“ဖြစ်နိုင်ရင် ၁၁ ယောက်စလုံးကို လဲပစ်ချင်ခဲ့တာပါ” – မော်ရင်ဟို

တော့တင်ဟမ် ဟော့စပါး နည်းပြကြီး မော်ရင်ဟို က သူ ဟာ စပါး အသင်းရဲ့ ယူရိုပါလိဂ် အုပ်စု ပွဲစဉ် က ခြေစွမ်း အပေါ် စိတ်ပျက် ဒေါသ ထွက်ခဲ့ရ ပြီး ဖြစ်နိုင်ရင် တစ်သင်းလုံး ကို လူစားလဲ ချင်ခဲ့တယ် လို့ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။ စပါး ဟာ ယမန်နေ့ ညက ရိုင်ရယ် အန်တွပ် အသင်း နဲ့ ယူရိုပါ လိဂ် အဝေးကွင်း ပွဲစဉ် ကို ယှဉ်ပြိုင် ကစား ခဲ့ပြီး ၁ – ၀ နဲ့ ရှုံးနိမ့် ခဲ့ပါတယ် ။

မော်ရင်ဟို ဟာ ဒီပွဲမှာ စပါး အတွက် ပွဲထွက် ခွင့် ဝေးကွာ နေသူတွေ ကို နေရာ ပေးခဲ့သလို တိုက်စစ်မှူးသစ် ဗီနီဆီယပ် နဲ့ ဂါရတ်ဘေးလ် ကိုလည်း ပွဲထုတ် ခဲ့ ပါတယ် ။ ဒါပေမယ့် စပါး ကစား သမားတွေ ဟာ အချိတ်အဆက် မမိခဲ့ ကြဘဲ ကစားပုံ ဆိုးရွား ခဲ့ကြ ပါတယ် ။

myan789

မော်ရင်ဟို ဟာ ပထမပိုင်း အပြီး မှာတင် ကစား သမား ၄ ဦး အထိ အပြောင်း အလဲ ပြုလုပ်ပြီး ဆက်လက် ယှဉ်ပြိုင် ခဲ့ပေမယ့် ရှုံးနိမ့်မှု ကို မတားဆီး နိုင်ခဲ့ ပါဘူး ။ ပွဲ အပြီးမှာတော့ ဒေါသ ထွက်နေတဲ့ နည်းပြကြီး ဟာ “အကောင်းဆုံး အသင်း က နိုင်ပြီး အညံ့ဆုံး အသင်းက ရှုံးသွား ခဲ့တာ ပါပဲ” လို့ ပြောဆိုကာ သူ့ရဲ့ ကစား သမားတွေ ကို ဝေဖန်သွား ခဲ့ ပါတယ် ။

“ဖြစ်နိုင်ရင် ပထမပိုင်း ပြီး ကတည်းက ၁၁ ယောက် စလုံးကို လဲပစ်ချင် ခဲ့ တာပါ ။ အမှန်က ၅ ယောက် အပြည့် လဲ မလို့ ပါပဲ ။ ဒါပေမယ့် လက်ကျန် ၄၅ မိနစ် မှာ ဘာဆက်ဖြစ် မလဲ ဆိုတာ မသိ နိုင်တာ ကြောင့် ၁ ယောက် ကို ချန်ထား ခဲ့ရ တာပါ”

“ဒီပွဲ အတွက် အပြစ်တင် ခံရသင့်တဲ့ သူက ကျွန်တော် ပါပဲ ။ ဘာဖြစ်လို့ လည်း ဆိုတော့ ဒီလူတွေ ကို ကျွန်တော် ရွေးခဲ့မိ လို့ပါ ။ ပထမပိုင်း ပြီးချိန် မှာ ဒါကို ပြောင်းလဲဖို့ ကြိုးစား ခဲ့ပေမယ့် မလုံလောက် ခဲ့ပါဘူး ။ ပထမပိုင်း မှာ ကတည်းက အသင်းရဲ့ စိတ်ဓါတ်တွေ က သေသွားခဲ့ ပါပြီ”

“ပထမပိုင်း မှာ ကစားရတာ ပိုချောင် ပါတယ် ၊ နေရာလွတ်တွေ လည်း အများကြီး ပေါ်ခဲ့ ပါတယ် ။ ဒုတိယပိုင်း မှာတော့ သူတို့ ( အန်တွပ် ) က ကစားပုံ ပြောင်းသွား ပါတယ် ။ ပို ကစားရ ခက်သွားပြီး ထိုးဖောက်လို့လည်း မရ တော့ ပါဘူး ။ နောက်ဆုံး မှာတော့ သူတို့ က ထိုက်တန်တဲ့ နိုင်ပွဲ ကို ရသွား ခဲ့တာပါ ။ ကျွန်တော်တို့ လည်း ကိုယ်နဲ့ ထိုက်တာ ကို ရခဲ့ပါတယ်” လို့ မော်ရင်ဟို က ပြောဆို သွားခဲ့ ပါတယ် ။

ဒါပေမယ့် မော်ရင်ဟို ဟာ အရင်တုန်းကလိုမျိုး ကစား သမား တစ်ဦးတစ်ယောက်ချင်း ကို အမည်တပ် ဝေဖန် သွားတာမျိုး မပြုလုပ် ခဲ့ဘဲ ဒီလို အသုံးမကျတဲ့ ကစား သမားတွေ ကို ရွေးမိ ခဲ့တဲ့ သူသာလျှင် အဓိက တာဝန် ရှိသူ ဖြစ်ပါတယ် လို့ ထပ်မံ ပြောဆို သွားခဲ့ ပါတယ် ။ ဘယ်လ်ဂျီယံ ကနေ အိမ်ပြန် လာကြချိန် မှာတော့ မော်ရင်ဟို ဟာ အသင်းသားတွေ ကို နောက်နေ့ မနက် ၁၁ နာရီ မှာ လေ့ကျင့်ခန်း လာဆင်းဖို့ ညွှန်ကြား ခဲ့ကြောင်း သိရှိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်း ဟာ လာမယ့် တနင်္ဂနွေနေ့ မှာတော့ ဘရိုက်တန် အသင်းနဲ့ ကစား ရမှာ ဖြစ်ပြီး ယမန်နေ့ ညက ပွဲမှာ ပွဲထွက် ပါဝင် ခဲ့တဲ့ ကစား သမား အတော် များများ ဟာ အဆိုပါ ပွဲမှာ အနားယူရဖို့ သေချာ သလောက် ရှိနေပြီ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular