ဗန်ဒိုက်ကို ကာလရှည် ဆုံးရှုံးထားခဲ့တဲ့ လီဗာပူးတို့ ဒီရာသီကို ဘယ်လို ဖြတ်သန်းသွားရမလဲ ဆိုတာ အကြံပေးလိုက်တဲ့ ပေါလ်မာဆွန်

စကိုင်းစပေါ့ရဲ့ အစီအစဉ် တင်ဆက်သူ ဖြစ်တဲ့ ပေါလ်မာဆွန်က ဂျိုးဂိုးမက်ဇ် နဲ့ ဂျိုရယ်မာတစ် တို့ဟာ ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာကြောင့် ကာလရှည် အနားယူ သွားရမယ့် ဗာဂျယ်ဗန်ဒိုက်နဲ့ တူညီတဲ့ အဆင့်အတန်းမှာ ရှိနေတဲ့ ဗဟို နောက်ခံလူတွေ မဟုတ်ဘူးလို့ သတိပေး လိုက်ပြီး လီဗာပူး အနေနဲ့ ကစားပုံ ဘယ်လို အပြောင်းအလဲ လုပ်သွား သင့်သလဲ ဆိုတာ အကြံပေး လိုက်ပါတယ်။

ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ တစ်ပတ် စနေနေ့က အဲဗာတန်နဲ့ ၂ ဂိုးစီ သရေကျ ခဲ့တဲ့ မာဆေးဆိုက် ဒါဘီမှာ ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ရဲ့ ခြေစုံပစ်ဝင်ကာ ဖျက်ထုတ်မှုကြောင့် ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိ သွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးဟာ လက်ရှိ အချိန်မှာ အသင်းရဲ့ အားထားရတဲ့ နောက်ခံလူ ဖြစ်တဲ့ အပြင် ကမ္ဘာ့အကောင်းဆုံး နောက်ခံလူကို ရာသီကုန်ထိ ဆုံးရှုံး သွားရဖို့ ရှိနေတာကြောင့် ကလော့ အနေနဲ့ ဂိုးမက်ဇ် ၊ မာတစ် နဲ့ ဗဟိုခံစစ်မှာ ကစား ပေးနိုင်တဲ့ ကွင်းလယ်လူ ဖာဘင်ညို တို့ကို ရာသီကုန်ထိ အားထားရတော့မှာ ဖြစ်ပါတယ်။

myan789

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အိုင်ယက်ကို အဝေးကွင်းမှာ ၁-၀ နဲ့ အနိုင် ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဂိုးမက်ဇ် နဲ့ ဖာဘင်ညို တို့ အတွဲဟာ မာကျောတဲ့ ကစားပုံကို ပြသ နိုင်ခဲ့ပေမယ့် ယနေ့မနက်က အန်ဖီးမှာ ရှက်ဖီးကို ၂-၁ နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာတော့ ပြိုင်ဘက်ရဲ့ အမြင့်ဘော ကစားဟန်အောက်မှာ ရုန်းကန် နေခဲ့ရပြီး အခွင့်အရေးတွေ ပေးခဲ့ရကာ ရှေ့မှာလည်း ခက်ခဲတဲ့ စမ်းသပ်မှု များစွာက စောင့်ကြိုလျက် ရှိနေပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆွန်က ဗန်ဒိုက်ကို ဆုံးရှုံး လိုက်ရခြင်းဟာ ကလော့ အတွက် ကြီးမားတဲ့ ပြသနာ တစ်ခုလို့ ယုံကြည် နေပါတယ်။

မာဆွန်က “လီဗာပူး ကစားသမားတွေ အနေနဲ့ ဒီအချိန်မှာ စုစည်းမှု ရှိရှိနဲ့ ဗန်ဒိုက် မရှိတဲ့ အခြေအနေကို ဖြေရှင်းနိုင်စွမ်း ရှိတယ် ဆိုတာ ပြသသွားဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ အကယ်၍ သူတို့ ရှုံးပွဲတွေ ဆက်တိုက် ကြုံလာရမယ် ဆိုရင် လူတွေက သူတို့ကို ကစားသမား တစ်ဦး အပေါ် မှီခို နေတဲ့ အသင်းဆိုပြီး စွပ်စွဲ ကြမှာ ဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံး အသင်းတွေ ထဲက တစ်သင်း ဆက်လက် ယူဆ ခံချင်တယ် ဆိုရင် ကစားသမား တစ်ဦး မရှိလည်း ရင်ဆိုင် ဖြေရှင်း နိုင်စွမ်း ရှိတယ် ဆိုတာကို ပြသ နိုင်ရပါမယ်။

လီဗာပူး အသင်း အနေနဲ့ သူတို့ရဲ့ တိုက်စစ် ကစားဟန်ကို အနည်းငယ် ချိန်ညှိ သွားဖို့တော့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဗန်ဒိုက် နောက်တန်းမှာ ရှိနေတဲ့ အချိန်တုန်းက သူတို့ဟာ high-pressing နဲ့ ကစားလေ့ ရှိပြီး တစ်ခါတစ်ရံ နောက်တန်းမှာ two-on-two ရင်ဆိုင် ရတဲ့ အခြေအနေတွေ ဖြစ်တက် ပါတယ်။ ဗန်ဒိုက်လို ကစားသမားမျိုး ရှိနေတဲ့ အချိန်မှာ ဒါဟာ အိုကေပါတယ်။ ဒါပေမယ့် ဂိုးမက်ဇ် နဲ့ မာတစ် တို့ဟာ ဒီလို အဆင့်အတန်းမှာ ရှိနေတဲ့ ဗဟို နောက်ခံလူတွေ မဟုတ်ကြ ပါဘူး။ ဒ့ါကြောင့် နောက်တန်း အစွန်လူ တစ်ဦးဦးတော့ နောက်မှာ ကာထားပေးဖို့ လိုအပ်ပါတယ်။

ကျွန်တော်သာ ဆိုရင်တော့ ဂိုးမက်ဇ် မာတစ် တို့ ၂ ဦးထက် စာရင် ဖာဘင်ညို ကို ဦးစားပေး ဗဟို နောက်ခံလူ အဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖာဘင်ညို ကလည်း ဗန်ဒိုက်ရဲ့ အဆင့်အတန်း ကိုတော့ မှီနိုင်မှာ မဟုတ်ပါဘူး။ ယာဂန်ကလော့ အနေနဲ့ လာမည့် ဇန်နဝါရီ အပြောင်းအရွေ့ ဈေးကွက် ဖွင့်လှစ်တဲ့ အချိန်မှာ ဗဟို နောက်ခံလူ တစ်ဦး ဝယ်သူ သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီယိုပေါက်ကို ခဏ တစ်ဖြုတ် ဖာထေးဖို့ အတွက် ဈေးပေါပေါ နဲ့ ရနိုင်မယ့် ဗဟို နောက်ခံလူ တစ်ဦးကို ခေါ်ယူဖို့ ပြောတာ မဟုတ်ပါဘူး။ သူတို့ အနေနဲ့ ဗန်ဒိုက် ပြန်လာတဲ့ အခါ ဗဟို ခံစစ်မှာ အတူ တွဲဖက် ကစား နိုင်တဲ့ အရည်အသွေးမြင့် နောက်ခံလူ တစ်ဦး ခေါ်ယူ သွားရမှာ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ ယနေ့မနက်က ရှက်ဖီးယူနိုက်တက်ကို အနိုင် ရရှိ ခဲ့ပြီးနောက် ကြားရက်မှာ ချန်ပီယံလိဂ် ပွဲစဉ် အဖြစ် မစ်ဂျယ်လန်းကို အန်ဖီးမှာ လက်ခံ ကစားရမှာ ဖြစ်ပြီး လာမည့် စနေနေ့မှာလည်း ဝက်ဟမ်းကို အိမ်ကင်းမှာပဲ ကစား သွားရမှာ ဖြစ်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular