ပရီးမီးယားလိဂ်ပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်

အဲဗာတန် – လီဗာပူးလ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၇ ရက်၊ ညနေ ၆:၀၀ နာရီ)
ပုံမှန်အားဖြင့်တော့ အဲဗာတန်က လီဗာပူးလ်ကို ယှဉ်နိုင်လေ့မရှိတာ တွေ့ရတယ်။ ဒါပေမဲ့ အိမ်ကွင်း ကစားတဲ့ပွဲတွေမှာတော့ ဒုက္ခပေးနိုင်ပါတယ်။ ပြီးတော့ ဒီရာသီ အဲဗာတန်ရဲ့ခြေစွမ်းက အကောင်းဆုံးပုံစံရောက်လာသလို၊ အသင်းရဲ့စုဖွဲ့မှုကလည်း လီဗာပူးလ်တင်မဟုတ်ဘဲ တခြားထိပ်တန်းအသင်းကြီးတွေကိုပါ ယှဉ်နိုင်စွမ်းရှိလာတာတွေ့ရတယ်။ ဒီရာသီမှာ ကစားခဲ့ပြီးတဲ့ (၄)ပွဲစလုံး အနိုင်ကစားထားသလို၊ တိုက်စစ်ပိုင်းကလည်း ဂိုးသွင်းနှုန်းတက်နေတယ်။ သွင်းဂိုးတွေအတွက် ယုံကြည်မှုရှိနေသလို၊ ဂိုးရလွယ်လာတာတွေ့ရတယ်။ သတင်းကောင်းက အားထားရတဲ့ တိုက်စစ်မှူး ရစ်ချာလီဆန် ကြံ့ခိုင်မှုပြည့်ဝလာပြီး ကယ်လ်ဗတ်လူဝင်၊ ဟာမီးစ်တို့နဲ့ အကောင်းဆုံးတွဲဖက်လိမ့်မယ်။ လီဗာပူးလ်ကလည်း မာနေ ပြန်ကစားနိုင်တော့မှာဖြစ်သလို၊ အသင်းရဲ့တိုက်စစ်ကို ပြန်အားဖြည့်လိမ့်မယ်။ ဒီပွဲက တိုက်စစ်အပြိုင်ဖွင့်ကစားဖို့များပြီး နှစ်သင်းစလုံးရဲ့ခံစစ်တွေကလည်း ဂိုးတွေပေးနေရတာတွေ့ရတယ်။ လက်ရှိအချိန်မှာ စိတ်ပိုင်းဆိုင်ရာအမြင့်ဆုံးရောက်နေတဲ့ အဲဗာတန်ကိုကြိုက်တယ်။

ချယ်လ်ဆီး – ဆောက်သမ်တန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၇ ရက်၊ ည ၈:၃၀ နာရီ)
ချယ်လ်ဆီးက ဝက်စ်ဘရွန်းနဲ့ပွဲမှာ (၃)ဂိုးပေးရပြီးမှ ဂိုးတွေပြန်လိုက်သွင်းနိုင်ခဲ့ပြီး၊ နောက်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပဲလေ့စ်ကို (၄)ဂိုးသွင်းနိုင်ခဲ့တယ်။ နောက်ဆုံး (၇)ဂိုးအတွင်း ပေးဂိုးမရှိအောင် ကစားလာနိုင်တယ်။ ဇူးမား-သီယာဂိုဆေးလ်ဗားကို ဆက်တည်ထားပြီး ကစားဖို့လိုတယ်။ တစ်ပွဲတစ်မျိုးပြောင်းနေရင်တော့ အထိုင်ငြိမ်မှာမဟုတ်ဘူး။ ဆောက်သမ်တန်က ခြေတက်နေပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီး နိုင်ပွဲဆက်လိမ့်မယ်။

myan789

မန်စီးတီး – အာဆင်နယ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၇ ရက်၊ ည ၁၁:၀၀ နာရီ)
လက်စတာကို ဂိုးပြတ်ရှုံး၊ လိဒ်စ်ကို (၁-၁) ဂိုးနဲ့ သရေကျပြီး မန်စီးတီးရဲ့အဆိုးရွားဆုံးအချိန်တွေကို ရောက်နေပါတယ်။ အဲဗာတန်-လီဗာပူးလ်တို့ ထိပ်တိုက်တွေ့နေချိန်မှာ အမှတ်မကွာအောင်လုပ်ထားဖို့လိုပြီး၊ ဒီပွဲက မန်စီးတီးအတွက် အရေးကြီးတယ်။ အာတီတာက ဂွါဒီယိုလာဆီက ထွက်လာပေမယ့် အာဆင်နယ်ကို တည်ဆောက်ပုံက ဂွါဒီယိုလာရဲ့ ဘာစီလိုနာ၊ မန်စီးတီးစတိုင်တော့ မဟုတ်ဘူး။ အသင်းမှာရှိတဲ့လူနဲ့ အဆင်အပြေဆုံးပုံစံကို တည်ဆောက်ထားပြီး Possession Game နဲ့ ကစားတဲ့အသင်းကြီးတွေကို ဒုက္ခပေးနိုင်လေ့ရှိတာလည်း တွေ့ရတယ်။ ပြီးခဲ့တဲ့ရာသီ FA ဖလားဆီမီးဖိုင်နယ်ပွဲတုန်းကလည်း ဂွါဒီယိုလာကို အာတီတာက (၂-ဝ)နဲ့ အနိုင်ကစားသွားခဲ့တယ်။ ဒါပေမဲ့ မန်စီးတီးကို ရင်ဆိုင်ရတဲ့အခါ Counter နဲ့ ပြန်ချောင်း ကစားတယ်ဆိုတဲ့ပုံစံကလည်း အမြဲတမ်းအလုပ်ဖြစ်နေဖို့ မလွယ်ဘူးဆိုတာ သတိပြုရမယ်။ တစ်ဦးချင်းမထိန်းနိုင်ဘဲ ဂိုးတွေ ပေးလိုက်ရတာမျိုးတွေဖြစ်လာနိုင်တယ်။ မန်စီးတီးက Aggressive ဖြစ်နေတဲ့အသင်းပါ။ သေချာပေါက် (၃)မှတ်ယူလိ်မ့်မယ်။

နယူးကာဆယ် – မန်ယူ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၈ ရက်၊ နံနက် ၁:၃၀ နာရီ)
စပါးကို ဂိုးပြတ်ရှုံးခဲ့တဲ့ ပွဲကနေ မန်ယူအသင်း ပြန်ခုန်တက်နိုင်ဖို့လိုတယ်။ ခက်တာက နယူးကာဆယ်ကလည်း အားကောင်းနေပြီး၊ မက်ဆီမင်ပြန်ကစားနိုင်တဲ့အတွက် တိုက်စစ်ကလည်း အလုပ်လုပ်ပုံ ပိုကောင်းလာတယ်။ မနှစ်ကလည်း အိမ်ကွင်းမှာ မန်ယူကို အလဲထိုးခဲ့ဖူးတယ်။ မန်ယူရဲ့တိုက်စစ်ကစားပုံကျနေတာ၊ ကွင်းလယ်အားပျော့လာတာ၊ ခံစစ် စိတ်မချရတာတွေကိုပါ ထည့်တွက်ရင် နယူးကာဆယ်ကို ပိုကြိုက်တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular