ပုံစံကောင်း ပျောက်ဆုံးနေခဲ့တဲ့ မာရှယ်ကို တိုက်တွန်းနှိုးဆော်မှု တစ်ခု လုပ်ဆောင်ရင်း သူ့ရဲ့ ပြသနာ နှစ်ခုကို ဖွင့်ပြောလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က လက်ရှိ ဘောလုံး ရာသီ အတွင်း ပုံစံကောင်းတွေ ပျောက်ဆုံး နေခဲ့တဲ့ တိုက်စစ် ကစားသမား ဖြစ်သူ အန်သိုနီ မာရှယ်ကို ပိုင်ဆိုင် ထားတဲ့ မှတ်တိုင် တစ်ခုမှာ ရပ်တန့် မသွားဖို့ တိုက်တွန်း နှိုးဆော် သွားခဲ့လိုက် ပါတယ် ။

အန်သိုနီ မာရှယ် ဆိုတာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ပုံစံကောင်း တွေကို ပြသ ထားနိုင်ခဲ့ သလို ဘောလုံး ရာသီ ကုန်ဆုံးခါနီးမှာ ဂိုးတွေ အဆက်မပြတ် သွင်းယူ ပေးနိုင် ခဲ့တဲ့ အတွက် ရာသီ အကုန်မှာ ပြိုင်ပွဲစုံ သွင်းဂိုး 23 ဂိုး နဲ့ အတူ ယူနိုက်တက် အသင်း ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ ပါတယ် ။

myan789

ဒါပေမယ့် လက်ရှိ ဘောလုံး ရာသီမှာ သူဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ 5 ပွဲအထိ ပွဲထွက် ကစားခွင့် ပိုင်ဆိုင် ထာနိုင်ခဲ့ပေမယ့် ဂိုးပေါက် ပျောက်ဆုံး နေခဲ့ ပါတယ် ။ သူဟာ လက်ပ်ဇစ် ၊ အစ္စတန်ဘူလ် အသင်း နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာသာ ဂိုးသွင်း ထားနိုင်ခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက်တို့ အစ္စတန်ဘူလ် ဘာဆက်ဆီဟာ အသင်းကို လက်စားချေ ရမယ့် ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ တိုက်စစ်မှူး ဖြစ်သူ ဆီက ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့ရဖို့ တိုက်တွန်း တိုက်တွန်း နှိုးဆော် သွားခဲ့လိုက် ပါတယ် ။

ဒါ့အပြင် တော့တင်ဟမ် ဟော့ စပါး အသင်း နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ်မှာ အထုတ်ပယ် ခံရခြင်း နဲ့ ယုံကြည်မှုတွေ ကင်းမဲ့ နေခြင်း တွေက မာရှယ် ခြေစွမ်း မပြနိုင် ခဲ့ခြင်း အတွက် အပြစ်တင် စရာ ကောင်းတဲ့ ပြသနာတွေ ဖြစ်ကြောင်း ဆိုးလ်ရှားက ဆက်လက် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” အန်သိုနီ ( မာရှယ် ) ဟာ ပြီးဆုံးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ကြီးမားတဲ့ ခြေလှမ်း တစ်ခုကို လှမ်းခဲ့ကြောင်း ပြသ သွားနိုင်ခဲ့ ပါတယ် ။ အခုတော့ သူ့အနေနဲ့ ပိုမို ကြီးမားလှတဲ့ ခြေလှမ်း တစ်ခုကို လှမ်းရင်း ပိုမို တိုးတက်ဖို့ လိုအပ် နေပြီ ဖြစ်တဲ့ အနေအထား တစ်ရပ်ကို ပိုင်ဆိုင် နေပါတယ် ”

” သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက 23 ဂိုး သွင်းယူခဲ့ ပါတယ် ။ သူဟာ တိုက်စစ်မှူး ဖြစ်နိုင်ကြောင်း ခြေလှမ်း တစ်ခုကို လှမ်းပြ သွားနိုင်ခဲ့ ပါတယ် ။ နှစ်စဉ် နှစ်တိုင်း စိန်ခေါ်မှုတွေ ရှိနေမှာ ဖြစ်တဲ့ အတွက် ယူနိုက်တက် ကစားသမား တစ်ဦး ဖြစ်နေမယ် ဆိုရင်တော့ မှတ်တိုင် တစ်ခုမှာ ရပ်နား နေလို့ ရမှာ မဟုတ် ပါဘူး ”

” သူတို့ ကစားကြတဲ့ နေရာတိုင်း အတွက် တောင်းဆိုမှုတွေ အသီးသီး ရှိနေ ပါတယ် ။ ကျွန်တော်တို့ အန်သိုနီကို အရင်လို ကစား စေလိုကြ ပါတယ် ။ ပြင်သစ် အတွက် ပေါ်တူဂီ အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ်မှာ ဆိုရင် သူဟာ တိုက်စစ်မှူး တစ်ဦးရဲ့ အရည်အသွေး တွေကို ပြသ သွားနိုင်ခဲ့ ပါတယ် ”

” ဒါပေမယ့် ပတ်ထရီစီယို က ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှု အချို့ကို လုပ်ဆောင် သွားနိုင်ခဲ့ပါတယ် ။ အဲ့တာက အန်သိုနီ ရဲ့ ယုံကြည်ချက်ကို ထခိုက် စေခဲ့ ပါတယ် ။ သူ့ရဲ့ ကန်ချက်/ဂိုး အဖြစ် ပြောင်းလဲနိုင်နှုန်း က အမြဲတမ်း လိုလို ကောင်းမွန်ခဲ့ ပါတယ် ”

” ဒါပေမယ့် အခု တစ်ကြိမ်မှာ ဂိုးသမားက ကောင်းမွန်တဲ့ ကာကွယ်မှု တွေကို လုပ်ဆောင် သွားနိုင်ခဲ့ ပါတယ် ။ အန်သိုနီ ဟာ အခြား ကစားသမား တွေနဲ့ ခြားနား မနေ ပါဘူး ။ သူဟာ သာမန် အတိုင်း ရာသီကြို လေ့ကျင့်မှု တွေကို မပိုင်ဆိုင် နိုင်ခဲ့ပဲ အမြင့်ဆုံး ခြေစွမ်းကို ပြနိုင်ဖို့ ခက်ခဲ နေခဲ့ရ ပါတယ် ”

” ပြီးတော့ သူဟာ သုံးပွဲပယ်ခံ ခဲ့ရ ပါသေးတယ် ။ ဒါ့ကြောင့် သူဟာ ပွဲကစားခွင့် နည်းပါး ခဲ့ရ ပါတယ် ။ ဒါပေမယ့် ဘာဆက်ဆီဟာ နဲ့ ပွဲမှာ သူဟာ ခေါင်းတိုက်ဂိုး သွင်းယူ သွားနိုင်ခဲ့ ပါတယ် ။ သူရဲ့ အကောင်းဆုံး ခြေစွမ်းကို ပြန်ရနိုင်ဖို့ ကျွန်တော် မျှော်လင့် နေပါတယ် ” လို့ ဆိုးလ်ရှား က ပြောခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular