ပုံစံကောင်း မပြနိုင်သူ နှစ်ဦး ၊ ပျောက်ဆုံး နေခဲ့သူ နှစ်ဦး ၊ ပိုကောင်းခဲ့သင့်သူ တစ်ဦး အကြောင်း ပြောရင်း မာရှယ်ကို အထူး ဝေဖန်လိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် 20 အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ရှက်ဖီး ယူနိုက်တက် အသင်းကို ဧည့်ခံ ကစားခဲ့ပြီး 1-2 ဆိုတဲ့ ရလဒ် နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့် သွားခဲ့ရ ပါတယ် ။ ဒီရှုံးပွဲကြောင့် ယူနိုက်တက်တို့ အမှတ်ပေး ဇယားကို ပြန်လည်ဦးဆောင်ခွင့် ဆုံးရှုံး ခဲ့ကြ ပါတယ် ။

ဒီနေ့ ပွဲစဉ် မှာတော့ ယူနိုက်တက် အသင်းရဲ့ အားထား ရတဲ့ ကွင်းလယ် ကစားသမား ဖြစ်ဦး ဖြစ်ကြတဲ့ ပေါလ် ပေါ့ဂ်ဘာ နဲ့ ဘရူနို ဖာနန်ဒက်စ် တို့ဟာ အကောင်းဆုံး ပုံစံ ပြသ နိုင်ဖို့ အတွက် အခက်တွေ့ ခဲ့ကြ သလို တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ ရပ်ရှ်ဖို့ နဲ့ မာရှယ် တို့လည်း ကွင်းထဲ ပျောက်ဆုံး နေခဲ့ကြ သလိုမျိုး စွမ်းရည်ကောင်း မပြသ နိုင်ခဲ့ကြ ပါဘူး ။

myan789

ဒါ့အပြင် ယူနိုက်တက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ ကလည်း အဖွင့်ဂိုး ပေးဆောင်ရာမှာ ပိုကောင်းတဲ့ ဂိုးပေါက် ကာကွယ်မှု လုပ်ဆောင် ပြခဲ့သင့် ပါတယ် ။ ဒါပေမယ့် သူဟာ ပြိုင်ဖက် ကစားသမားရဲ့ တွန်းထိုးမှုကို ခံခဲ့ ရတဲ့ အတွက် အကောင်းဆုံး ကာကွယ်မုှ မလုပ်ဆောင် နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန်က အသင်းဟောင်းဟာ ကွင်းထဲ မှေးမှိန်နေခဲ့ပြီး အသက်မဲ့ နေခဲ့ကြောင်း ဝေဖန်ရင်း အဓိက ကစားသမား 5 ဦးရဲ့ ကွင်းအတွင်း စွမ်းဆောင်ရည် ကျဆင်း နေခဲ့မှု အပေါ် ဝေဖန် သုံးသပ်မှု ပြုလုပ်ခဲ့ကာ တိုးတက် မလာနိုင် တော့တဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ် အပေါ် အထူး ဝေဖန် သွားခဲ့လိုက် ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်းမှာ လုံလောက်တဲ့ အရည်အသွေးတွေ ပျောက်ဆုံး နေခဲ့ရ ပါတယ် ။ ဒါက ပွဲစဉ် စတင်တဲ့ ပထမဆုံး မိနစ် ကတည်းက ဖြစ်နေခဲ့တာပါ ။ သူတို့တွေက လုံလောက်တဲ့ အခွင့်အရေးကောင်း တွေကို မဖန်တီး နိုင်ခဲ့ကြ သလို အရင်လို စိတ်လှုပ်ရှားဖွယ် ထိုးစစ်ဆင်တဲ့ ကစားဟန် ကိုလည်း မပြသ နိုင်ခဲ့ကြ ပါဘူူး ”

” ရှက်ဖို့ ကိုတော့ ဂုဏ်ထူးမှတ် ပေးလို ပါတယ် ။ ခရစ် ဝိုင်ဒါ က အသင်းကို အကောင်းဆုံး ပြင်ဆင် လာနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဝေဖန် စရာက ယူနိုက်တက် အသင်း ပါပဲ ။ ပြီးခဲ့တဲ့ လတွေက ယူနိုက်တက် အတွက် အရမ်းကောင်းခဲ့တဲ့ ဘရူနိုဟာ ဒီပွဲမှာတော့ မတောက်ပ နိုင်ခဲ့ ပါဘူး ။ ပေါ့ဂ်ဘာ လည်း အတူတူ ပါပဲ ”
” သူတို့ အမှတ်ပေး ဇယားကို ဦးဆောင် ထားတဲ့ အချိန်မှာ အသင်းကို ဆက်လက် သယ်ဆောင် နိုင်မလား ဆိုတာ နဲ့ ပတ်သက်လို့ ဒါက အရည်အသွေး အမှန်ကို စစ်ဆေးတဲ့ ပွဲစဉ် ဖြစ်သွား ခဲ့ရ ပါတယ် ။ မကြာသေးခင် တုန်းက ဆိုရင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂိုးပေးခဲ့ ရတဲ့ ပွဲစဉ်တွေကို ပြန်လည် တုန့်ပြန်တာ ကောင်းမွန်ခဲ့ ပါတယ် ”

” ရပ်ရှ်ဖို့ နဲ့ မာရှယ် ဆိုရင် ဒီနေ့ပွဲမှာ ပျောက်ဆုံး နေခဲ့ကြ ပါတယ် ။ သူတို့ တွေဟာ အကောင်းဆုံး ထိုးစစ်ဆင်မှု တွေကို မလုပ်ပြ နိုင်ခဲ့ကြသလို အခွင့်အရေးတွေကိုလည်း လုံလောက်စွာ ဖန်တီး နိုင်စွမ်း မရှိခဲ့ကြ ပါဘူး ” လို့ ဖာဒီနန် က အထူး ဝေဖန် ခဲ့လိုက် ပါတယ် ။ အဲ့ဒီနောက် ဖာဒီနန်က မာရှယ်ရဲ့ ခံစစ် ကစားပုံကို အထူး ဝေဖန်ခဲ့ပြီး ဒီဂီယာ ပိုကောင်းခဲ့ သင့်တယ်လို့ ပြောခဲ့လိုက် ပါတယ် ။

” ကျွန်တော်က တုန့်ပြန်မှု အကြောင်း ပြောချင်တာပါ ။ ဂိုး ဧရိယာထဲကို ဘောလုံး ရောက်ရှိ သွားတဲ့ အချိန် မာရှယ် ဘာတွေ လုပ်နေခဲ့တာလဲ ? သူဟာ ခံစစ် ဆင်းကူခဲ့ ပါတယ် ။ ဒါပေမယ့် ဧရိယာ ထိပ်မှာ ယောင်လည်လည် လုပ်နေခဲ့ ပါတယ် ။ သူ့ဆီက မြန်ဆန် သွက်လက်တဲ့ တုန့်ပြန်မှု မမြင်တွေ့ခဲ့ရ ပါဘူူ ။ သူဟာ မတ်တပ်ရပ်ပြီး ဘောလုံးကို ဟိုဟိုဒီဒီ ကြည့်နေခဲ့ ပါတယ် ”

” သူဟာ အဲ့ဒီလို ကြည့်နေခဲ့တဲ့ အချိန် အတွင်း ရှက်ဖီး ဖက်က ဘောလုံး ပေးပို့မှု နှစ်ကြိမ် ၊ သုံးကြိမ် အထိတောင် လုပ်ဆောင် ခဲ့ပြီး ပါပြီ ။ ကျွန်တော်တို့ဟာ သူ့ရဲ့ ပြင်းပြင်းထန်ထန် တုန့်ပြန်မှုကို မမြင်တွေ့ခဲ့ကြ ပါဘူး ။ ဒါက မာရှယ် တစ်ယောက်ထဲ မဟုတ်ခဲ့ ပါဘူး ။ အဖွင့်ဂိုး ပေးဆောင်ခဲ့မှုမှာ ဒီဂီယာလည်း ဒီထက် ပိုပြီး တုန့်ပြန်မှု ကောင်းခဲ့သင့် ပါတယ် ” လို့ ဖာဒီနန် က ဝေဖန် သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular