ပီလီ ၊ မက်ဆီ ၊ ရက်ဖိုဒ့် ၊ ဖာဒီနန် . . . . ဘောလုံး ဂရိတ်ကြီး မာရာဒိုနာ အတွက် ဘောလုံး ကမ္ဘာရဲ့ နှုတ်ဆက် စကားများ

အာဂျင်တီးနား ဘောလုံး ဂန္ထဝင်ကြီး ဒီယေဂို မာရာဒိုနာ ရဲ့ ကွယ်လွန်မှု ဟာ ဘောလုံး ကမ္ဘာကြီး ကို ထိတ်လန့် တုန်လှုပ် စေခဲ့ ပါတယ် ။ ပြီးခဲ့တဲ့ ရက်ပိုင်း က မှ ဆေးရုံ ကနေ ဆင်းသွားတဲ့ မာရာဒိုနာ ဟာ ယမန်နေ့ ကပဲ အာဂျင်တီးနား က သူ့ရဲ့ နေအိမ်မှာ ကွယ်လွန် သွားခဲ့ ပါပြီ ။ အာဂျင်တီးနား အသင်း ကို ၁၉၈၆ ခုနှစ် ကမ္ဘာ့ ဖလား ရရှိအောင် စွမ်းဆောင် ပေးခဲ့ဖူးတဲ့ မာရာဒိုနာ ဟာ ကွယ်လွန် ချိန်မှာ အသက် ၆၀ သာ ရှိပါသေးတယ် ။

မာရာဒိုနာ ဟာ ဘောလုံး သမိုင်း တစ်လျောက် အကောင်းတကာ့ အကောင်းဆုံး ကစား သမား ၁ ဦး အဖြစ် သတ်မှတ် ခံခဲ့ ရသလို ၂၀ ရာစု ရဲ့ အကောင်းဆုံး ဘောလုံး သမား အဖြစ်လည်း ပီလီ နဲ့ အတူ ပူးတွဲ ရပ်တည် နိုင်ခဲ့သူ ဖြစ်ပါတယ် ။ အခုလို မထင်မှတ် ထားဘဲ ကွယ်လွန် ခဲ့တာကြောင့် ဘောလုံး အသင်းတွေ နဲ့ ကစား သမားတွေ ဟာ အံ့အားသင့် ခဲ့ကြပြီး နှုတ်ဆက် စကားတွေ ရေးသား ဂုဏ်ပြု လာခဲ့ ကြပါတယ် ။

myan789

ဒီလို ဆုတောင်းပေး ကြတဲ့ အထဲမှာ မာရာဒိုနာ ရဲ့ အသင်းဟောင်းတွေ ဖြစ်ကြတဲ့ ဘာစီလိုနာ ၊ နာပိုလီ ၊ ဘိုကာဂျူနီယာ ၊ အာဂျင်တီးနား အသင်းတို့ အပြင် ပြိုင်ဘက်တွေ ဖြစ်ခဲ့ ကြတဲ့ ရီးရဲ မက်ဒရစ် ၊ အင်္ဂလန် ၊ မန်ချက်စတာ ယူနိုက်တက် တို့ လည်းပါဝင် ခဲ့ကြ ပါတယ် ။

ဘောလုံး သမားတွေ ထဲမှာတော့ ရာစုနှစ် ရဲ့ အကောင်းဆုံး ကစား သမား ဘွဲ့အတွက် ယှဉ်ပြိုင် ခဲ့ရတဲ့ ပီလီ ၊ မာရာဒိုနာ ကို အားကျပြီး ကြီးပြင်း လာခဲ့တဲ့ ၂၁ ရာစု ဘောလုံး သမား များစွာ ပါဝင် ခဲ့ကြ ပါတယ် ။ ဒါကြောင့် လောကကြီး ထဲကနေ ရုတ်တရက် နှုတ်ဆက် ထွက်ခွာ သွားတဲ့ ဒီယေဂို မာရာဒိုနာ အတွက် ဘောလုံး အကျော်အမော် တို့ရဲ့ နှုတ်ဆက် စကားတွေကို လက်လှမ်း မီသလောက် စုစည်း ဖော်ပြ ပေးလိုက်ရ ပါတယ် ။

“သမိုင်း တစ်လျောက် အကောင်းတကာ့ အကောင်းဆုံးတွေ ထဲက တစ်ယောက်ပါပဲ ။ ဒီယေဂို မာရာဒိုနာ ဟာ ဘောလုံးလောက အတွက် မမေ့နိုင်စရာ အမွေအနှစ်တွေ ချန်ထား ခဲ့ပြီး ကမ္ဘာ တစ်ဝှမ်းက ပရိသတ်တွေ အတွက် ဒဏ္ဍာရီတွေ ကို ဖြစ်စေခဲ့ပါတယ်” – Real Madrid

“ကစားပွဲတွေ ရဲ့ စစ်မှန်တဲ့ ကြီးမြတ်သူ တစ်ယောက်ပါ ။ ငြိမ်းချမ်းစွာ အနားယူ နိုင်ပါစေ” – Liverpool

“နှုတ်ဆက်ပါတယ် ဒီယေဂို ၊ ငါတို့ အားကစား လောကရဲ့ ဂန္ထဝင် တစ်ယောက်ပါပဲ” – England National Team

“အဆုံးမဲ့ ကျေးဇူးပါပဲ ဒီယေဂိုရေ” – Boca Junior

“ခင်ဗျား နဲ့ ဆုံရတာ တကယ့် ဂုဏ်ယူ စရာပါပဲ ၊ ဒီသတင်းကတော့ တကယ့်ကို ဝမ်းနည်းစရာပါ ။ ငြိမ်းချမ်းစွာ အနားယူ ပါတော့ ဒီယေဂို မာရာဒိုနာ” – Harry Kane

“မယုံနိင်လောက် အောင်ပါပဲ ။ ကျွန်တော် အရမ်း ထိတ်လန့် ခဲ့ပါတယ် ။ အခုချိန်မှာ ကျွန်တော် ဘာမှကို မပြော နိုင်တော့ပါဘူး ။ ကြားကြားချင်း ဒီသတင်းက အမှား ဖြစ်ဖို့ ဆုတောင်း ခဲ့တာပါ” – Cesar Luis Menotti ( Former Argentina Coach )

“ငြိမ်းချမ်းစွာ နားပါတော့ ဒီယေဂို မာရာဒိုနာ ၊ ခင်ဗျား ဟာ ကျွန်တော် ဘောလုံး ကို ချစ်မြတ်နိုး ခဲ့တဲ့ အကြောင်းတရား ၊ ကျွန်တော် ပထမဆုံး ဝတ်ချင် ခဲ့တဲ့ ဘောလုံး အကျီပိုင်ရှင် ပါ” – Didier Drogba

“ဒီယေဂို မာရာဒိုနာ ကွယ်လွန်ပြီလို့ အာဂျင်တီးနား ကနေ သတင်းရ ပါတယ် ။ သူဟာ ကျွန်တော်တု့ိ ခေတ် ရဲ့ အကောင်းဆုံး ဘောလုံး သမား ဖြစ်ခဲ့သလို ဘောလုံး သမိုင်းတစ်လျောက် အကောင်းဆုံး အဖြစ်လည်း ငြင်းခုန် ခံခဲ့ရ သူပါ ။ နောက်ဆုံးတော့ ဘုရားသခင် ရဲ့ လက်တော်ထဲမှာ အေးချမ်းတာကို ရှာတွေ့ သွားခဲ့ပါပြီ” – Gary Lineker ( Former England Forward )

“မိတ်ဆွေ တွေကို ဒီလို နည်းနဲ့ ဆုံးရှုံး နေရပါတယ် ။ တစ်နေ့ မှာတော့ ငါတို့ ကောင်းကင်ဘုံမှာ ဘောလုံး အတူ ကစား နိုင်ကြမှာပါ” – Pele

“ကျွန်တော့ရဲ့ ပထမဆုံးသော ဘောလုံး သူရဲကောင်း ၊ အကောင်းဆုံး ၊ အကြီးကျယ် အခမ်းနားဆုံး ၊ အနုပညာ သည်တစ်ယောက် ၊ လူသား တစ်ယောက် ၊ ခေါင်းဆောင် တစ်ယောက် ၊ အောင်ပွဲရှင် တစ်ယောက် ပါ ။ ကျွန်တော့ကို ဘောလုံး ကန်ချင်စိတ် ဖြစ်စေခဲ့တဲ့ သူတွေ ထဲက တစ်ယောက် ဆိုရင်လည်း မမှားပါဘူး ။ ဘောလုံးရဲ့ အမှတ်အသား တစ်ခု ကတော့ ကွယ်လွန်ခဲ့ပါပြီ ၊ ဒါပေမယ့် ဘယ်တော့မှ မေ့ပျောက်ခံ ရမှာ မဟုတ်ပါဘူး ။ ငြိမ်းချမ်းစွာ အနားယူပါ ဒီယေဂို အာမန်ဒို မာရာဒိုနာ” – Rio Ferdinand

“ဘောလုံး ကစားပွဲတွေ နဲ့ အာဂျင်တီးနား အတွက်တော့ တကယ်ကို ဝမ်းနည်း စရာ ကောင်းတဲ့ နေ့ တစ်နေ့ ပါပဲ ။ သူ ကျွန်တော်တို့ ကို ထားခဲ့မယ် လို့ ထင်မထား ပါဘူး ၊ ဒါပေမယ့် ကျွန်တော်တို့ ကတော့ သူ့ကို ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ပါဘူး ။ ဘာဖြစ်လို့လည်း ဒီယေဂို မာရာဒိုနာ ကို ထာဝရ သတိရ နေကြမှာပါ ။ သူနဲ့ အတူ ဆုံခဲ့တဲ့ ပျော်ရွှင်စရာ အချိန်တွေ ကို အမြဲ သတိရနေ မှာပါ ။ နှုတ်ဆက်ပါတယ်” – Messi

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular