ဖိုင်နယ်ရှုံးပြီးအပြီး ဆိုးလ်ရှားနဲ့ယူနိုက်တက်ကစားသမားတွေ ဘယ်လိုခံစားခဲ့ရမလဲ ၊ ဒီနွေမှာ ဘာလုပ်ဖြစ်မလဲဆိုတာ ပြောပြလိုက်တဲ့ အိုရှေး

ယူနိုက်တက် နည်းပြ ဆိုးလ်ရှားရဲ့ သူငယ်ချင်းဟောင်း တစ်ဦးဖြစ်သူ ဂျွန် အိုရှေးက ယူရို ပါလိဂ် ဖိုင်နယ် ရှုံးပွဲ အပြီးမှာ ဆိုးလ်ရှား နဲ့ သူ့ရဲ့ ကစားသမားတွေဟာ မိမိတို့ ကိုယ်တိုင် အပေါ် မေးခွန်းတွေ ကိုယ်စီ ထုတ်နေကြလိမ့်မယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟ သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဗီလာ ရီးယဲ နဲ့ ကစားခဲ့တဲ့ ယူရို ပါလိဂ် ဖိုင်နယ်မှာ ဖလားကို ဆွတ်ခူးဖို့ ရေပန်းစားတဲ့ အသင်း ဖြစ်ခဲ့ပေမယ့် လက်တွေ့မှာတော့ 120 မိနစ်အထိ သရေပဲ ကစားနိုင်ခဲ့သလို ပင်နယ်တီကိုလည်း ၁၁ လုံးအထိ ကန်ပြီး ရှုံးနိမ့်ခဲ့ရ ပါတယ် ။

myan789

အဆိုပါ ရှုံးပွဲကြောင့် ယူနိုက်တက် တို့ဟာ ဒုတိယအဖြစ်နဲ့သာ ကျေနပ်ခဲ့လိုက်ရပြီး လေးရာသီဆက်တိုက် ဖလား လက်မဲ့ ဖြစ်ခဲ့ကြသလို နည်းပြ ဆိုးလ်ရှားလည်း ဝေဖန်မှုတွေအောက် ကျရောက် သွားခဲ့ရ ပါတယ် ။ အထူးသဖြင့် ပင်နယ်တီဖမ်းချိန် ဂိုးသမား အပြောင်းအလဲ မလုပ်ခဲ့တဲ့ အပေါ် ပရိသတ်တွေ စိတ်ပျက်ခဲ့ကြ ပါတယ် ။

အခုတော့ ဆိုးလ်ရှားရဲ့ သူငယ်ချင်းဟောင်း ဖြစ်ခဲ့သူ ဂျွန်အိုရှေး က လက်ရှိ နည်းပြဟာ ထိုရလဒ် အပေါ် အတော်လေး ခံစားနေမှာ ဖြစ်ကြောင်း ၊ မိမိအပေါ် မေးခွန်းတွေ ထုတ်နေမှာ ဖြစ်ကြောင်း ၊ နွေမှာ တိုက်စစ် ကစားသမား ခေါ်ယူဖို့ လုပ်ဆောင်နိုင်ကြောင်း ပြောပြသွားခဲ့လိုက်ပါတယ် ။

” ဆိုးလ်ရှားဟာ သူ့ကိုယ်သူ မေးခွန်းထုတ်နေပါလိမ့်မယ် ။ အသင်းရဲ့ ကစားသမားတိုင်းကလည်း ပိုင်ဆိုင်ထားတဲ့ ပါရမီ ကောင်းတဲ့ တိုက်စစ်ပိုင်း အပေါ် စိတ်ပျက် နေကြလိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ် ။ အိုလီက ပြသနာ ရှိမှာ မဟုတ်လောက်ဘူး ဆိုတဲ့ အတွေးနဲ့ ဒီလူစာရင်းကို ရွေးချယ်ခဲ့တာပါ ”

” ဒီလို ပါရမီ ကောင်းတဲ့ တိုက်စစ် ကစားသမားတွေနဲ့ ဆိုရင် သေချာပေါက် နိုင်လိမ့်မယ် ဆိုတဲ့ အတွေးနဲ့ ကစားခဲ့ ကြတာပါ ။ အခု နွေ အပြောင်းအရွှေ့မှာတော့ သူတို့တွေဟာ ဒီနေရာကို အင်အား ဖြည့်တင်းဖို့ လုပ်ဆောင်သွားကြပါလိမ့်မယ် ။ ဒီနေရာက တိုးတက်ဖို့ လိုနေပါပြီ ”

” ပရီးမီးယားလိဂ်မှာ အဝေးကွင်း ရှုံးပွဲ လုံးဝ မရှိခဲ့တဲ့ မှတ်တမ်း တစ်ခုလောက်နဲ့ ဘာမှ လုပ်လို့ မရနိုင်ဘူးဆိုတာ သူတို့ကို ပြောခဲ့သူတွေ ရှိခဲ့ကြ ပါတယ် ။ သူတို့တွေ ဒီထက်ပိုပြီး လုပ်ပြနိုင်ရ ပါ့မယ် ။ ဒါက စိတ်ပျက်ဖွယ် ရလဒ် တစ်ခုပါ ။ သူတို့ အမှန်တရားကို ရင်ဆိုင် နိုင်ရပါ့မယ် ” လို့ အိုရှေး က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

လက်ရှိ အချိန်မှာတော့ ယူနိုက်တက်တို့က နွေစျေးကွက်ထဲ ကစားသမားသစ် ခေါ်ယူဖို့ မျှော်လင့် နေကြပြီး ဟယ်ရီ မက်ဂွားယားနဲ့ တွဲဖက်ဖို့ ဗဟို ခံစစ် ကစားသမား တဦး ၊ တိုက်စစ် ကစားသမား ၊ ကွင်းလယ် ခံစစ် ကစားသမား တွေကို ပစ်မှတ်ထားနေကြတယ်လို့ သိရပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular