ဖူလ်ဟမ်နဲ့ လန်ဒန်ဒါဘီပွဲမတိုင်မီ အန်ကွန်ကူနဲ့ အခြား ချဲလ်ဆီး စတား ၄ဦးရဲ့ နောက်ဆုံးရ ဒဏ်ရာ အခြေအနေ အကြောင်း အသိပေးလာတဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ ယနေ့ည ပရီးမီးယားလိဂ်ပွဲမှာ လန်ဒန်မြို့ခံ ပြိုင်ဖက် ဖူလ်ဟမ် အသင်းကို စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံကစားဖို့ ရှိပြီး ၊ ဒီပွဲမတိုင်မီ ဒဏ်ရာက ပြန်လာနိုင်တဲ့ ကစားသမား ၃ဦး အထိ တိုးလာတာ ဖြစ်လို့ ပရိသတ်တွေ အတွက် သတင်းကောင်းလို့ ဆိုနိုင်ပါတယ် ။

လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်လည် ပါဝင်လာနိုင်တဲ့ ကစားသမား ၄ဦး အနက် ဘယ်နောက်ခံလူ ဘန်ချေဝဲလ်နဲ့ ဗဟိုခံစစ်မှူး ဘန်နွိုင်း ဘတ်ဒီယာရှီးလ်တို့ ယနေ့ ဖူလ်ဟမ်နဲ့ ပွဲအတွက် ကစားသမားစာရင်းမှာ ပါဝင်လာမယ်လို့ နည်းပြ ဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုက မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြုလာပါတယ် ။

myan789

ပိုချက်တီနို က ” ချေဝဲလ်နဲ့ ဘတ်ဒီယာရှီးလ်တို့နဲ့ ပတ်သက်ပြီး ဒဏ်ရာ သတင်းကောင်း ရှိပါတယ် ။ ကာနီ ချူကွီမက်ကာကိုတော့ မနက်ဖြန်ပွဲဆီ ခေါ်ဖို့ သင့်မသင့် ကျွန်တော်တို့ စစ်ဆေးရပါဦးမယ် ။ ဒါပေမယ့် ချီလီနဲ့ ဘန်နွိုင်းတို့တော့ မနက်ဖြန်ပွဲအတွက် ကစားသမားစာရင်းမှာ ပါလာပါလိမ့်မယ် ။ ”

” နောက်ထပ် သတင်းကောင်း တခုက ထရက်ဗာ ချာလိုဘာကလည်း အသင်းနဲ့ အတူ လေ့ကျင့်မှုတွေ စတင်နေပါပြီ ။ သူ ကျွန်တော်တို့ကို ကူညီနိုင်မလား ဆိုတာ နေ့စဉ် စစ်ဆေးမှုတွေ လုပ်ဖို့ လိုပါသေးတယ် ။ ဒါပေမယ့် သူ အခြေအနေ အတော်ကောင်းနေပြီး ၊ အသင်းနဲ့ ထရိန်နင်တွေ စတင်နေပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ပိုချက်တီနိုက ဒဏ်ရာသစ် ထပ်ရခဲ့တဲ့ ပြင်သစ်နောက်ချန်တိုက်စစ်မှူး ခရစ်တိုဖာ အန်ကွန်ကူနဲ့ ပတ်သက်ပြီးလည်း ” ဟုတ်ပါတယ် ။ ကစားသမား တယောက် ဒဏ်ရာက ပြန်လာပြီး ၊ အသင်းနဲ့ အတူ စတင် ပါဝင်နိုင်ဖို့က အရေးကြီးပါတယ် ။ ”

” အန်ကွန်ကူရဲ့ ဒဏ်ရာ အခြေအနေ အပေါ်တော့ ကျွန်တော် စိုးရိမ်မိပါတယ် ။ သူ မလေ့ကျင့်နိုင်တာက ၁၀ရက်ကြာလာပါပြီ ။ သူ့ဒဏ်ရာကို ကျွန်တော်တို့ ဆက်လက် စစ်ဆေးနေဆဲပါ ။ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး ။ ”

” သူ့အကြောင်း နည်းနည်းတော့ စိုးရိမ်မိပေမယ့် ချာလိုဘာ ၊ ချေဝဲလ် ၊ ဘတ်ဒီယာရှီးလ်နဲ့ ချူကွီမက်ကာတို့ ဒဏ်ရာက ပြန်လာနိုင်တာက သတင်းကောင်းတွေ ဖြစ်ပါတယ် ။ သူတို့ဟာ ပွဲကစားပေးနိုင်ဖို့ နီးစပ်နေပြီး ၊ အသင်းကို ကူညီပေးနိုင်ဖို့ ကြိုးစားနေကြပါတယ် ။ ”

” အန်ကွန်ကူ ဒီဒဏ်ရာအသစ် ရအပြီး ကျွန်တော့ရဲ့ သတင်းစာရှင်းလင်းပွဲကို ပြန်မှတ်မိနေပါသေးတယ် ။ သူ နောက်ဆုံး ပါဝင်တဲ့ ထရိန်နင်နဲ့ အခုအချိန်ဟာ ၈ရက်ကနေ ၁၀ရက်ကြား ရှိလာပါပြီ ။ ၆လကြာ သူပြန်လာတာကို ကျွန်တော်တို့ စောင့်ခဲ့ရပါတယ် ။ ”

” အဲဒီကနေ အခြေအနေ ဟန်မယ် ရှိသေးတယ် ၊ ပဲလေ့စ်နဲ့ ပွဲမှာ ပွဲထွက်ပြီးတဲ့နောက် သူ ဒဏ်ရာ ထပ်ရခဲ့တာမို့ အမှန်တကယ် စိတ်ပျက်ရပါတယ် ။ သူ မြန်နိုင်သမျှ အမြန်ဆုံး ပြန်ကစားနိုင်ဖို့ ကျွန်တော်တို့ အလိုရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular