ပရီးမီးယားလိဂ် ချန်ပီယံဆု ကို စိန်ခေါ်နိုင်ဖို့ ချဲလ်ဆီး တို့ အဓိက ပြဿနာ တရပ် ကို ဖြေရှင်းရမယ် လို့ အကြံပြုလာတဲ့ ပေါလ်မာဆင်

ချဲလ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ ၊ ပရီးမီးယားလိဂ် ပွဲပေါင်း ၈ပွဲ ကစားထားပြီးတဲ့ အချိန် မှာ ၊ ၄ပွဲနိုင် ၊ ၃ပွဲသရေ ၊ ၁ပွဲရှုံး ၊ ရမှတ် ၁၅ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်လျက် ရှိပါတယ် ။ ဒါ့အပြင် ချဲလ်ဆီး အသင်း ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲဆက် ရှုံးပွဲ မရှိထားတဲ့ အသင်းလည်း ဖြစ်ပါတယ် ။

နောက်ဆုံး ၄ပွဲမှာ သွင်းဂိုး ၁၄ ဂိုး အထိ ရထားသလို ၊ ပေးဂိုးကလည်း တဂိုးသာ ရှိခဲ့တဲ့ ချဲလ်ဆီး အသင်း ကို တချို့ ဘောလုံးပွဲ သုံးသပ်သူတွေက ဒီရာသီ ချန်ပီယံလောင်း စာရင်းထဲ ထည့်သွင်းနေကြပြီ ဖြစ်ပါတယ် ။ တချို့ ကတော့ အနည်းဆုံး ချဲလ်ဆီး အသင်း ရဲ့ ခြေစွမ်း ကို ခရစ်စမတ် နဲ့ ဘောင်ဆင်ဒေး ကာလတွေအထိ စောင့်ဆိုင်းချင်နေကြပါတယ် ။

myan789

လတ်တလော မှာ ချဲလ်ဆီး အသင်း ရဲ့ စွမ်းဆောင်ရည် ကို ကြည့်ရင် ၊ အသင်းလိုက် ကစားပုံ သိသိသာသာ တိုးတက် ကောင်းမွန်လာတာကို တွေ့ရမှာ ဖြစ်ပါတယ် ။ ခံစစ် က ပေးဂိုး နည်းလာတာနဲ့ အမျှ တိုက်စစ်ကလည်း တာဝန် မပြတ် သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှု များစွာ စွမ်းဆောင်ပေးနိုင်ဆဲ ဖြစ်ပါတယ် ။

တဖက်မှာ ချဲလ်ဆီး အသင်း ဟာ ဒီရာသီ ၊ ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေ အနက် အရန် အင်အား အတောင့်တင်းဆုံး တသင်း လည်း ဖြစ်နေပါတယ် ။ လက်ရှိ ပွဲထွက် ၁၁ယောက် သာမက ၊ အရန် စာရင်း က ကစားသမား တချို့ ဟာလည်း ပထမ စာရင်း နဲ့ ထိုက်တန်မှု ရှိသင့်သလောက် ရှိတယ် လို့ ပြောလို့ရပါတယ် ။

အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင် ကတော့ ချဲလ်ဆီး အသင်း ဟာ တော့တင်ဟမ် အသင်း လိုပဲ ယခုနှစ် ဘောလုံး ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို စိန်ခေါ်နိုင်စွမ်း ရှိပေမယ့် ၊ ပိုလျှံပြီး ကစားခွင့် မရနေတဲ့ အရန် ကစားသမား တွေကိုတော့ ကောင်းကောင်း ကိုင်တွယ် ဖြေရှင်းဖို့ လိုကြောင်း အကြံပြု ပြောဆိုလာခဲ့ပါတယ် ။

Sky Sports ရဲ့ အစီအစဉ် တခုမှာ ပေါလ်မာဆင် က ” ကျွန်တော် တို့ဟာ တော့တင်ဟမ် အသင်း ကို ပရီးမီးယားလိဂ် ချန်ပီယံဆု စိန်ခေါ်မယ့် အသင်းတွေရဲ့ စာရင်း မှာ ထည့်သွင်း သုံးသပ်မယ် ဆိုရင် ၊ ချဲလ်ဆီး အသင်း ကိုလည်း ချန်လှပ်ထားလို့ မရပါဘူး ။ ”

” တော့တင်ဟမ် ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တယ် ဆိုရင် ၊ ချဲလ်ဆီး အသင်း ဟာလည်း ချန်ပီယံဆု ကို ဆွတ်ခူးနိုင်ခြေ ရှိပါတယ် ။ ဖရန့် လမ်းပတ် ဟာ သူ အလိုရှိတဲ့ အသင်း ရဲ့ အဓိက နေရာတွေ အတွက် လိုအပ်တဲ့ ကစားသမား အစုံအလင် ရထားပြီးပါပြီ ။ မနှစ်နဲ့ ဒီနှစ် အပြောင်းအလဲ ကို ခင်ဗျားတို့ အခုကတည်းက မြင်တွေ့ရမှာပါ ။ ”

” သီယာဂို ဆေးလ်ဗား ဟာ ကမ္ဘာ့ အဆင့် ခံစစ်မှူး ဖြစ်ပါတယ် ။ သူတို့ရဲ့ အစွန် နောက်ခံလူ တွေဟာ ကျွန်တော့ အတွက်တော့ ဒီလိဂ် က အကောင်းဆုံး အဆင့်တွေထဲမှာ ရှိနေပါတယ် ။ သူတို့ဟာ အင်္ဂလန် လက်ရွေးစင် တွေလည်း ဖြစ်ကြပါတယ် ။ ၂ယောက်စလုံး ဟာ ထူးချွန် ထက်မြက်ကြပါတယ် ။ ”

” ဆေးလ်ဗား ဆိုရင် ၊ နောက်ထပ် ဗဟို ခံစစ် အတွဲအဖက် ဖြစ်တဲ့ ကတ်ဇူးမား ရဲ့ အရည်အသွေး ကိုတောင် တဆင့် မြှင့်တင်ပေးနေပါတယ် ။ အသစ် ခေါ်ယူထားတဲ့ ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ ကလည်း ကျစ်လျစ် တည်ငြိမ်မှု အပြည့် ရှိပါတယ် ။ နေရာစုံ ကနေ သူတို့ရဲ့ အရည်အသွေး တွေက တိုးတက်လာတာပါ ။ ”

” ဟာကင် ဇီယက်ချ် ဆို မှော်ဝင် ဘယ်ခြေ ကို ပိုင်ဆိုင်ထားပြီး ၊ ပြိုင်ဖက် အသင်းတွေရဲ့ ခံစစ်ကြောင်း ကို အချိန်မရွေး ဖြိုခွဲနိုင်စွမ်း ရှိပါတယ် ။

တီမို ဗာနာ ဟာလည်း ချဲလ်ဆီး အတွက် ဂိုးတွေ အများကြီး သွင်းထားပေးပြီးပါပြီ ။ တမ်မီ အေဘရာဟမ် ဆိုရင်လည်း မနှစ်ကထက် ပိုပြီး တိုးတက်လာပါတယ် ။ နောက်ပြီး မေဆင်မောင့် လည်း ကျန်ပါသေးတယ် ။ ”

” ဒီနေရာမှာ ပြဿနာ တခုရှိတာ က ဖရန့် ဟာ ချဲလ်ဆီး တသင်းလုံး ကို ပျော်ရွှင်အောင် ထားရမှာ ဖြစ်ပါတယ် ။ ဒါဟာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံး အလုပ် ဖြစ်လာနိုင်ပါတယ် ။ ခင်ဗျား ရဲ့ အသင်းမှာ ထိပ်တန်း ကစားသမား တချို့ ဟာ ခြေစွမ်းကောင်းလျက်နဲ့ ကစားခွင့် မရနေဘူး ဆိုရင် သူတို့ အတွက် ခံရခက်ပါတယ် ။ ”

” လောလောဆယ် မှာတော့ ကိုင်ဟာဗက်ဇ် ဟာ ဗိုင်းရပ်စ် ဝေဒနာကြောင့် မပါဝင်နိုင်သေးသလို ၊ ခရစ်တီယန် ပူလီဆစ် ကလည်း ဒဏ်ရာ ရနေပါတယ် ။ မတ်တီယို ကိုဗာဆစ် ကတော့ ပြီးခဲ့တဲ့ စနေနေ့ က ပွဲထွက် ပြန်ပါခွင့် ရခဲ့ပေမယ့် ၊ ဒီရာသီမှာ သူ ကစားခွင့် သိပ်မရနေပါဘူး ။ ဒါဟာ ချဲလ်ဆီး တို့ ဒီရာသီ ရှေ့ဆက် ဖြေရှင်းရမယ့် ပုစ္ဆာ တပုဒ် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular