” ပေါ့ဂ်ဘာ အနေနဲ့ ရှက်သင့်တယ် ၊ ကျွန်တော်သာဆို ငွေရှာလိုက်မှာပါ ” လို့ ပြောဆို ဝေဖန်လိုက်တဲ့ လီဗာပူး ဂန္တဝင် ဂျေမီ ကာရေဂါ

လီဗာပူး အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ ဂျေမီ ကာရေဂါ က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ အနေနဲ့ ဆိုးလ်ရှား ရဲ့ လက်အောက်မှာ တည်ငြိမ်တဲ့ ပုံစံကောင်း တွေကို မပြသ နိုင်ခဲ့ပါက အရှက်ရ သင့်ကြောင်း ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဒါ့အပြင် ကာရေဂါ က ယူနိုက်တက် နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား ဖက်မှ ထောက်ခံ အားပေး စကားကို ဆိုလိုက်ရင်း သူသာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဦးစီးခဲ့ရမယ် ဆိုရင် လာမယ့် ဇန်နဝါရီမှာ ပြင်သစ် လက်ရွေးစင်ကို ရောင်းထုတ် လိုက်မှာ ဖြစ်ကြောင်း ဆက်လက် ပြောကြား သွားခဲ့လိုက် ပါတယ် ။

myan789

ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ နွေတုန်းက ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတဲ့နောက် ရာသီသစ်မှာ ပုံစံကောင်း တွေကို ပြသ နိုင်ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။ အဆိုပါ အချိန် တုန်းက နားလည်မှု ပေးလို့ ရနိုင်ပေမယ့် အခုအချိန် အထိလည်း ပုံစံကောင်း မပြသ နိုင်တာက ဝေဖန်စရာ ဖြစ်လာခဲ့ရ ပါတယ် ။

အခုတော့ သူဟာ ယူနိုက်တက် အသင်းမှာ ပုံမှန် ပွဲထွက် ကစားခွင့် တွေပါ ပျောက်ဆုံး နေခဲ့ရ ပါတယ် ။ အထူးသဖြင့် ဆိုးလ်ရှား ရဲ့ အနာဂတ် အတွက် အရေးပါတဲ့ အဲဗာတန် အသင်း နဲ့ ပွဲစဉ် တုန်းက ပေါ့ဂ်ဘာဟာ ပွဲထွက် ကစားသမား အဖြစ် မပါဝင် ခဲ့တာ ကလည်း သူ့အပေါ် အယုံအကြည် မရှိတဲ့ ပုံစံ ပြသခဲ့ သလို ဖြစ်သွား ခဲ့ရ ပါတယ် ။

အခြား တစ်ဖက်မှာတော့ သူဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း ယူနိုက်တက် အတွက် 11 ပွဲ ပါဝင် ကစားပေး ခဲ့ပြီး 527 မိနစ်သာ ကစားပေးခွင့် ပိုင်ဆိုင် ထားနိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် ယူနိုက်တက်တို့ တော့တင်ဟမ်ကို 6 – 1 နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် တစ်ပွဲထဲ မှာသာ သူဟာ ပွဲချိန်ပြည့် ကစားခွင့် ရရှိခဲ့ ပါတယ် ။

ဒါဟာ ပြင်သစ် လက်ရွေးစင် အသင်း နဲ့ အတူ ကမ္ဘာ့ ဖလား ရယူ ဆွတ်ခူးရေး မှာ အရေးပါ ခဲ့တဲ့ ကစားသမား တစ်ဦးဆီက တွေ့မြင် နေခဲ့ ရတဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည် ဖြစ်နေခဲ့ သလို ကစားသမား ကလည်း အသင်းပြောင်းလိုကြောင်း ပြောခဲ့ဖူးတဲ့ အတွက် ကာရေဂါ က အခုလို ဝေဖန် ထိုးနှက်သွား ပါတယ် ။

” ပေါ့ဂ်ဘာဟာ ယူနိုက်တက်မှာ ရှိနေတာ 4 နှစ် ကျော်ခဲ့ပါပြီ ။ ဒါပေမယ့် သူဟာ ဘယ် နေရာမှာ အကောင်းဆုံး ကစားပေးနိုင် သလဲ ဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ ပြောဆို နေကြရဆဲ ပါပဲ ။ ဒါက သူဟာ ဘယ် နေရာမှာ မှ အကောင်းဆုံး ကစား ပေးနိုင် ခဲ့ခြင်း မရှိခဲ့ဘူး လို့ ပြသ နေသလို ပါပဲ ”

” ယူနိုက်တက် အသင်းမှာ ခြားနားတဲ့ နည်းပြတွေအောက် နည်းစနစ် အစုံမှာ ကစားခဲ့ရ ပေမယ့် သူ ဘယ်နေရာ အကောင်းဆုံး ကစားနိုင်သလဲ ဆိုတာ အခုထိ မသိရှိရသေး ပါဘူး ။ အကယ်လို့ တစုံတယောက် က ‘ ဒီကောင် နည်းပြ တစ်ယောက် ဆီမှာပဲ အစွမ်းပြ နိုင်တယ် ‘ လို့ ကျွန်တော့်ဆီ လာပြောရင် ကျွန်တော် ရှက်ရွံ့မိမှာ ပါပဲ ”

” ခြားနားတဲ့ ကစားသမား တွေရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်ကို ရယူနိုင်မယ် ဆိုရင် နည်းပြ တွေဟာ ဂုဏ်ထူးမှတ် နဲ့ ထိုက်တန်တယ် လို့ ပြောဆိုခံကြရ ပါတယ် ။ ဒါပေမယ့် ကျွန်တော်က နည်းပြ တစ်ဦးဆီမှာပဲ အစွမ်းပြနိုင်မယ်လို့ တွက်ထား လိုက်ပြီ ဆိုရင်တော့ ကျွန်တော် ကျရံှုးရ ပါပြီ ”

” ဘာဖြစ်လို့လဲ ဆိုတော့ အသင်းကို ဘယ်သူ နည်းပြ နေပါစေ ၊ အကောင်းဆုံး စွမ်းဆောင်ရည် တွေကို ပြသ နိုင်ဖို့ ဆိုတာက ကျွန်တော့် အပေါ်မှာပဲ မူတည် နေလို့ ပါပဲ ။ ပြီးတော့ ကျွန်တော် ကောင်းကောင်း မကစား နိုင်ဘူး ဆိုရင် ဒါက ကျွန်တော် နဲ့ပဲ သက်ဆိုင် ပါတယ် ။ ဒီအတွက် နည်းပြကို အပြစ်တင်သွားမှာ မဟုတ် ပါဘူး ”

” ပေါ့ဂ်ဘာ ရဲ့ ပရိသတ် တွေက ဟိုဆေး ( မော်ရင်ဟို ) ဟာ ခံစစ် အရမ်း အသားပေးတဲ့ နည်းပြ ၊ အိုလီ ( ဆိုးလ်ရှား ) ကတော့ တစ်ကယ့် ထိပ်တန်း နည်းပြ မဟုတ်ဘူး ဆိုတဲ့ ဆင်ခြေ တွေကို ပေးဆောင် နေခဲ့ကြ ပါတယ် ။ ဒါပေမယ့် ကျွန်တော်သာ ဆိုရင် ကိုယ့် အစွမ်းကိုပဲ ကြည့်ရှု နေမှာပါ ။ သူဟာ ယူနိုက်တက် အတွက် ပွဲတွေ လုံလောက်စွာ ကစားခဲ့ပြီး ပါပြီ ”

” ယူနိုက်တက် တို့ဟာ သူ့ကို ပွဲထွက် ကစားစေဖို့ အတွက် အသင်းရဲ့ ကစားကွက်နဲ့ သူ့ ကစားဖို့ နေရာ တွေကို မကြာခန ဆိုသလို ပြောင်းလဲ ပေးခဲ့ပြီးကြ ပါပြီ ။ ဒါ့ကြောင့်လည်း အိုလီ က ‘ 4 – 2 – 3 – 1 ကို ကစားမယ် ၊ ဘရူနို ကို ကွင်းလယ် ဖန်တီးရှင် နေရာမှာ ထားမယ် ‘ လို့ ပြောတာ တွေက မှန်ကန်တယ်လို့ ကျွန်တော် တွေးနေ ပါပြီ ”

” အခုတော့ ပေါ့ဂ်ဘာနဲ့ ဘရူနိုတို့ အတူ တွဲဖက် ကစားနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်လည်း တွေးနေ ပါပြီ ။ ဖာနန်ဒက်စ်က ဘာတွေ လုပ်နိုင်သလဲ ဆိုတာကို ကျွန်တော်တို့ တွေ့မြင်ပြီးကြ ပါပြီ ။ ဒါ့ကြောင့် ကျွန်တော်သာ ဆိုရင် ပေါ့ဂ်ဘာ ကို ရောင်းထုတ်ပြီး ငွေပဲ ရှာလိုက်မှာပါ ” လို့ ဂျေမီ ကာရေဂါ က ဝေဖန် သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular