ပရီးမီးယားလိဂ်ပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်

အဲဗာတန် – မန်ယူ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၇ ရက်၊ ည ၇:၀၀ နာရီ)
နောက်ဆုံး (၃)ပွဲရလဒ်တွေကြောင့် အဲဗာတန်က ထိုးဆင်းလာတယ်။ လီဗာပူးလ်ကို သရေကျခဲ့တဲ့ပွဲအထိ ခြေစွမ်းပိုင်းက ပြဿနာမရှိပေမဲ့ အဲဒီပွဲမှာ ရစ်ချာလီဆန် အနီကတ်ထိသွားတယ်။ အသင်းက အဓိကကစားသမားတချို့ရဲ့ ဒဏ်ရာပြဿနာတွေလည်း ရှိလာလို့ ရလဒ်တွေက ကျဆင်းလာတယ်။ ဒီပွဲလည်း ရစ်ချာလီဆန်လွဲချော်ဦးမှာဖြစ်တယ်။ ဒါပေမဲ့ ဟာမီးစ်ပြန်ကစားမှာဖြစ်ပြီး ဆောက်သမ်တန်နဲ့ပွဲတုန်းက အနီကတ်ပြစ်ဒဏ်ကို (၁)ပွဲပယ်ပြစ်ဒဏ်အထိ လျှော့ချပေးခံရလို့ အားထားရတဲ့ နောက်ခံလူ ဒစ်ဂ်နေးလည်း ပြန်ပါလာမယ်။ ဒါကြောင့် အဲဗာတန် ပြန်အားကောင်းလာဖို့ရှိတယ်။ မန်ယူက အိမ်ကွင်းမှာနိုင်ပွဲမရသေးပေမဲ့ ဘရိုက်တန်၊ နယူးကာဆယ်တို့ကို အဝေးကွင်းမှာနိုင်ခဲ့ပြီး အထူးသဖြင့် နယူးကာဆယ်နဲ့ပွဲကခြေစွမ်း ကောင်းပါတယ်။ အာဆင်နယ်နဲ့ ပွဲမှာတော့ ရလဒ်ဆိုးခဲ့ပြန်တယ်။ လက်ရှိအချိန်မှာ နှစ်သင်းစလုံးက အားရစရာအရမ်းမကောင်းဘူး။ မန်ယူ သာပေမဲ့ အဲဗာတန် ပြန်ကောင်းလာနိုင်တာကို ထည့်စဉ်းစားရမယ်။ သရေကျနိုင်တယ်။

ခရစ္စတယ်ပဲလေ့စ် – လိဒ်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၇ ရက်၊ ည ၉:၃၀ နာရီ)
လိဒ်စ်က တန်းတက်အသင်းဆိုပေမဲ့ သူတို့ရဲ့ရလဒ်၊ ခြေစွမ်း၊ တိုက်စစ်ကြောင့် လူစိတ်ဝင်စားမှု၊ အထင်ကြီးမှုကို ခံနေရတယ်။ ဒါပေမဲ့ လက်စတာနဲ့ပွဲမှာတော့ လိဒ်စ် တော်တော်ညံ့ပါတယ်။ အထူးသဖြင့် ခံစစ်ပိုင်းက ကျိုးပဲ့လွယ်တာတွေ့ရတယ်။ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်ပိုင်းကစားသမားတွေရဲ့ အရည်အသွေးကိုထည့်စဉ်းစားရင် ပဲလေ့စ် မရှုံးနိုင်တဲ့ ပွဲလို့မြင်တယ်။ နိုင်ပွဲရနိုင်တယ်။

myan789

ချယ်လ်ဆီး – ရှက်ဖီးယူနိုက်တက် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၇ ရက်၊ ည ၁၂:၀၀ နာရီ)
ရှက်ဖီးယူနိုက်တက်က အိမ်ကွင်းမှာ ဖူလ်ဟမ်ဆီက တစ်မှတ်ရခဲ့တဲ့ပွဲကလွဲပြီး ကျန်ပွဲတွေမှာ အမှတ်တစ်မှတ်ရဖို့တောင် မလွယ်ဘူးဖြစ်နေတယ်။ ဖူလ်ဟမ်နဲ့ပွဲမှာတောင် ရှက်ဖီးကစားတာ ညံ့ပါတယ်။ လီဗာပူးလ်၊ မန်စီးတီးတို့နဲ့ ကစားတဲ့ပွဲတွေမှာ ရုပ်ပျက်ဆင်းပျက် မရှုံးခဲ့ပေမဲ့ ခံစစ်ကစားတာပဲ ကောင်းပြီး တိုက်စစ်မကောင်းသလို၊ ပြိုင်ဘက်တွေတိုက်စစ်ကျနေချိန်လည်းဖြစ်တယ်။ တိုးတက်မှုတွေမြင်လာရတဲ့ ချယ်လ်ဆီး ဂိုးပြတ်သွင်းမယ်။

ဝက်စ်ဟမ်း – ဖူလ်ဟမ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၈ ရက်၊ နံနက် ၂:၃၀ နာရီ)
ဝက်စ်ဟမ်းက ဝုလ်ဗ်၊ လက်စတာတို့ကို ဂိုးပြတ်တွေသွင်းပြီး၊ စပါးနဲ့ မန်စီးတီးကို သရေ၊ လီဗာပူးလ်ကို ရှုံးခဲ့တယ်။ Current Form အရဆို တဖြည်းဖြည်းကျလာပေမဲ့ ဝက်စ်ဟမ်းကစားတာကောင်းတယ်ဆိုတာ အားလုံးသိပါတယ်။ ဒါပေမဲ့ တိုက်စစ်ကိုတော့ သံသယဝင်မိတယ်။ ဖူလ်ဟမ်က နိုင်သင့်တာကြာပါပြီ။ ဝက်စ်ဘရွန်းနဲ့ပွဲမှာလည်း တကယ် ကောင်းခဲ့တယ်။ ဝက်စ်ဟမ်းကို ဒုက္ခပေးနိုင်စွမ်းရှိတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular