ဗန်ဒီ ဘိခ်ကို မလိုအပ်တဲ့ခေါ်ယူမှုလို့ ဝေဖန်ခဲ့တဲ့ အသင်းဖော်ဟောင်း အီဗရာကို တုန့်ပြန်လိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ တုန်းက ဒေါ့မွန် အသင်းမှ ဂျေဒန် ဆန်ချို ကို ခေါ်ယူဖို့ အတွက် သဘော တူညီမှု မယူနိုင် ခဲ့တဲ့နောက် အေဂျက်ဇ် အသင်းမှ ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ ဒွန်နီ ဗန်ဒီ ဘိခ်ကို ပေါင် သန်း 40 နဲ့ ခေါ်ယူခဲ့ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ကစားသမားကောင်းတွေ ရှိနေခဲ့ ကြတဲ့ အတွက် သူဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ပွဲထွက် ကစားခွင့် မပိုင်ဆိုင် နိုင်ခဲ့ပဲ လူစားဝင် ကစားခွင့် ကိုသာ ပိုင်ဆိုင် ထားနိုင်ခဲ့ ပါတယ် ။ သူဟာ FA ဖလား ပြိုင်ပွဲ မှာသာ ပွဲထွက်ခွင့် ရရှိထားခဲ့ ပါတယ် ။

myan789

အထူးသဖြင့် ချဲလ်ဆီး နဲ့ ဂိုးမရှိ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့တဲ့ ပွဲစဉ်မှာ သူဟာ လူစားဝင် ကစားသမား အဖြစ်တောင် ပါဝင့်ခွင့် မရရှိခဲ့ပဲ အရံခုံ ပေါ်မှာသာ အချိန် ကုန်ဆုံးခဲ့ ရတဲ့နောက် ယူနိုက်တက် ဂန္ဓဝင် အီဗရာ က ဒါဟာ မလိုအပ်တဲ့ ခေါ်ယူမှု ဖြစ်ကြောင်း ထုတ်ဖော် ဝေဖန် သွားခဲ့လိုက် ပါတယ် ။

” သူဟာ ပွဲစဉ်တိုင်းကို ပွဲကြည့်စင် ပေါ်မှာ ထိုင်နေရင်းနဲ့ စောင့်ကြည့် နေခဲ့ရ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ဟာ သူ့ကို မလိုအပ်လို့ ပါပဲ ။ ဒါဟာ အမှန်တရား တစ်ခုပါပဲ ။ ဒါပေမယ့် ဒီလို အမှန်တရားကို ဘယ်သူမှ အသံ ကျယ်လောင်စွာ မပြောလိုကြ ပါဘူး ” လို့ ဝေဖန်ရင်း အင်စတာဂရမ် မှာလည်း…

” TV ကြည့်နေတဲ့ လူတွေ ကျွန်တော် ပြောတာကို လိုရင်းတိုရှင်း နားလည်ဖို့ လိုအပ်ပါတယ် ။ ဒါ့ကြောင့် ကျွန်တော်က အလုပ်မှာ စကားကို ဒဲ့ ပြောရတာပါ ။ ဘာကြောင့်လဲ ဆိုတာ နဲ့ ပတ်သက်လို့ အသေးစိတ် ရှင်းပြဖို့ ကျွန်တော်တို့ အချိန်တွေ မရကြဘူးလေ ” လို့ ပြန်လည် ရှင်းပြ သွားခဲ့ပါ သေးတယ် ။

အခုတော့ RB လက်ပ်ဇစ် အသင်း နဲ့ ကစားမယ့် ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ဗန်ဒီ ဘိခ်ဟာ အသင်း အတွက် အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ပြောကြားခြင်းဖြင့် အသင်းဖော်ဟောင်း အီဗရာ ရဲ့ ဝေဖန်မှုကို ပြန်လည် တုန့်ပြန် ဖြေရှင်း သွားခဲ့ ပါတယ် ။

” ဒွန်နီဟာ ဒီရာသီ အသင်းအတွက် ကြီးမားတဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် ပါဝင်သွားမယ့် ကစားသမား တစ်ယောက်ပါ ။ လက်ရှိ အချိန် လူတွေက ‘ ဒွန်နီ ဗန်ဒီ ဘိခ် ‘ ဆိုတဲ့ ခေါင်းစဉ်ကို တည်ပြီး ဝေဖန် နေတယ် ဆိုတာ ကျွန်တော် သိနေရ ပါတယ် ။ ဒါဟာ သူတို့ အတွက် ပြောလို့ ကောင်းတဲ့ ခေါင်းစဉ် တစ်ခုပဲလေ ”

” သူတို့ TV ပေါ်မှာ အချိန် သိပ်မရတာ ၊ ပြောချင်တာကို ဒဲ့တွေ အမြန် ပြောရတာလည်း ကျွန်တော် သိပါတယ် ။ ဒါပေမယ့် အသင်း ရဲ့ ပထမဆုံး ပွဲစဉ် သုံးပွဲကို မကစားတဲ့ ကစားသမား တစ်ယောက်ဟာ အသင်း ရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်နိုင်မယ် ဆိုတာကိုတော့ ခင်ဗျား သိထားဖို့ လိုအပ် ပါတယ် ”

” အကယ်လို့ ကျွန်တော့်ရဲ့ အသင်းဖော် တစ်ယောက်ယောက်က ကျွန်တော်ဟာ ယူနိုက်တက် အသင်း အတွက် အရေး မပါခဲ့ဘူးလို့ ပြောမယ် ဆိုရင် ကျွန်တော် မကျေမနပ် ဖြစ်မိမှာ အသေအချာ ပါပဲ ။ ကျွန်တော် ပွဲထွက် ကစားသမား သိပ် မဖြစ်ခဲ့ရ ပါဘူး ။ ဒွန်နီဟာ အသင်း အတွက် အရမ်း အရေးကြီးတဲ့ ကစား သမား ဖြစ်လာပါ လိမ့်မယ် ၊ စိတ်မပူပါနဲ့ ”

” အကယ်လို့ ကစားသမား တစ်ယောက်က အသင်းသစ် ၊ လိဂ် အသင်းကို ရောက်လာမယ် ဆိုရင် အံဝင်ခွင်ကျ ဖြစ်နိုင်ဖို့ အတွက် အချိန် တစ်ခုတော့ သေချာပေါက် ပေးရမှာ ပါပဲ ။ ဒွန်နီက ပွဲထွက် ကစားခွင့် တွေကို ပိုင်ဆိုင် ရတဲ့ အခါတွေမှာ ကောင်းကောင်း ကစားပြ နိုင်ခဲ့ ပါတယ် ”

” ဒါက ကျွန်တော်တို့ အသင်းမှာ အရည်အသွေး ကောင်းသူတွေ အများကြီး ရှိတယ် ဆိုတာကို ပြသခြင်း ပါပဲ ။ ကျွန်တော်တို့ အသင်းမှာ အခြား ကစားသမားကောင်း တွေလည်း အများကြီး ရှိနေတဲ့ အတွက် သူ့ကို ပွဲတိုင်း ထုတ်သုံး ဖြစ်မှာတော့ မဟုတ် ပါဘူး ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular