ဗစ်တာလီဘစ်ဒက်ရှ်နှင့်တွေ့ဆုံမှုမှာ ပြီးခဲ့သည့်နှစ်ကြိမ်ထက် ပိုကောင်းသည့်ပွဲဖြစ်လာမည်ဟု အောင်လအန်ဆန် ပြောကြား

မြန်မာ MMA ကစားသမား အောင်လအန်ဆန်က ရုရှားနိုင်ငံသား ဗစ်တာလီဘစ် ဒက်ရှ်နှင့် တတိယအကြိမ် ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲမှာ ပြီးခဲ့သည့်နှစ်ကြိမ်ထက် ပိုကောင်းသည့်ပွဲဖြစ်လာမည်ဟု One Championship နှင့် တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် နှစ်ကြိမ်တွေ့ဆုံ ပြီးနောက်ပိုင်း ငါးနှစ်နီးပါးအကြာမှ ပြန်လည်ထိုးသတ်ခြင်းဖြစ်သည်။

myan789

“ဘစ်ဒက်ရှ်နဲ့ လွန်ခဲ့တဲ့ ငါးနှစ်လောက်က တွေ့ဆုံခဲ့ဖူးပါတယ်။ ကျွန်တော်ရော သူရော ဒီကာလတွေမှာ ပိုကောင်းတဲ့ တိုက်ခိုက်ရေးသမားတွေဖြစ်လာအောင် လုပ်ဆောင်ထားကြလို့ အရင်နဲ့မတူတဲ့ပွဲကို မြင်တွေ့ရမှာပါ။ ပြီးခဲ့တဲ့နှစ်ကြိမ်မှာ ကျွန်တော်တို့နှစ်ဦးက တစ်ပွဲစီအနိုင်ရခဲ့ပေမဲ့ အလဲထိုးပွဲတွေတော့ မဖြစ်ခဲ့ပါဘူး။ နှစ်ပွဲမှာ ဆယ်ချီအထိ ထိုးခဲ့ရပြီး သူ့ရဲ့ကြံ့ခိုင်မှု ဘယ်လောက်ရှိလဲဆိုတာ သိပါတယ်။ သူ့အရည်အချင်း ဘယ်လောက်ရှိလဲဆိုတာလည်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့ တိုက်ခိုက်ရေးသမားဆိုတာ ဆက်လက်တိုးတက်နေတဲ့သူတွေဖြစ်တာကြောင့် အရင်ထိုးသတ်ခဲ့တဲ့နှစ်ပွဲထက် ပိုကောင်းတဲ့ ထိုးသတ်မှုတွေ မြင်တွေ့ရမယ်လို့ ပြောနိုင်ပါတယ်။ ပြောနိုင်တာတစ်ခုကတော့ ကျွန်တော် အရင်ကထက် ပိုကောင်းလာပါပြီ။ သူလည်း တိုးတက်လာပါတယ်။ အတွေ့အကြုံတွေလည်း ပိုရှိလာပါတယ်။ ပွဲတိုင်းက အရေးပါသလို အခုပွဲကလည်း အရေးပါတယ်။ ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်။ အနိုင်ရအောင် ထိုးသတ်သွားမှာပါ”ဟု ပြောကြားခဲ့သည်။

အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်သည် တတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကြိမ်တွင် တစ်ပွဲစီ အနိုင်ရထားသည်။ အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ် သည် ၂၀၁၇ ခုနှစ်တွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် နှစ်ကြိမ်ထိုးသတ်ဖူး ပြီး တတိယအကြိမ်တွေ့ဆုံရာတွင် ကမ္ဘာ့ချန်ပီယံလုပွဲမဟုတ်ဘဲ စိန်ခေါ်ပွဲ ထိုးသတ်ရမည်ဖြစ်သည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က အင်ဒိုနီးရှားနိုင်ငံ၌ ထိုးသတ်သည့်ပွဲတွင် ဘစ်ဒက်ရှ်က အမှတ်ဖြင့် အနိုင်ယူကာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်နိုင်ခဲ့သော်လည်း ခြောက်လအကြာ ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်က ဒုတိယအကြိမ် တွေ့ဆုံရာတွင် အောင်လအန်ဆန်က အမှတ်ဖြင့် ပြန်လည်အနိုင်ယူပြီး ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ပထမဆုံး ရပ်တည်နိုင်ခဲ့သည်။

အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်သည် ပြီးခဲ့သည့် နှစ်အနည်းငယ်ကတည်းက ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်ခဲ့ပြီး ယခုနှစ်မှသာ ပြန်လည်ထိုးသတ်ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular