ပရီးမီးယားလိဂ် နဲ့ ဘွန်ဒက်စ်လီဂါ အကြား ကွာခြားချက် နဲ့ ပတ်သက်ပြီး ဝန်ခံမှု တခု ပြုလုပ်လာတဲ့

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ပိတ်သိမ်းသွားခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ၊ ၎င်းတို့ရဲ့ ဒီရာသီ အကြီးကျယ်ဆုံး ကစားသမားသစ် ခေါ်ယူမှု အဖြစ် လေဗာကူဆင် အသင်း ရဲ့ ဂျာမန် ကွင်းလယ် တိုက်စစ် ကြယ်ပွင့် ကစားသမား ကိုင်ဟာဗက်ဇ် ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ နဲ့ ခေါ်ယူခဲ့ပါတယ် ။

ဟာဗက်ဇ် ဟာ လောလောဆယ် အချိန် အထိ ချဲလ်ဆီး အသင်း ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် အားလုံး ကို ကစားထားကာ ၊ ဂိုးဖန်တီးမှု တကြိမ် ပြုလုပ်ထားပါတယ် ။ ပြောင်းရွှေ့ကြေး နဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးတော့ မပြရသေးပေမယ့် ၊ ရေမြေသစ် မှာ ဟာဗက်ဇ် အတွက် အချိန် အတိုင်းအတာ တခု အထိ လိုအပ်မယ် ဆိုတာကိုတော့ ချဲလ်ဆီး ပရိသတ်တွေ အားလုံး လက်ခံ ထားကြပါတယ် ။

myan789

လိဂ်ဖလား တတိယ အဆင့် ဘန်စလေ နဲ့ ပွဲမှာ ဟက်ထရစ် ရခဲ့တာ က ဟာဗက်ဇ် အတွက် သူ့ရဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး မှ ရလာတဲ့ ဖိအား တချို့တဝက် ကိုတော့ စတင် လျှော့ချနိုင်ခဲ့ပေမယ့် ၊ လူအများ အသိအမှတ်ပြုခံရတဲ့ ထိပ်တန်း ကစားသမားမျိုး ဖြစ်လာဖို့ အတွက်တော့ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် မှာ ဟာဗက်ဇ် အနေနဲ့ ဆက်လက် သက်သေပြဖို့ လိုနေပါတယ် ။

ပရီးမီးယားလိဂ် ရဲ့ လျင်မြန်မှု ရှိပြီး ၊ ကြံ့ခိုင်မှု အသားပေး ကစားဟန် မှာ ဟာဗက်ဇ် တယောက် အတတ်နိုင်ဆုံး ကြိုးစား ကစားနေပေမယ့် ၊ ဘွန်ဒက်စ်လီဂါ မှာတုန်းကလို သူ ကစားချင်တဲ့ ပုံစံ အတိုင်း ပြိုင်ဖက် ခံစစ် ကစားသမား တွေကို လွယ်လွယ်ကူကူ ကျော်ဖြတ်လို့ မရတော့တာကို သတိထားမိမှာ အသေအချာပါပဲ ။

ချဲလ်ဆီး အသင်း ရဲ့ တရားဝင် ဝက်ဘ်ဆိုက် နဲ့ အင်တာဗျူး မှာတော့ ဟာဗက်ဇ် ဟာ ဘွန်ဒက်စ်လီဂါ ပွဲတွေဟာလည်း ပရီးမီးယားလိဂ် လိုပဲ အဆင့်မြင့်ပေမယ့် ၊ ပရီးမီးယားလိဂ် က ပွဲတပွဲချင်းစီ ဟာ သိသိသာသာ အားပိုထုတ်ရသလို ၊ ဖိအား ပိုများတဲ့ အကြောင်း အခုလိုပဲ ဝန်ခံ ပြောဆိုလာခဲ့ပါတယ် ။

ဟာဗက်ဇ် က ” ကျွန်တော့ အတွက်တော့ ခက်ခဲခဲ့ပါတယ် ။ အထူးသဖြင့် ပရီးမီးယားလိဂ် ဟာ ကျွန်တော့ အဖို့ လုံးဝ ကွဲပြားတဲ့ လိဂ်တလိဂ် ဖြစ်တဲ့အတွက်ပါ ။ ဒီမှာ ဘောလုံးပွဲတွေက ပိုပြီး ပြင်းထန်မှု ရှိတယ် ဆိုတာကို အခု ရာသီအစ ပွဲအနည်းငယ် အတွင်းမှာ ကျွန်တော် ကောင်းကောင်း သတိထားမိပါတယ် ။ ”

” လတ်တလော အနေအထား အထိတော့ ကျွန်တော့ အတွက် အဆင်ပြေပါသေးတယ် ။ ဒါပေမယ့် ဒီထက် ပိုကောင်းတဲ့ အလားအလာ နဲ့ စွမ်းဆောင်ရည် တွေကို ဆက်လက် ပြသနိုင်ဦးမယ် လို့ ကျွန်တော် ထင်ပါတယ် ။ ”

” လာမယ့် ရက်သတ္တပတ် အနည်းငယ် ၊ လအနည်းငယ် အတွင်း ကျွန်တော့ ရဲ့ အရည်အသွေး အစစ်အမှန်တွေကို ဆက်လက် ထုတ်ပြသွားလိုပါတယ် ။ ဘန်စလေ နဲ့ ပွဲက ဟက်ထရစ် က ကျွန်တော့ အတွက် ကောင်းပါတယ် ။ ”

” ရာသီ အစပိုင်း ဟာ ကျွန်တော့ အတွက် အနည်းငယ် ခက်ခဲခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ လေ့ကျင့်တာ ၅ရက် ၊ ၆ရက်ပဲ ရှိသေးတဲ့ အချိန်မှာ ပထမဆုံး ပရီးမီးယားလိဂ် ပွဲကို စကစားခဲ့ရလို့ပါ ။ ဒါဟာ ကျွန်တော့ မိသားစု နဲ့ ရင်းနှီးပြီးသား ပတ်ဝန်းကျင် ကို စွန့်ခွာခဲ့ပြီးနောက် ပထမဆုံး ကစားခဲ့ရတဲ့ ပွဲအတွေ့အကြုံ ဖြစ်ပါတယ် ။ ”

” ဟုတ်ပါတယ် ။ တကယ် ကောင်းတဲ့ ခြေစွမ်း အဆင့် တခု အထိ ရောက်ဖို့တော့ အချိန် ယူရနိုင်ပါတယ် ။ ပြိုင်ဖက် နဲ့ တယောက်ချင်း ယှဉ်လုရတဲ့အခါ ၊ အပြေး မြန်မြန် နဲ့ ကျော်ဖြတ်ရတဲ့အခါ ပရီးမီးယားလိဂ် မှာ ပိုပြီး အားသုံးရပါတယ် ။ ”

” ဒါဟာ လုံးဝ ကွဲပြားတဲ့ လိဂ်တလိဂ် ဖြစ်ပြီး ၊ ပွဲတပွဲချင်းစီ ဟာ တကယ် ပင်ပန်းမှု ရှိပါတယ် ။ ဘွန်ဒက်စ်လီဂါ ဟာလည်း မဆိုးလှတဲ့ လိဂ်တလိဂ်ပါပဲ ။ ဒါပေမယ့် ဒီ ၂လိဂ် အကြား က ကွာခြားချက် ကို ကျွန်တော် သတိထားမိနေပါပြီ ။ ”

” ဒီမှာက သာမန် ခြေစွမ်း အဆင့် ၊ ဒါမှမဟုတ် အရည်အသွေး အဆင့်နိမ့်တဲ့ ကစားသမား များများစားစား မရှိပါဘူး ။ ကစားသမားတိုင်း ဟာ မြင့်မားတဲ့ အရည်အသွေး ကို ပိုင်ဆိုင်ထားကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဟာဗက်ဇ် ဟာ လောလောဆယ် မှာ ဂျာမနီ လက်ရွေးစင် အသင်း နဲ့ အတူ ဥရောပ နေရှင်လိဂ် အုပ်စု ပွဲစဉ်တွေ အတွက် ပူးပေါင်းနေပြီး ၊ မနေ့ည က ကစားခဲ့တဲ့ ယူကရိန်း နဲ့ ပွဲမှာလည်း ပွဲပြီးခါနီး မှာ ဂနာဘရီ အစား လူစားဝင်ခွင့် ရခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular