ပွဲကစားခွင့် နည်းပါးနေတဲ့ ဗန်ဒီ ဘိခ် အပေါ် မှတ်ချက်ပေးရင်း သတိပေး စကားပါ ပြောသွားလိုက်တဲ့ နယ်သာလန် နည်းပြ ဒီဘိုးဝါး

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ တုန်းက အေဂျက်ဇ် အသင်းမှ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီ ဘိခ်ကို ပေါင် သန်း 40 နဲ့ ခေါ်ယူ ခဲ့ပြီး ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်း သွားခဲ့ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ခံစစ် နေရာမှာ မာတစ် ၊ ဖရက်ဒ် နဲ့ တော်မီနေး တို့ ရှိနေ ကြပြီး ကွင်းလယ် တိုက်စစ် နေရာ အတွက် ဘရူနို ဖာနန်ဒက်စ် နဲ့ ပေါ့ဂ်ဘာ တို့ ရှိနေ ကြတဲ့ အတွက် နယ်သာလန် လက်ရွေးစင်ဟာ ပွဲ ကစားချိန် မိနစ် တွေကို ပိုင်ဆိုင် နိုင်ဖို့ ရုန်းကန် နေခဲ့ရ ပါတယ် ။

myan789

သူဟာ လက်ရှိ အချိန် အထိ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲထွက် ကစားခွင့် မပိုင်ဆိုင် နိုင်ခဲ့သေးပဲ အရံလူ အဖြစ် နဲ့သာ လူစားဝင် ကစားခွင့် ပိုင်ဆိုင် ထားနိုင်ခဲ့ပါတယ် ။ အခြား တစ်ဖက် မှာတော့ သူဟာ ကာရာဘောင် ပွဲစဉ် 2 ပွဲ ၊ လက်ပ်ဇစ် နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာသာ ပွဲထွက်ခွင့် ရရှိခဲ့ ပါတယ် ။

အခုတော့ သူဟာ နိုင်ငံတကာ ပွဲစဉ် တွေကို ကစား ရဖို့ အတွက် နယ်သာလန် လက်ရွေးစင် အသင်း နဲ့ ပူးပေါင်းခွင့် ရရှိ နေခဲ့ပါ သေးတယ် ။ ဒါပေမယ့် နည်းပြ ဖရန့်ခ် ဒီဘိုးဝါး ကတော့ ဒွန်နီဟာ ဒီထက် ပိုသာတဲ့ အခွင့်အရေး တွေကို မျှော်လင့်နေသူ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဟုတ်ပါတယ် ၊ ကျွန်တော် ကတော့ သူ့ကို တက်နိုင်သလောက် ယုံကြည်မှု တွေကို တည်ဆောက် နိုင်ဖို့ အခွင့်အရေး ပေးနေခဲ့ ပါတယ် ။ အီတလီ နဲ့ ပွဲစဉ် မှာတောင် ကျွန်တော် သူ့ကို ပွဲ ကစားခွင့် ပေးခဲ့ပါသေးတယ် ။ သူဟာ အဲ့ဒီပွဲမှာ အတော်လေး ကောင်းအောင် ကစားပြ နိုင်ခဲ့ ပါတယ် ”

” သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာလည်း အလုပ်တွေ ကြိုးစား နေခဲ့ ပါတယ် ။ ဒါပေမယ့် အဲ့ဒီမှာ တောင့်တင်းတဲ့ ကွင်းလယ် အင်အားစု ရှိနေ ပါတယ် ။ ဒါက ခက်ခဲလှ ပါတယ် ။ ဒါပေမယ့် ဒွန်နီ ကတော့ အခုထိ လုံလောက်တဲ့ ပွဲကစားခွင့် မိနစ် တွေကို ပိုင်ဆိုင် ထားနိုင်ခဲ့ ပါတယ် ”

” ဟုတ်ပါတယ် ၊ သူဟာ ဒီထက် ပိုပြီး အခွင့်အရေး ရယူလိုစိတ် ရှိသူ တစ်ဦးပါ ။ ဒါပေမယ့် ခင်ဗျား အနေ နဲ့ ခြားနားတဲ့ ပြိုင်ပွဲတွေ မှာလည်း အံဝင် နိုင်ဖို့လည်း ကြိုးစား အားထုတ် ရပါ ဦးမယ် ။ သူဟာ အဲ့ဒီ အတွေ့အကြုံ ကိုလည်း ကိုယ်တွေ့ ရင်ဆိုင် ခံစားရဦးမှာပါ ”

” သူဟာ ရှေ့ဆက်ပြီး ယူနိုက်တက် အသင်းမှာ ပွဲကစားချိန် မိနစ် တွေကို ပိုင်ဆိုင် နိုင်ပါစေ လို့တော့ ကျွန်တော်တို့ မျှော်လင့် နေကြ ပါတယ် ။ ဘယ်လို ကိစ္စမျိုးပဲ ဖြစ်နေ ပါစေ ၊ အကယ်လို့ ကစားသမား တွေဟာ အရံသင့် ရှိနေကြမယ် ဆိုရင် ကျွန်တော် တို့လည်း ချက်ချင်း သုံးလို့ ရနိုင်မှာပါ ” လို့ ဒီဘိုးဝါး က ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဒီဘိုးဝါးဟာ ဗန်ဒီ ဘိခ်ကို နောက်ထပ် ပွဲကစားချိန် မိနစ်တွေ ပိုင်ဆိုင် နိုင်ဖို့ မျှော်လင့် နေပေမယ့် အသင်း ရဲ့ ကစားသမား တွေဟာ သက်ဆိုင်ရာ အသင်းမှာ ပွဲထွက် ကစားခွင့် နည်းပါး နေမယ် ၊ အခွင့်အရေး တွေကို အရ မယူနိုင်ဘူး ဆိုရင်တော့ သူဟာ ယူရို ပြိုင်ပွဲ ကစားသမား စာရင်းမှ ချန်လှပ်ဖို့ စဉ်းစားရ လိမ့်မယ် ဆိုတဲ့ အကြောင်း ဆက်လက် သတိပေး သွားခဲ့လိုက် ပါတယ် ။

” အကယ်လို့ ယူရို ပြိုင်ပွဲ မတိုင်မီ ခင်ဗျားဟာ လေးလလောက် ပုံမှန် ပွဲကစားခွင့် တွေကို ပျောက်ဆုံး နေမယ် ဆိုရင် အဲ့တာက ခင်ဗျား အတွက် ပြသနာ တစ်ခု ဖြစ်သွား စေပါ လိမ့်မယ် ။ အဲ့ဒီလို ဆိုရင် ကျွန်တော့် ဖက်က yes ပြောဖို့ ခက်ခဲ သွားပါ လိမ့်မယ် ” လို့ ဒီဘိုးဝါး က သတိပေး စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular