယ် ။ ထူးခြားချက် ကတော့ ဗန်ဒီ ဘိခ်ဟာ ဒီနေ့ ပွဲစဉ်မှာ ကွင်းလယ် ခံစစ် နေရာ ကစားခဲ့ ရတာပဲ ဖြစ်ပါတယ် ။

myan789

ဒါဟာ ယူနိုက်တက် အသင်းဆီ ပေါင် သန်း 40 နဲ့ ပြောင်းရွှေ့ ကစား ခဲ့တဲ့နောက် ဗန်ဒီ ဘိခ်ရဲ့ 5 ကြိမ်မြောက် ပွဲထွက် ကစားခဲ့ ရတဲ့ ပွဲစဉ် ဖြစ်ခဲ့ရ ပါတယ် ။ သူဟာ နေရာ ပြောင်းပြီး ကစားခဲ့ရ ပေမယ့် စည်းကမ် သေဝပ်စွာ ကစားပေး နိုင်ခဲ့ပြီး ပုံစံကောင်း တွေကို ပြသ သွားနိုင် ခဲ့တဲ့ အတွက် ချီးကျူးမှု တွေကိုလည်း ပိုင်ဆိုင် နိုင်ခဲ့ပါ သေးတယ် ။

အဆိုပါ ချီးကျူးသူတွေထဲ BT sport မှာ သတင်း တင်ဆက်ဖို့ တာဝန် ကျခဲ့ကြတဲ့ ယူနိုက်တက် အသင်း ရဲ့ ကစားသမားဟောင်း သုံးဦး ဖြစ်သူ အိုဝင် ဟားဂရေ့ဗ် ၊ ဖာဒီနန် နဲ့ ပေါလ် စခိုးလ် တို့လဲ ပါဝင်ခဲ့ကြ ပါတယ် ။ ဟားဂရေ့ဗ် ကတော့ ဗန်ဒီ ဘိခ်ဟာ ပြီးပြည့်စုံလွန်းတဲ့ ခြေစွမ်း နဲ့ နီးစပ်တဲ့ ပုံစံကောင်း တွေကို ပြသခဲ့ကြောင်း ၊ သူဟာ တစ်ကိုယ်ကောင်း ဆန်သူ မဟုတ်ကြောင်း ချီးကျူး သွားခဲ့လိုက် ပါတယ် ။

” ဗန်ဒီ ဘိခ်ဟာ တစ်ကစ်ကို တစ်ကိုယ်ကောင်း မဆန်တဲ့ ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်တဲ့ အတွက် အသင်းမှာ အံဝင်အောင် ၊ ပြီးပြည့်စုံလုနီးပါး ပုံစံကောင်းနဲ့ ကစားပေး နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ သူဟာ ပွဲထွက် ကစားခွင့် ပိုင်ဆိုင် နိုင်ခဲ့တဲ့ အချိန်မှာ ယခင်က စိတ်တိုင်းကျ ကစားနေခဲ့ သလိုမျိုး လွတ်လပ်စွာ ကစားခဲ့တယ်လို့ ကျွန်တော် ထင်မိ ပါတယ် ” လို့ ဟားဂရေ့ဗ် က ချီးကျူး ခဲ့လိုက် ပါတယ် ။

” ကျွန်တော် သူ့ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်လို့ ကျွန်တော် ကျေနပ်မိခဲ့ ပါတယ် ။ ကျွန်တော်တို့ဟာ သူ့ရဲ့ ပွဲထွက် ကစားခွင့် နဲ့ ပတ်သက်လို့ စိတ်မရှည်နိုင် ဖြစ်ခဲ့ကြ ပါတယ် ။ ဒါပေမယ့် အိုလီ ကတော့ ကစားသမား နဲ့ ပတ်သက်လို့ သူ ဘာတွေ တွေးနေခဲ့ သလဲ ဆိုတာကို ဒီနေ့ အမှန်အကန် ချပြ သွားခဲ့လိုက် ပါတယ် ”

” ဒွန်နီ ဆိုတာ တစ်ချက်ထိ ၊ နှစ်ချက်ထိ ကစားပေးရင်း ရိုရှင်းတဲ့ ပုံစံ တွေကို ပြသ နိုင်တဲ့ ကစားသမားမျိုး ပါပဲ ။ ဒီပွဲ မှာတော့ သူဟာ အခြား အသင်းဖော်တွေ ကစားရ လွယ်ကူအောင် ပေးဆပ် ကစားပေး ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ ပါတယ် ။ ပွဲစဉ် တွေမှာ ကျွန်တော်တို့ဟာ ဒီလို ကစားသမားမျိုး တစ်ကယ်ပဲ လိုအပ် ပါတယ် ”

” သူဟာ အခြားသူတွေ ကစားရ လွယ်ကူအောင် လုပ်ဆောင် ပေးနိုင်တဲ့ ကစားသမား အမျိုးအစား ပါပဲ ” လို့ ရီယို ဖာဒီနန် ကလည်း ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။ ဒါကို ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ဂန္ဓဝင် ကစားသမားဟောင်း ဖြစ်တဲ့ ပေါလ် စခိုးလ် ကပါ အထူး ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

” အချို့သော တစ်ချက်ထိ ကစားပုံ တွေက အရမ်းကို ထူးကဲ ကောင်းမွန်ခဲ့ ပါတယ် ။ သူ့ဆီမှာ အနားမှာ ဘယ်သူတွေ ရှိသလဲ ၊ ကာဗာနီ ဘယ်မှာ ရှိနေသလဲ ၊ မားကပ်စ် ဘယ် နေရာကို ရောက်နေ သလဲ ဆိုတာ တွေကို အလိုအလျောက် သိရှိ နေခဲ့တဲ့ သိမြင် နားလည်မှု အရည်အသွေးတွေ ရှိနေတာကို ကျွန်တော်တို့ မြင်တွေ့ ခဲ့ရ ပါတယ် ”

” ကျွန်တော်တို့ ဒီည မြင်ခဲ့ရတာက သူအကောင်းဆုံး ကစားပေး နိုင်တဲ့ နေရာက ဒီနေရာ ဖြစ်တယ် ဆိုတာပါပဲ ။ သူဟာ ခံစစ်မှူး တွေကို ကူညီပေးဖို့ အတွက် လုံလောက်စွာ ကောင်းမွန် နိုင်ခဲ့ ပါတယ် ။ သူဟာ တိုက်စစ်ရော ခံစစ် ကိုပါ ကူညီ ပေးလိုတဲ့ ဆန္ဒ ရှိနေတယ် ဆိုတာကိုပါ ကျွန်တော်တို့ တွေ့မြင် သိရှိ ခဲ့ကြ ပါတယ် ”

” ဒါပေမယ့် တစ်ကယ်တမ်း မှာတော့ သူ အကောင်းဆုံး အစွမ်းပြ ကစားပေး နိုင်တာက ခံစစ်ပိုင်း မဟုတ်ခဲ့ရ ပါဘူး ။ သူဟာ အသင်းရဲ့ တိုက်စစ်ပိုင်း ကစားပုံ တွေကို ထူးကဲ ကောင်းမွန် စေနိုင်တဲ့ ကစားသမားမျိုးပဲ ဖြစ်ပါတယ် ” လို့ ပေါလ် စခိုးလ် က ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular