ပါတေး ရဲ့ ကွင်းလယ် တွဲဖက် အဖြစ် အာတီတာ ခေါ်ယူရမယ့် ကစားသမား နာမည် ပြောကြားလိုက်တဲ့ အီယန်ရိုက်

ဂန်းနား ဂန္တဝင် တိုက်စစ်မှူး အီယန်ရိုက် က မန်ချက်စတာ ယူနိုက်တက် အသင်းကို အနိုင် ရခဲ့တဲ့ အပေါ် အားရ ကျေနပ် မိကြောင်း နဲ့ အာတီတာ လက်ထက်မှာ အသင်းဟာ အများကြီး တိုးတက် ကောင်းမွန် လာကြောင်း ချီးကျူး သွားခဲ့ပါတယ် ။

တနင်္ဂနွေနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ အူဘာမီယန်း ရဲ့ ပင်နယ်တီ သွင်းဂိုး နဲ့ အိုးထရက်ဖိုဒ့် မှာ ၁၄ နှစ်ကြာ အနိုင်မရမှု ကို ရပ်တန့် နိုင်ခဲ့ပါတယ် ။အာဆင်နယ် အသင်းဟာ ယူနိုက်တက် ကို အနိုင်ရတာကြောင့် အဆင့် ၉ နေရာ အထိ တက်လှမ်းလာခဲ့ပြီး အဆင့်လေး နေရာက အသင်းနဲ့ တစ်မှတ်သာ ကွာဟ ပါတော့တယ် ။

myan789

အာဆင်နယ် အသင်းဟာ အိုးထရက်ဖိုဒ့်ကွင်းမှာ ၂၀၀၆ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် ပရီးမီးယားလိဂ် နိုင်ပွဲ ပြန်ရခဲ့တာ ဖြစ်ပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်း ထိပ်သီး ခြောက်သင်း နဲ့ အဝေးကွင်း တွေ့ဆုံ ကစားရတဲ့ ပွဲတွေမှာ နိုင်ပွဲ မရတဲ့ စံချိန်ဆိုးကိုလည်း ရပ်တန့် နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ဒါ့အပြင် အာဆင်နယ် အသင်းဟာ ဒီရာသီမှာ ပေးဂိုး အနည်းဆုံး အသင်း အဖြစ် ရပ်တည် နေပြီး ဂါဘရီယဲလ် မက်ဂါလွိုက်စ် နဲ့ ပါတေး တို့ကို ခေါ်ယူ ခဲ့တဲ့ အကျိုးကျေးဇူး ကို ခံစား နေရပြီ ဖြစ်ပါတယ် ။

အီယန်ရိုက် ကတော့ နည်းပြ အာတီတာ အနေနဲ့ တိုက်စစ်ကို အကူအညီ ပေးနိုင်မယ့်သူမျိုးကို ထပ်ခေါ်ဖို့ လိုအပ်နေကြောင်း နဲ့ လိုင်ယွန် ကွင်းလယ်လူ ဟော့ဆန် အာဝါ ကို ခေါ်ယူဖို့ တိုက်တွန်း သွားခဲ့ပါတယ် ။

အီယန်ရိုက် က Premier League Productions နဲ့ အင်တာဗျူးမှာ ” အာဆင်နယ် အတွက် အရေးပါတဲ့ နိုင်ပွဲ ပါပဲ ၊ လူတွေက အာဆင်နယ် ဟာ ထိပ်ဆုံး ခြောက်သင်းနဲ့ တွေ့ရင် အနိုင် မရဘူးလို့ ပြောကြပါတယ် ၊ ဒါက အရင်တုန်းက အရာတွေပါပဲ ၊ အာတီတာ ကိုင်တွယ်ကတည်းက ဒီလိုမျိုးမတွေ့ရတော့ပါဘူး ။ ”

” အာတီတာ လက်ထက်မှာ ကစားသမားတွေရဲ့ စိတ်ဓာတ်ကော ၊ ကစားပုံကော ပြောင်းလဲ သွားပါပြီ ။ အရာအားလုံး ပြောင်းလဲ သွားတာပါ ၊ အာဆင်နယ် အသစ်ကို မြင်တွေ့ နေရပါတယ် ၊ ရှေ့လျှောက် တိုးတက်ဖို့ ကြိုးစား နေတဲ့ အသင်းပါ ။ ”

” အာတီတာ က အသင်းကို ဆက်လက် တိုးတက်အောင်လုပ်နိုင်ပါတယ် ၊ ကစားသမားတွေ သူ့လက်အောက်မှာ တိုးတက်လာကြသလိုပေါ့ဗျာ ။ ပြီးရင် ပါ​တေး နဲ့ ကွင်းလယ် တွဲဖက် အဖြစ် အော်ဝါ ကိုသာ ထပ်ခေါ် နိုင်ခဲ့ရင် တိုက်စစ် ကစားသမားတွေ အတွက် ဂိုးဖန်တီးမယ့်သူပါ ရသွားမှာပါ ။ ဒီလို နိုင်ပွဲတွေ ရပြီး ပုံစံကောင်း ထိန်းသိမ်းထားနိုင်ရင် ယုံကြည်မှုတွေ ပိုမြင့်မားလာမှာ အသေအချာပါပဲ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular