ပရီးမီးယားလိဂ်ပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်

ဘန်လေ – ဝုလ်ဗ် (မြန်မာစံတော်ချိန် ဇူလိုင် ၁၅ ရက် ည ၁၁:၃၀ နာရီ)
နှစ်ပွဲဆက် ရှုံးပွဲတွေ့ခဲ့တဲ့ ဝုလ်ဗ်က အဲဗာတန်နဲ့ပွဲမှာအ ကောင်းဆုံးပုံစံပြခဲ့တယ်။ တိုက်စစ်ပိုင်းမှာ အရည်အသွေးမြင့် ကစားသမားတွေကို လိုသလို လဲလှယ်သုံးနိုင်တာ ဝုလ်ဗ်ရဲ့ အားသာချက်ဖြစ်ပြီး ဒီပွဲကလည်း ခက်ခဲနိုင်ပေမယ့် ဝုလ်ဗ်အနိုင်နဲ့

မန်စီးတီး – ဘုန်းမောက် (မြန်မာစံတော်ချိန် ဇူလိုင် ၁၅ ရက် ည ၁၁:၃၀ နာရီ)
မန်စီးတီးက ခံစစ်ကို အပြောင်းအလဲလုပ်လိုက်၊ ကွင်းလယ် အပြောင်းအလဲလုပ်လိုက် ကစားနေပေမယ့် တိုက်စစ်ကကျမသွားဘူး။ မန်စီးတီးရဲ့ပြိုင်ဘက်အနေနဲ့ ဘုန်းမောက်မျှော်လင့်နိုင်တာဆိုလို့ စီးတီးတိုက်စစ်ကစားသမားတွေ ဂိုးကံခေပါစေပဲ ဆုတောင်းဖို့ ရှိတယ်။ ပုံမှန်ကတော့ (၃-၀၊ ၄-၀) ပဲ။သရေပဲ။

myan789

နယူးကာဆယ် – စပါး (မြန်မာစံတော်ချိန် ဇူလိုင် ၁၅ ရက် ည ၁၁:၃၀ နာရီ)
အာဆင်နယ်ကို အနိုင်ကစားခဲ့ပြီးတဲ့နောက် စပါးရဲ့ဥရောပဝင်ခွင့်မျှော်လင့်ချက်က ပြန်ရှင်သန်လာတယ်။ ဒီပွဲကို ထပ်နိုင်ခဲ့ရင် လက်စတာကို အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ မျှော်လင့်ချက် ပိုအားကောင်းနိုင်တယ်။ နယူးကာဆယ်ကလည်း နှစ်ပွဲဆက်ရလဒ်ဆိုးခဲ့ပြီးအရှိန်ကျသွားပြီ။ စပါးပဲ နိုင်မယ်။

အာဆင်နယ် – လီဗာပူးလ် (မြန်မာစံတော်ချိန် ဇူလိုင် ၁၆ ရက် နံနက် ၁:၄၅ နာရီ)
အာဆင်နယ်က တောက်လျှောက်အရှိန်ရလာခဲ့ပြီးမှ စပါးနဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့တယ်။ ဒါပေမဲ့ ဒီရှုံးပွဲက အာဆင်နယ်ခံစစ်အမှားကြောင့် ချေပဂိုးပေးလိုက်ရတာ၊ Set-piece ကနေ နောက်တစ်ဂိုးပေးလိုက်ရတာဖြစ်ပြီး အာဆင်နယ်ကစားပုံမညံ့ခဲ့ဘူး။ ဒီပွဲနဲ့ပတ်သက်ရင် အာဆင်နယ်ရဲ့စိတ်ပိုင်းဆိုင်ရာကို ထိခိုက်ဖို့မရှိဘူးလို့ပဲ ပြောရမယ်။ ဒါပေမဲ့ လီဗာပူးလ်နဲ့ ကစားရမယ့်ပွဲက အာဆင်နယ်အတွက် ပိုခက်ခဲတယ်။ လီဗာပူးလ်ရဲ့ ခံစစ်တောင်ပံတွေက ထိန်းချုပ်ရခက်သလို၊ ကွင်းလယ်ကလည်း စပါးထက် ပိုမာကျောပြီး စနစ်ကျတယ်။ ဒါ့အပြင် မာနေ-ဖေမီနို-ဆာလာတို့ကို ထိန်းချုပ်ဖို့အတွက်ဆိုရင် အာဆင်နယ်နောက်ပိုင်းပွဲတွေမှာ ကစားပုံကောင်းနေတဲ့ ၃-၄-၃ နဲ့သွားလို့မရဘူး။ ဒါကြောင့် Formation ပြန်ပြောင်းရဖို့များပြီး အထိုင်ပျက်သွားနိုင်တယ်။ လီဗာပူးလ်က ပြီးခဲ့တဲ့ပွဲမှာ သရေကျခဲ့ပေမယ့် နိုင်ပွဲရသင့်တဲ့ပွဲတစ်ပွဲပါ။ ပြီးတော့ တစ်ပွဲအရှိန်တန့်ပြီးတိုင်း ပြန်ရုန်းထွက်နိုင်တဲ့အသင်းလည်းဖြစ်တယ်။ လီဗာပူးလ်ကို ကြိုက်တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular