ပိုချက်တီနို ကြုံတွေ့နေရတဲ့ အဓိက ပြဿနာကို ပြောပြရင်း ၊ ရာသီကုန် ချဲလ်ဆီးတို့ ရောက်နိုင်တဲ့ အဆင့်ကို ခန့်မှန်းသွားတဲ့ အလန်ပါဂျူး

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အမှတ်ပေးဇယား အောက်ဆုံးက ရှက်ဖီးလ်ယူနိုက်တက် အသင်းကို စိတ်ပျက်ဖွယ် တဖက် ၂ဂိုးစီ သရေရလဒ်သာ ကစားနိုင်ခဲ့တာကြောင့် အဆင့် ၆ နေရာက မန်ချက်စတာ ယူနိုက်တက်နဲ့ ၃မှတ်အကွာ ရောက်မယ့် အနေအထားကို လက်လွှတ်ခဲ့ရပါတယ် ။

ချဲလ်ဆီး အတွက် ပရီးမီးယားလိဂ် လက်ကျန် ၈ပွဲ ကစားဖို့ ကျန်ရှိနေသေးရာ ၊ ထိုအထဲမှာ အာဆင်နယ် ၊ တော့တင်ဟမ် ၊ ဝက်စ်ဟမ်းတို့နဲ့ ရင်ဆိုင်ရမယ့် ခက်ခဲတဲ့ လန်ဒန်ဒါဘီပွဲတွေ ကျန်နေပါသေးတယ် ။ ဒီတော့ ရှက်ဖီးလ် ၊ ဘန်လေတို့လို တန်းဆင်းဖို့ ရာခိုင်နှုန်း အလွန်များနေတဲ့ အသင်းတွေနဲ့ ပွဲတွေမှာ အမှတ်လျော့ခဲ့တာတွေက ချဲလ်ဆီး အတွက် နှမြောစရာ ဖြစ်ပါတယ် ။

myan789

နည်းပြဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုဟာ ဒီရာသီမှာ ချဲလ်ဆီး တိုက်စစ်ကို အတော်အသင့် မြှင့်တင်ပေးနိုင်ပေမယ့် ၊ ခံစစ်စွမ်းဆောင်ရည်မှာတော့ ပြီးခဲ့တဲ့ ရာသီ ဂရေဟမ် ပေါ်တာ လက်ထက်ကပင် ပိုဆိုးသွားစေတာကို တွေ့ရပါတယ် ။ ချဲလ်ဆီးဟာ ဒီရာသီ Clean Sheet အနည်းဆုံး အသင်း တသင်း ဖြစ်နေသလို ၊ နောက်ပိုင်းပွဲတွေမှာ တပွဲ ၂ဂိုးနှုန်းလောက် ပေးထားရပါတယ် ။

ဒီတော့ တိုက်စစ်က စွမ်းဆောင်ပေးသလောက် ခံစစ် မလုံခြုံမှုတွေကြောင့် ဒီရာသီ ချဲလ်ဆီးတို့ ရမှတ် အများစု လျော့နေခြင်း ဖြစ်ပါတယ် ။ ဒါ့အပြင် ရလဒ်ပိုင်း မတည်ငြိမ်မှုတွေကြောင့် ပိုချက်တီနိုဟာ ရာသီအကုန်မှာ အစားထိုးခံရနိုင်ခြေ ရှိတယ်လို့ သတင်းတွေလည်း ထွက်ထားပါတယ် ။

နယူးကာဆယ် နည်းပြဟောင်း အလန်ပါဂျူးကတော့ ချဲလ်ဆီးခံစစ်က ပိုချက်တီနို လက်ထက် အဓိက ကြုံတွေ့နေရတဲ့ ပြဿနာ ဖြစ်ကြောင်း ထောက်ပြရင်း ၊ ဒီပုံစံအတိုင်းသာ ဆက်သွားရင် ခြင်္သေ့ပြာတို့ ရာသီအကုန်မှာ ကွန်းဖရန့်လိဂ်ဝင်ခွင့်သာ အမြင့်ဆုံး ရလိမ့်မယ်လို့ ခန့်မှန်း သုံးသပ်သွားပါတယ် ။

Talksport နဲ့ တွေ့ဆုံရာမှာ ပါဂျူး က ” အချိန် တချို့ ကြာပြီးတဲ့နောက် ချဲလ်ဆီးရဲ့ လက်ရှိ အခြေအနေဟာ ရှေ့၂ပတ်လောက်က အသင်းနဲ့ သွားပြန်တူသွားပါတယ် ။ ချဲလ်ဆီးရဲ့ ၄ယောက်တန်း ခံစစ်ဟာ ကျွန်တော့ကို အနည်းငယ် စိုးရိမ်စေပါတယ် ။ တိုက်စစ်မှာတော့ သူတို့ အိုကေတဲ့ အနေအထားမှာ ရှိတယ်လို့ ထင်ပါတယ် ။ ”

” သူတို့ရဲ့ တိုက်စစ်က အရမ်းကြီး ကောင်းနေတယ်လို့ ကျွန်တော် မပြောလိုပါဘူး ။ ဒါပေမယ့် ၄ယောက်တန်း ခံစစ်ကတော့ ဒီပုံစံအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် စိုးရိမ်စရာ ဖြစ်ပါတယ် ။ ခင်ဗျား စဉ်းစားကြည့်မယ်ဆိုရင် ဒါက အံ့သြဖွယ်ပါ ။ ”

” ကျွန်တော့မှာ ချဲလ်ဆီး ပရိသတ် မိတ်ဆွေတွေ အများကြီး ရှိပါတယ် ။ သူတို့ရဲ့ ချန်ပီယံလိဂ် သမိုင်းကြောင်းနဲ့ ပရီးမီးယားလိဂ် ဆုဖလားတွေ ၊ ဂျိုဆေး မော်ရင်ညိုနဲ့ တခြားသော ခမ်းနားတဲ့ သမိုင်းကြောင်း အားလုံးကို ကြည့်မယ်ဆိုရင် ဒါတွေက သိပ်ပြီး အလှမ်းမဝေးသေးပါဘူး ။ ”

” အခုတော့ သူတို့ဟာ ရှိသမျှ ငွေတွေအားလုံး ပုံအောပြီး သုံးစွဲထားတာတောင် ၊ ရာသီအကုန် သူတို့ ရနိုင်တဲ့ အကောင်းဆုံး အဆင့်က ကွန်းဖရန့်လိဂ် ဖြစ်ဖို့ များမယ်လို့ လောင်းကြေးထပ်ရမှာပါ ။ ကျွန်တော် ဆိုလိုတာက ဒါက နည်းနည်းတော့ စိုးရိမ်စရာ မဟုတ်ဘူးလားဗျာ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular