ပွဲပြီးခါနီး ဘင်ချီဝဲလ်ကြောင့် ရရှိသော ချေပဂိုးအား VAR ကပယ်ချခဲ့ခြင်းအတွက် ချယ်လ်ဆီးပရိသတ်များ ဒေါသတကြီးဝေဖန်

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော FA ဖလားဗိုလ်လု ပွဲတွင် ချယ်လ်ဆီးအသင်းရရှိခဲ့သော နောက်ဆုံးမိနစ်ချေပ ဂိုးအား VAR က ပြန်လည်ပယ်ဖျက်ခဲ့ခြင်းအတွက် ချယ်လ် ဆီးအသင်းပရိသတ်များသည် ဒေါသထွက်ခဲ့ကြပြီး လူမှုကွန် ရက်စာမျက်နှာများတွင် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြ ကြောင်း သိရှိရသည်။ ယင်းဗိုလ်လုပွဲတွင် ပွဲချိန်(၆၃) မိနစ်၌ လက်စတာအသင်း၏ ဘယ်လ်ဂျီယံကွင်းလယ်လူ တီလေမန်းစ်က အဖွင့်ဂိုးသွင်းယူခဲ့ပြီး လက်စတာအသင်းက (၁-၀) ဂိုးဖြင့် ဦးဆောင်ခဲ့သည်။

ပွဲချိန် (၈၉)မိနစ်တွင် ချယ်လ်ဆီးအသင်းဘယ်တောင် ပံမှ နောက်ခံလူ ဘင်ချီဝဲလ်ထိုးဖောက်လာသော ဘောလုံးမှာ လက်စတာဂိုးရှေ့တွင် လက်စတာနောက်ခံလူ ဆိုယွန်ဂျူဖျက် ထုတ်ရာမှ (လဲကျနေသော) ဘင်ချီဝဲလ်နှင့်ထိပြီး ဂိုးထဲသို့ဝင် သွားခဲ့သည်။ ယင်းဂိုးသာရရှိခဲ့ပါက ပွဲချိန်မိနစ်(၉၀)ပြည့်တွင် (၁-၁)ဂိုးဖြင့် သရေကျပြီး အချိန်ပိုဆက်ကစားရမည့် အခြေ အနေရှိသော်လည်း VAR က လူကျွံဘောအဖြစ် သတ်မှတ် ကာ ယင်းဂိုးအားပယ်ချခဲ့သည်။ ကွင်းလယ်မှပေးပို့သော ဘောလုံးကို ဘင်ချီဝဲလ်မရယူမီ သူ၏လက်အနည်းငယ် လူ ကျွံသည်ဟုဆိုကာ VAR က ယင်းဂိုးအား ပယ်ချခဲ့ခြင်းဖြစ် သည်။ သို့ဖြစ်ရာ ယင်းဂိုးကိုပယ်ချခဲ့ခြင်းအတွက် ချယ်လ် ဆီးပရိသတ်များမှာ အလွန်ဒေါသထွက်ကာ လူမှုကွန်ရက် စာမျက်နှာများတွင် VAR အား ပြစ်တင်ဝေဖန်ခဲ့ကြသည်။

myan789

ယင်းဂိုးဝင်ပြီးနောက် ချယ်လ်ဆီးကစားသမားများမှာ ကွင်းအတွင်း အောင်ပွဲခံခဲ့ကြပြီး ပရိသတ်များအနေဖြင့်လည်း ချယ်လ်ဆီးအသင်း ချေပဂိုးရရှိသည်ဟု ယူဆခဲ့ပြီးမှ VAR က လူကျွံဘောဖြစ်ခဲ့ကြောင်း ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ် အိုလီဗာထံအကြောင်းကြားကာ ယင်းအဖိုးတန်ချေပဂိုးအား ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးပရိသတ်တစ်ဦးက Twitter ၌ ”ချီဝဲလ်ရဲ့ လက်ကလူကျွံတယ်လို့ သူတို့က သတ် မှတ်ပါတယ်။ ဒီလက်က ဂိုးသွင်းဖို့အတွက် အသုံးဝင်လို့လား” ဟု ရေးသားခဲ့ပြီး၊ အခြားတစ်ဦးကလည်း ”ဒါဟာ လူကျွံဘော လုံးဝမဟုတ်ဘဲ Onside ပါ။ သူဟာ လက်စတာနောက်ခံလူ တွေနဲ့ တစ်တန်းတည်းရှိခဲ့ပြီး ဘောလုံးနဲ့အတူ ပြေးလွှား ဂိုး သွင်းဖို့ကြိုးစားခဲ့တာပါ။ သူ့ရဲ့ ရွေ့လျားမှုကြောင့် ခန္ဓာကိုယ် က ရှေ့ကို အနည်းငယ်တိမ်းစောင်းနေတာပဲရှိပါတယ်။ VAR က မှားယွင်းစွာဆုံးဖြတ်ခဲ့တာပါ” ဟု ရေးသားခဲ့သည်။

ထို့အတူ အခြားသော ချယ်လ်ဆီးပရိသတ်များကလည်း ၎င်းင်းတို့၏အမြင်များကို အသီးသီးရေးသားခဲ့ကြပြီး လူကျွံဘော အဖြစ် သတ်မှတ်ခဲ့ခြင်းကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ယင်းပွဲ တွင် လက်စတာအသင်းရရှိခဲ့သည့် ဂိုးမတိုင်မီ လက်စတာ ကစားသမား အယိုဇေပီရက်ဇ်မှာ လက်ထိဘောဖြစ်ခဲ့ကြောင်း လည်း စွပ်စွဲမှုများရှိခဲ့သည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ချယ်လ်ဆီးနည်းပြ တူဟယ်လ်က ”ကျွန်တော်ကတော့ ဒါကို သေချာမမြင်လိုက်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့လက်ထောက် ကတော့ ထိုင်ခုံပေါ်မှာ ရုပ်သံကနေ ဒါကိုတွေ့မြင်ခဲ့တယ်လို့ ပြောပါတယ်။ အာဆင်နယ်နဲ့ပွဲအပါအဝင် ကျွန်တော်တို့ လက် ထိဘော(၂)ကြိမ်မြောက်ကြုံတွေ့တာပါ။ ဒါပေမဲ့ ဒီဖြစ်ရပ် တွေမှာ VAR က ပါဝင်ခြင်းမရှိပါဘူး” ဟု ပြောကြားခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular