ဖူလ်ဟမ် နဲ့ ပွဲမှာ အသုံးမကျခဲ့သူတွေကို တစ်ယောက်ချင်း ဒဲ့ရှင်းမယ်လို့ ပြောလိုက်တဲ့ မော်ရင်ဟို

တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ နည်းပြကြီး မော်ရင်ဟို ဟာ ယမန်နေ့ ညက ဖူလ်ဟမ် အသင်း နဲ့ သရေကျ ခဲ့တဲ့ ပွဲအတွက် အလွန် စိတ်ပျက် ခဲ့ရပြီး တစ်ဦးချင်း အမှားတွေ ရှိခဲ့တဲ့ ကစား သမားတွေ ကို တွေ့ဆုံ ပြောဆို သွားမယ် လို့ ဆိုသွားခဲ့ ပါတယ် ။ စပါး ဟာ လန်ဒန် မြို့ခံ ပြိုင်ဘက် ဖူလ်ဟမ် ကို အိမ်ကွင်း မှာ လက်ခံ ကစားပြီး ၁ ဂိုးစီ သရေ ရလဒ် နဲ့ အဆုံးသတ် ခဲ့ရ ပါတယ် ။ ဒီရလဒ် ဟာ စပါး အတွက် နစ်နာ စေခဲ့ပြီး ချန်ပီယံ မျှော်လင့်ချက် ကို ေ၀ဝါးသွား စေခဲ့ ပါတယ် ။

စပါး ဟာ တိုက်စစ်မှူး ဟယ်ရီကိန်း ရဲ့ ၂၅ မိနစ် သွင်းဂိုး နဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဒုတိယ မြောက်ဂိုး ကို ထပ်မံ မသွင်း နိုင်ခဲ့ဘဲ ဒုတိယပိုင်း မှာတော့ ဖူလ်ဟမ် က ချေပဂိုး ပြန်လည် ရရှိ သွားခဲ့ ပါတယ် ။ ဒီ ပွဲ ရလဒ်ကြောင့် စပါး ဟာ အဆင့် ၁ က မန်ချက်စတာ ယူနိုက်တက် နဲ့ ၆ မှတ် အထိ ကွာဟ သွားခဲ့ ရပြီပဲ ဖြစ် ပါတယ် ။

myan789

“အခွင့်ကောင်း ၃-၄ ကြိမ်လောက် ကို ပထမပိုင်း မှာတင် ရခဲ့ တာပါ ။ ဒါတွေကို အသုံးမချ နိုင်တာက ဒီလို မျှော်လင့် ထားတာနဲ့ မတူတဲ့ ရလဒ်ကို ဖြစ်စေ တော့တာ ပါပဲ ။ ဒုတိယပိုင်း မှာလည်း ၂ – ၀ နဲ့ ပွဲကို အဆုံးသတ် စေမယ့် အခွင့်ကောင်းကြီး တစ်ခု ကို ထပ်လွဲခဲ့ ပြန်ပါတယ်”

“ပြီးတဲ့ နောက် မှာတော့ မပေးလို့ ရနိုင်တဲ့ ချေပဂိုးကို ပေးဖြစ်အောင် ပေးလိုက် ပါတယ် ။ ဒုတိယပိုင်း မှာ သူတို့ ( ဖူလ်ဟမ် ) ကစားတာ ပိုကောင်းလာတာ မှန်ပေမယ့် ကျွန်တော်တို့ က ပွဲကို မဖြတ် နိုင်ခဲ့တာ လည်း ပါခဲ့ ပါတယ်”

“အခု အမှတ်တွေ ဆုံးခဲ့ ပါပြီ ။ ပွဲရဲ့ အဆုံးသတ် အပိုင်းမှာ ဒီလိုတွေ ဖြစ်နေတာ အကြိမ် မနည်းတော့ ပါဘူး ။ ဒီအကြောင်း နဲ့ ပတ်သက်ပြီး တစ်ဦး တစ်ယောက်ချင်း ဆွေးနွေး ရမယ့် လူတွေ ရှိနေ ပါတယ် ။ အမှားလုပ်မိ သူတွေ ၊ အရည်အသွေး နဲ့ ပတ်သက်ပြီး မေးခွန်းထုတ် ရမယ့် သူတွေ ပေါ့ ။ လောလောဆယ်တော့ ဒီထက် ပိုပြီး ပြောစရာ မရှိပါဘူး” လို့ စပါး နည်းပြကြီး မော်ရင်ဟို က ပွဲအပြီး မှာ ပြောဆို သွားခဲ့ ပါတယ် ။

စပါး အသင်းရဲ့ ကွင်းလယ်လူ ပီယာ အင်းမရစ် ဟော့ဂ်ျဘာ့ ကလည်း ရလဒ် အပေါ် စိတ်ပျက် ခဲ့မိသလို ၁ ဂိုးလောက် အသာနဲ့ ပွဲကို ဆက် ကစား နေခဲ့တာဟာ အခုလို ရလဒ် ထွက်ပေါ် လာစေ ခဲ့ခြင်းရဲ့ အဓိက အကြောင်း ဖြစ်တယ် လို့ ဆိုသွားခဲ့ ပါတယ် ။

“အရမ်း စိတ်ပျက် မိပါတယ် ။ ပွဲချိန် အတွင်းမှာ ရလဒ်ကို ပိုကောင်းအောင် လုပ်နိုင်မယ့် အခွင့်အလမ်းတွေ အများကြီး ပိုင်ဆိုင် ခဲ့တာပါ ။ ဒါပေမယ့် မလုပ် နိုင်ခဲ့ ပါဘူး ။ အသင်း တစ်သင်း ရဲ့ စုစည်းမှု အပိုင်း မှာလည်း ကျွန်တော်တို့ အားနည်း ခဲ့ ကြပါတယ်”

“ကိုယ့် ဧရိယာထဲ မှာ စုပြုံ ပိတ်ဆို့ ကစားနေချိန် မှ မဟုတ်ပါဘူး ၊ ကွင်းလယ်မှာ ရှေ့တန်းမှာ အားလုံး စုစု စည်းစည်း နဲ့ ရှိနေ ရမှာပါ ။ ကိုယ် အခွင့်အရေး ရရင် ကိုယ် ဂိုးရအောင် သွင်းမယ် ။ ဒီလို ဖြစ်နေ ရမှာပါ ။ ကျွန်တော်တို့ တိုးတက် စရာတွေ အများကြီး ရှိနေ ပါသေးတယ်”

“နောက် ၃ ရက် အကြာမှာ တစ်ပွဲ ထပ်ကစား ရဖို့ ရှိနေတာကို ကျွန်တော် ကျေနပ် ပါတယ် ။ အဲ့ဒါက ကျွန်တော်တို့ ရဲ့ စိတ်တွေ ကို ပြန်ပြီး လန်းဆန်း စေမှာပါ ။ အခုပွဲက ထက် ပိုကောင်းအောင် ကစားမယ် ၊ ပိုကောင်းတဲ့ ရလဒ်ကို ယူပြီး ပြန်တည့်မတ် ရပါမယ် ။ ရာသီကုန်ဖို့ က အဝေးကြီးပါ ။ အများကြီး မျှော်လင့် နိုင်ပါသေးတယ်” လို့ ဟော့ဂျ်ဘာ့ က ပြောဆို သွားခဲ့ ပါတယ် ။

စပါး ဟာ လာမယ့် ပိတ်ရက် မှာ ရှက်ဖီး ယူနိုက်တက် အသင်း နဲ့ ရင်ဆိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular