ပရီးမီးယားလိဂ် ကစားသမား စာရင်း မှာ ပီတာချက် ကို အရေးပေါ် ခေါ်ယူခဲ့ခြင်း အပေါ် မှတ်ချက် ပေးလာတဲ့

ချဲလ်ဆီး အသင်း ဟာ မနေ့ညကပဲ ၊ ၂၀၂၀ – ၂၀၂၁ ဘောလုံး ရာသီ အတွက် ပရီးမီးယားလိဂ် ကစားသမား ၂၆ယောက် စာရင်း ကို ထုတ်ပြန် ကြေညာခဲ့ရာ ၊ ဘောလုံး လောကမှ အနားယူခဲ့ပြီး ဖြစ်တဲ့ ဂန္တဝင် ဂိုးသမားကြီး ပီတာချက် ကို အံ့သြဖွယ် ထည့်သွင်းခဲ့ပါတယ် ။

ဒါဟာ ကိုရိုနာဗိုင်းရပ်စ် အရေးပေါ် ခေါ်ယူမှု အဖြစ်လို့သာ ချဲလ်ဆီး အသင်း ဖက်က တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီး ၊ အခြား ချဲလ်ဆီး ဂိုးသမား ၃ဦးထဲက ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အခြေအနေမျိုး အတွက် ပီတာချက် က ၄ယောက်မြောက် ဂိုးသမား အဖြစ် တာဝန်ယူပေးမှာ ဖြစ်ပါတယ် ။

myan789

ပီတာချက် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီကမှ ဖရန့် လမ်းပတ် နဲ့ အတူ ချဲလ်ဆီး ကို နည်းစနစ် ဒါရိုက်တာ ရာထူး နဲ့ ပြန်လည် ရောက်ရှိနေခဲ့သူ ဖြစ်ပါတယ် ။ ဒီရာသီမှာ ဆိုရင် ပီတာချက် ဟာ အားနေတဲ့ အချိန်မှာ ချဲလ်ဆီး ဂိုးသမား တွေကို သူ ကိုယ်တိုင် တတ်နိုင်သလောက် လေ့ကျင့် သင်ကြားပေးနေခဲ့သူ ဖြစ်ပါတယ် ။

အခုလို ပီတာချက် ကို ပရီးမီးယားလိဂ် အပြီးသတ် ကစားသမား စာရင်း အတွက် ခေါ်ယူခဲ့ခြင်း အပေါ် လမ်းပတ် က ” ဟုတ်ပါတယ် ။ ပီတာ ဟာ ကျန်တဲ့ အသင်း ဂိုးသမား ၃ဦး နဲ့ လေ့ကျင့်နေခဲ့တာ အချိန် နည်းနည်းကြာခဲ့ပါပြီ ။ ဒါဟာ ကလပ် က ဂိုးသမားတွေ အတွက်လည်း ပီတာ ဆီကနေ အတွေ့အကြုံကောင်းတွေ ရရှိစေမှာ ဖြစ်ပါတယ် ။ ”

” အသင်း ရဲ့ လူစာရင်း ကို ကြည့်လိုက်တဲ့အခါ ဒီ တနေရာ က လစ်လပ်နေခဲ့ပြီး ၊ ကိုဗစ် အတွက် အရေးပေါ် အစားထိုးဖို့ အခြေအနေ အရ တခြား ဘယ်သူ့ကိုမှ ခေါ်လို့ မရတာကြောင့် ၊ ရှည်ရှည်ဝေးဝေး စဉ်းစားစရာ မလိုခဲ့ပဲ ၊ ပီတာ ကို အခုလိုမျိုး အရန် ဂိုးသမား တဦး အဖြစ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ် ။ ”

” ပီတာ ဟာ အရင်အတိုင်း နေ့ဖက်တွေမှာ ဒါရိုက်တာ အလုပ် ကို သူ ဆက်လုပ်နေမှာ ဖြစ်ပြီး ၊ ( ဗိုင်းရပ်စ် အခြေအနေ တခုခုကြောင့် ) အသင်းက လိုအပ်လာရင်တော့ ချဲလ်ဆီး အတွက် ဂိုးသမား တာဝန်ကို သူယူပေးမှာ ဖြစ်ပါတယ် ။ ”

” ပီတာ ဟာ လောလောဆယ် မှာ ကြံ့ခိုင်မှု အရမ်း ပြည့်နေပါတယ် ။ နောက်ပြီး ဂိုးသမား တယောက် အနေနဲ့ သူဟာ ငယ်မူငယ်သွေး ရှိနေဆဲပါပဲ ။ ကစားသမား ဘဝ ကို ရှေ့ဆက်လို့ ရသေးတဲ့ အချိန်မှာတောင် အနားယူဖို့ သူ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ် ။ အခု လက်ရှိ နည်းစနစ် ဒါရိုက်တာ ရာထူး မှာလည်း သူ အကောင်းဆုံး စွမ်းဆောင် ပေးထားပါတယ် ။ ”

” ကျွန်တော်တို့ ၂ယောက် ဟာ နီးကပ်စွာ အလုပ်တူတူ လုပ်ကြပြီး ၊ သူဟာ ကျွန်တော့ အတွက် အတော်လေး အထောက်အကူ ပေးသူ ဖြစ်ပါတယ် ။ တခြား ဂိုးသမားတွေနဲ့လည်း ပုံမှန် အတိုင်း လေ့ကျင့်နေလို့ ၊ ကြံ့ခိုင်မှုတော့ ပြည့်နေဆဲ ဖြစ်ပါတယ် ။ အခုလို ဂိုးသမား တနေရာစာ အတွက် သူ့ကို ကျွန်တော်တို့ ခေါ်ယူ အစားထိုးထားတာ မှန်ပေမယ့် ၊ ဒီရာသီ အတွင်း သူ ကစားခွင့်တွေ ရမလား ဆိုတာက မသေချာပါဘူး ။ ”

” အရှေ့မှာ ကျွန်တော် ပြောခဲ့တဲ့ အတိုင်း ၊ ပီတာ ရဲ့ ကစားခွင့် က တခြား ဂိုးသမားတွေရဲ့ ကိုှစ် အန္တရာယ် နဲ့ နီးစပ်မှု ရှိမရှိ အပေါ်မှာပဲ မူတည်နေပါတယ် ။ ဒီ ရည်ရွယ်ချက် နဲ့ပဲ ကျွန်တော်တို့ သူ့ကို ခေါ်ယူထားတာပါ ။ ပီတာ ကို ကလပ် ကစားသမား စာရင်း မှာ ပြန်လည် ခေါ်ယူဖို့ အများကြီး စဉ်းစားစရာ မလိုခဲ့ပါဘူး ။ ”

” သူ ရှိနေတဲ့ အတွက် အသင်းသားတွေ အတွက်လည်း အတွေ့အကြုံပိုင်း သင်ယူ လေ့လာခွင့် တွေ ပိုရလာမယ် လို့ ခံစားရပါတယ် ။ ကျွန်တော့ ရဲ့ နေ့စဉ် လေ့ကျင့်ရေး အစီအစဉ်တွေ အတွက် အထောက်အကူ ပြုပါတယ် ။ ပုံစံကောင်း တခုမှာ ပီတာ ရှိနေသေးသရွေ့ ကျန်တဲ့ ဂိုးသမားတွေ အတွက် ကောင်းကျိုးတွေသာ ရရှိစေမှာပါ ။ ”

” ကျွန်တော် တို့ဟာ မော်ဒန် ဘောလုံး လောက ရဲ့ ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား တဦး ကို မြင်တွေ့ရဖို့ ရှိပါတယ် ။ ဒါဟာ romance ဆန်တဲ့ ခေါ်ယူမှု သက်သက် မဟုတ်ပါဘူး ။ ပီတာ ဟာ လေ့ကျင့်နေရတာ ကို နှစ်သက်သူ တဦးပါ ။ ကျွန်တော် ဆိုလည်း သူ့ထက်တောင် ပိုပြီး လေ့ကျင့်ချင်ပါသေးတယ် ။ ”

” ဒါပေမယ့် ပြင်းပြင်းထန်ထန် ပြေးလိုက်တိုင်း ၊ ခြေသလုံး ကြွက်သား တွေက နည်းနည်း ချောင်ချင်သလို ဖြစ်လာလို့ပါ ။ ပီတာ ကို ဒီ ရာသီ အတွင်း ပွဲစဉ်တွေမှာ များများစားစား မြင်ရဖို့ ကျွန်တော် မမျှော်မှန်းထားပါဘူး ။ ဒါပေမယ့် တကယ့် အရေးပေါ် အခြေအနေမျိုး ပေါ်ပေါက်လာခဲ့ရင်တော့ ကြံ့ခိုင်မှုသာ ပြည့်နေရင် ကျွန်တော် တို့ဖက်က ပီတာ လောက် အရည်အသွေး ပြည့်ဝတဲ့ ဂိုးသမားမျိုး နောက်ထပ် ရှာလို့ မရတော့ပါဘူး ။ ”

” ကျွန်တော် ကိုယ်တိုင်တော့ သူ ကစားရမယ့် အခြေအနေမျိုး မမျှော်မှန်းထားပေမယ့် ၊ နောက် ၆လ ၊ ၇လ အတွင်းမှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကိုလည်း ဘယ်သူကမှ ကြိုတင် မှန်းဆလို့ မရနိုင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular