ပူလီဆစ် ဟာ အမေရိကန်သား ဖြစ်လို့ ချဲလ်ဆီး မှာ အရေးပေးမခံရဘူး ဆိုတဲ့ ဂျက်စီမာ့ရှ် ရဲ့ မှတ်ချက် ကို ပြင်းပြင်းထန်ထန် တုန့်ပြန်လာတဲ့

အမေရိကန် တောင်ပံ တိုက်စစ် ကစားသမား ခရစ်တီယန် ပူလီဆစ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီက စပြီး ချဲလ်ဆီး အသင်း နဲ့ စတင် ပူးပေါင်းခဲ့ပေမယ့် ၊ တကယ်တမ်း အဓိက ပွဲထွက် ကစားခွင့် တနေရာ ကို ၃လအကြာမှာ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ် ။

ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ဟာ ပူလီဆစ် ကို ဘောလုံး ရာသီ စစချင်း ၊ အခွင့်အရေး များများစားစား ပေးခဲ့ခြင်း မရှိခဲ့တာကို တွေ့ခဲ့ရပြီး ၊ ပူလီဆစ် ကိုယ်တိုင် ကသာ ပွဲထွက်ခွင့် ကိုယ်တိုင် ကြိုးစား ရယူခဲ့တာ ဖြစ်ပါတယ် ။

myan789

အခုအခါမှာတော့ ပူလီဆစ် ဟာ အသင်း ရဲ့ နာမည်ကြီး ကျောနံပါတ် ၁၀ ကို ပိုင်ဆိုင်ထားပြီး ၊ ဘယ်တောင်ပံ တိုက်စစ် မှာ အဓိက ပွဲထွက် ကစားသမား အဖြစ် ရပ်တည်လို့ နေပါတယ် ။ ပူလီဆစ် ကို ပြီးခဲ့တဲ့ ရာသီ အစပိုင်း မှာ အရေးမပေးခဲ့ခြင်း နဲ့ ပတ်သက်ပြီး ဆဲလ်ဇ်ဘာ့ဂ် နည်းပြ ဂျက်စီမာ့ရှ် ကတော့ လမ်းပတ် ကို ဝေဖန်ခဲ့ဖူးပါတယ် ။

အထူးသဖြင့် ပူလီဆစ် ဟာ အမေရိကန်သား တယောက် ဖြစ်လို့ လမ်းပတ် ရဲ့ ဦးစားပေးမှု ကို တော်ရုံ မရခဲ့ဘူး လို့ ၎င်းက သုံးသပ်ခဲ့ခြင်း ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ကြာသပတေး နေ့က ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ လမ်းပတ် ဟာ ဂျက်စီမာ့ရှ် ရဲ့ ပူလီဆစ် နဲ့ ပတ်သက်တဲ့ မှတ်ချက် ကို အခုလိုပဲ ပြင်းပြင်ထန်ထန် တုန့်ပြန်ခဲ့ပါတယ် ။

လမ်းပတ် က ” သူ့ ( ဂျက်စီမာ့ရှ် ) ရဲ့ မှတ်ချက်တွေကို ကျွန်တော် ဖတ်မိခဲ့ပါတယ် ။ အဲ့ဒီ မှတ်ချက်မှာ ပါခဲ့သလို ၊ ကျွန်တော့ ရဲ့ စိတ်ကို ဂျက်စီ တယောက် ဘယ်လိုများ ဖတ်လိုက်သလဲ ဆိုတာကို ကျွန်တော်ဖြင့် အံ့သြခဲ့မိပါတယ် ။ ဒါပေမယ့် သူဟာ ကျွန်တော်တို့ ၂ယောက် ရဲ့ ဆွေးနွေးမှု ကို တလွဲ ကောက်ချက်ချမိပုံပေါ်ပါတယ် ။ ”

” ဒါကို ကျွန်တော် က အမှန် ပြန်ပြင်ပေးရမှာပါ ။ မနှစ်က ကျွန်တော်တို့ဟာ ရာသီကြို ခြေစမ်း ခရီးစဉ် မှာ ဆဲလ်ဇ်ဘာ့ဂ် အသင်း နဲ့ ကစားခဲ့ပြီး ၊ အဲ့ဒီပွဲမှာ ခရစ်တီယန် သွင်းဂိုး ၂ဂိုး ရခဲ့ပါတယ် ။ ပွဲပြီးပြီးချင်း ဂျက်စီ က ကျွန်တော့ဆီ လာပြီး ၊ ခရစ်တီယန် ဟာ တကယ့် အရည်အချင်းပြည့် ကစားသမား တယောက် ဆိုတာ ချီးကျူးစကား ဆိုခဲ့ပါတယ် ။ ”

” ဒါကို ကျွန်တော်လည်း သိသလို ၊ သဘောလည်း တူပါတယ် ။ အဲ့ဒီ အချိန်မှာ ကျွန်တော် က သူ့ကို ဒီလို များပြားလှတဲ့ အရည်အသွေးကောင်း တွေကို ကျွန်တော်တို့ အသင်း အတွက် ခရစ်တီယန် က အသုံးချပေးမယ့် အနေအထား အတွက် စိတ်လှုပ်ရှားနေတဲ့ အကြောင်း ကို ပြန်ပြောခဲ့ပါတယ် ။ ”

” ဒါဟာ အဲဒီတုန်းက ကျွန်တော်တို့ ၂ယောက် ရဲ့ ဆွေးနွေးမှုပါ ။ ဒါကို ဂျက်စီ မတူညီတဲ့ လမ်းကြောင်း တခု လွှဲပြီး ကောက်ချက်ချလိုက်ပုံပါ ။ ဘောလုံး ရေခံမြေခံ မတူညီတဲ့ ဥရောပ ကို အမေရိကန်သား တွေ ဘယ်လို ခက်ခက်ခဲခဲ ကျော်လွှားလာရလဲ ဆိုတာ ဂျက်စီ ကတော့ ကျွန်တော့ထက် ပိုသိကောင်း သိမှာပါ ။ ”

” ဒါကို ကျွန်တော် နားလည်ပါတယ် ။ ဒါပေမယ့် ကျွန်တော် ကိုယ်တိုင်လည်း ကစားသမား ဘဝ ရဲ့ နောက်ဆုံး ၁၈လ ကို အမေရိကန် မှာ ကစားခဲ့တာ ဖြစ်လို့ ၊ အမေရိကန် ဘောလုံးသမား တွေရဲ့ ပြင်းထန်တဲ့ ဆန္ဒ ၊ သင်ယူလို ၊ လေ့လာလို ၊ တိုးတက်လိုတဲ့ ဆန္ဒ ၊ နည်းစနစ်ပိုင်း နားလည်ပုံတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ဘယ်တုန်းကမှ လျှော့မတွက်ခဲ့ပါဘူး ။ ‘

” ဒီလို အရည်အသွေးမျိုး ၊ ခရစ်တီယန် မှာ ရှိနေတဲ့ အရည်အသွေးမျိုး ကို ခင်ဗျား ပိုင်ဆိုင်ထားရင် ၊ ခင်ဗျား ဟာ အံ့သြဖွယ် လူငယ် ကြယ်ပွင့် တယောက် ဖြစ်တယ် ဆိုတာ ကျွန်တော် လုံးဝ ယုံမှား သံသယ ရှိမိမှာ မဟုတ်ပါဘူး ။ ကျွန်တော့ဖက်က တုန့်ပြန်ချင်တာလေး တခု က ကျွန်တော် ဟာ ပရီးမီးယားလိဂ် မှာ ကစားလာခဲ့တာ နှစ်၂၀နီးပါး ရှိခဲ့လို့ ၊ ဒီ ပြိုင်ပွဲရဲ့ အတိမ်အနက် အကြောင်း ပိုပြီး နားလည်နိုင်စွမ်း ရှိတယ် ဆိုတာပါ ။ ”

” ဒီ အတွေ့အကြုံ တွေကပဲ မနှစ်က ခရစ်တီယန် ရဲ့ ခြေစွမ်း တိုးတက်မှု အတွက် အထောက်အကူ ပေးခဲ့ပါတယ် ။ ပရီးမီးယားလိဂ် ဟာ လူငယ် ကစားသမား တယောက် အနေနဲ့ ရပ်ဝေး ကနေ လာရောက် ယှဉ်ပြိုင်ဖို့ အခက်ခဲဆုံးလိဂ် တခု ဖြစ်တယ် ဆိုတာ ရှင်းနေပါတယ် ။ ”

” ခရစ်တီယန် မှ မဟုတ်ပါဘူး ။ ဒါကို ပရီးမီးယားလိဂ် မှာ လာရောက် ကစားခဲ့ဖူးတဲ့ အခြား ဥရောပ နဲ့ အမေရိကန် တွေက အကြီးကျယ်ဆုံး ကစားသမား တွေက သက်သေထူနေပါတယ် ။ မနှစ်က ခရစ်တီယန် စွမ်းဆောင်ပြခဲ့တာတွေက အရင် ဒေါ့မွန် အသင်း မှာ ရခဲ့တဲ့ သွင်းဂိုး ၊ ဂိုးဖန်တီးမှု မှတ်တမ်းတွေထက် ပိုများအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ် ။ ”

” မနှစ်က သူ့ရဲ့ စွမ်းဆောင်ရည် တွေက ဘယ်လောက် အထိ အားရစရာကောင်းတယ် ဆိုတာ သူ့မှတ်တမ်းကောင်း တွေက သက်သေထူနေပါတယ် ။ သူဟာ လူငယ် ကြယ်ပွင့် တဦး ဖြစ်လို့ ၊ ရှေ့ဆက် ပိုပြီး ပိုပြီး ကောင်းလာဖို့ ရှိပါတယ် ။ ကျွန်တော် သူ့ကို ဘယ်တုန်းကမှ စတွေ့တွေ့ချင်း လျှော့တွက်ခဲ့ခြင်း မရှိပါဘူး ။ ”

” ဒါဟာ ကျွန်တော့ဖက်က ဂျက်စီ ကို တုန့်ပြန် တိုက်ခိုက်တာမျိုးလည်း မဟုတ်ပါဘူး ။ ဘာလို့လဲ ဆိုတော့ အမေရိကန် ကစားသမား တွေနဲ့ ပတ်သက်ပြီး ပိုပြီး ကြီးမားတဲ့ ပြဿနာ တခုခု ရှိကောင်း ရှိနေနိုင်လို့ပါ ။ ဒါကို ကျွန်တော် ထပ်ပြီး မှတ်ချက် မပေးလိုပါဘူး ။ ”

” ခရစ်တီယန် ဟာ အမေရိကန်သား လူငယ်တွေ အတွက် စံပြ ကစားသမား တဦး ဖြစ်လာနိုင်ပါတယ် ။ ဒါပေမယ့် မန်နေဂျာ တဦး အနေနဲ့တော့ ခရစ်တီယန် ရဲ့ အရည်အသွေး အပေါ် ကျွန်တော် လုံးဝ သံသယမရှိခဲ့ပါဘူး ။ ကျွန်တော့ အဖို့ သူ့ကို မှန်ကန်တဲ့ လမ်းကြောင်း အတိုင်း ထိန်းကျောင်းပေးနိုင်ဖို့က အရေးကြီးပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular