ဖရက်ဒ် အနီကဒ် ထိခဲ့တာနဲ့ ပတ်သက်လို့ ကွင်းလယ်ဒိုင် မှားခဲ့တယ်လို့ စောဒက တက်လိုက်ကြတဲ့ ဆိုးလ်ရှားနဲ့ မက်ဂွားယား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ PSG အသင်း နဲ့ ချန်ပီယံလိဂ် အုပ်စု 5 ပွဲစဉ် ကစား ခဲ့ပြီး 1 – 3 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့ရ ပါတယ် ။ အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက်တို့ 16 သင်း ရှုံးထွက် အဆင့် တက်ဖို့ နောက်ဆုံး ပွဲစဉ်အထိ ကြိုးစားရပါတော့မယ် ။

အဆိုပါ ပွဲစဉ်မှာ PSG အသင်း အတွက် အဖွင့်ဂိုးကို တိုက်စစ် ကစားသမား ဖြစ်သူ နေမာက ပွဲချိန် 6 မိနစ်မှာ သွင်းယူပေးခဲ့ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် တိုက်စစ် ကစားသမား ဖြစ်တဲ့ ရပ်ရှ်ဖို့ က ခြေပဂိုး ပြန်လည် သွင်းယူ ခဲ့တဲ့ အတွက် ပွဲစဉ်က ဆက်လက် စိတ်ဝင်စားဖွယ် ကောင်းခဲ့ရ ပါတယ် ။

myan789

အခြား တစ်ဖက် မှာတော့ ယူနိုက်တက် ကွင်းလယ်လူ ဖရက်ဒ် က ပွဲချိန် 23 မိနစ်မှာ ပြိုင်ဖက် ကွင်းလယ်လူ ပါရီဒက်စ် ကို ခေါင်းနဲ့ တိုက်ခဲ့တဲ့ အတွက် VAR နဲ့ စစ်ဆေး ခဲ့ပြီးနောက် အဝါကဒ်ပြား ပြသခံခဲ့ရ ပါတယ် ။ အဆိုပါ အဖြစ်အပျက် အတွက် ဖရက်ဒ်ဟာ တိုက်ရိုက်အနီကဒ်တောင် ပြသခံခဲ့သင့်ပေမယ့် ကံကောင်းခဲ့ ပါတယ် ။

အဲ့ဒီနောက် သူဟာ လက်ကျန် ပွဲကစားချိန် မိနစ်တွေမှာ ပိုပြီး သတိထား ကစားဖို့ လိုအပ်ခဲ့ ပါတယ် ။ ဒါပေမယ့် ပွဲချိန် 70 မိနစ် မှာတော့ သူဟာ နောက်တစ်ကြိမ် ( ဟာရဲရားကို ) ပြစ်ဒဏ် ကျူးလွန် ခဲ့တဲ့ အတွက် နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ် ခံလိုက်ရ ပါတယ် ။

အဆုံးသတ် မှာတော့ ယူနိုက်တက်တို့ 1 – 3 နဲ့ အိမ်ကွင်း ရှုံးပွဲ ကြုံတွေ့ သွားခဲ့ကြ ပါတယ် ။ ဒါပေမယ့် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ယူနိုက်ဆက် နည်းပြ ဆိုးလ်ရှား ကတော့ ဗီလိန် ဖြစ်ခဲ့တဲ့ ကွင်းလယ်လူကို အပြစ်တင် ဝေဖန်ဖို့ ငြင်းဆန် သွားခဲ့လိုက် ပါတယ် ။

” ဖရက်ဒ်ဟာ ဒုတိယပိုင်းမှာ စည်းကမ်းရှိစွာ ကစားပြ သွားခဲ့ ပါတယ် ။ သူဟာ အခုလို ဘောလုံး လုယူမှု လုပ်ဆောင် လိုက်တဲ့ အချိန် မှာတော့ သူ့လုပ်ရက်ကို မှားတယ်လို့ ပြောလို့ မရနိုင် ပါဘူး ။ ကျွန်တော်တို့ သူ့ကို သတိထားပြီး ကစားဖို့ မှာကြားခဲ့ သလို သူဟာလည်း သတိရှိရှိ ကစားခဲ့ ပါတယ် ”

” ဒါပေမယ့် သူ ဘောလုံး လုယူခဲ့တာက ပြစ်ဒဏ်ဘော ၊ အဝါကဒ် မဖြစ်ခဲ့သင့် ပါဘူး ။ ဒါက ကွင်းလယ်ဒိုင် ဖက်မှ အမှား ကျူးလွန်ခြင်း ပါပဲ ။ ပွဲစဉ်မှာ လူတွေ အမှား ကျူးလွန်တာက ဖြစ်လေ့ ရှိတတ်တဲ့ အရာ တစ်ခုပါ ။ ဒီအတွက် ကျွန်တော်ဟာ စောဒက တက်သွားဖို့တော့ မရှိပါဘူး ”

” ဒီနေရာမှာ ဖရက်ဒ်ဟာ ကံဆိုးခဲ့ ပါတယ် ။ ဒါပေမယ့် ပထမပိုင်း ကတည်းက အထုတ် မခံခဲ့ ရတဲ့ အတွက် ကံကောင်း ခဲ့တယ်လို့လည်း ပြောလို့ ရနိုင် ပါတယ် ။ ဖရက်ဒ် က အခြားသူ တစ်ဦး တစ်ယောက်ကို ခေါင်းနဲ့ မတိုက်သင့်ဘူး ဆိုတာ ကောင်းကောင်း သိတဲ့ ကစားသမား တစ်ယောက်ပါ ” လို့ ဆိုးလ်ရှား က ကာကွယ် လိုက်ပြီး ဟယ်ရီ မက်ဂွားယား ကတော့ …

” ကျွန်တော် အဲ့ဒီ အဖြစ်အပျက် ကို ပြန်မကြည့် ဖြစ်ခဲ့ ပါဘူး ။ ကွင်းလယ်ဒိုင် က အဝါကဒ် ပြခဲ့တာ ထူးဆန်းလှ ပါတယ် ။ အမှန်ဆိုရင် ဒါက အနီကဒ် ပေးရင်ပေး ၊ မဟုတ်ရင် ဘာမှ မပေးရမယ့် အဖြစ်အပျက် တစ်ခု ပါပဲ ။ ကျွန်တော် ဒါကို ရဲရဲကြီး ပြောနိုင် ပါတယ် ”

” သေချာတာ တစ်ခုကတော့ ဒုတိယပိုင်းမှာ ဘောလုံး လုယူခဲ့တာက ဘယ်လိုမှ အဝါကဒ် ပြစရာ မဟုတ်ခဲ့ ပါဘူး ။ သူက ဘောလုံး ဦးယူ ခဲ့တယ်လေ ။ ကျွန်တော်က အဲ့ဒီ နေရာနဲ့ 2 ကိုက် အကွာမှာပဲ ရှိနေခဲ့တဲ့ အတွက် ဒါကို ရှင်းရှင်းကြီး မြင်တွေ့ခဲ့ ပါတယ် ။ စည်းကြပ်ဒိုင် က 5 ကိုက် အကွာလောက်မှာ ရှိခဲ့ပြီး ကွင်းလယ်ဒိုင် ကလည်း အနီးနားမှာ ရှိနေခဲ့ ပါတယ် ”

” သူ ဘောလုံး ဦးယူ နိုင်ခဲ့တာ အားလုံး တွေ့ခဲ့ကြရ ပါတယ် ။ ဒါပေမယ့် ဥရောပ မှာတော့ လျှောထိုးလိုက်တာနဲ့ အပြစ်ဒဏ် ခတ်ခံရတာ များပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ကို ကျွန်တော်တို့ မြှင့်တင်လို့ ရပါသေးတယ် ။ နောက်တစ်ဆင့် တက်နိုင်ဖို့ ဆိုတာက ကျွန်တော်တို့ လက်ထဲမှာ ရှိနေပါသေးတယ် ” လို့ မက်ဂွားယား က ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular