ပရီးမီးယားလိဂ်ပွဲစဉ် (၃၅)ပွဲကြိုသုံးသပ်ချက်

နောဝစ်ချ် – ဝက်စ်ဟမ်း (စနေညနေ ၆းဝ၀ နာရီ)
နောဝစ်ချ်က တန်းဆင်းဖို့ သေချာသလောက်ရှိနေတဲ့အသင်းဖြစ်ပြီး လက်ကျန်ပွဲစဉ် အားလုံးကို အနိုင်ကစားနိုင်ရင်တောင် ပြိုင်ဘက်တွေရဲ့အခြေအနေကိုကြည့်ရမယ့် အနေ အထားဖြစ်နေတယ်။ ဝက်စ်ဟမ်းကတော့ ရာသီကုန်ခါနီးမှာ ခြေစွမ်းရော၊ ရလဒ်ပါတည်ငြိမ် လာပြီး အန်တိုနီယိုရဲ့ ရုန်းအား၊ တိုးအားတွေကို အသုံးချပြီး ကစားတာတွေ့ရတယ်။ နော ဝစ်ချ်တိုက်စစ်က ဝက်စ်ဟမ်းကို ခြိမ်းခြောက်နိုင်မယ်မထင်ဘူး။ ဝက်စ်ဟမ်းကိုကြိုက်တယ်။

ဝက်ဖို့ဒ် – နယူးကာဆယ် (စနေညနေ ၆းဝ၀ နာရီ)
မန်စီးတီးနဲ့ ပွဲအဖြေမသိရသေးခင်အထိကို နယူးကာဆယ်ရဲ့ရလဒ်တွေက စိတ် ဝင်စားစရာကောင်းတယ်။ ဒီအသင်းက အမှတ်လည်း သိပ်မလိုဘဲ ပြိုင်ဘက်တိုင်းကို ဒုက္ခ ပေးနေတာလည်း တွေ့ရတယ်။ ဝက်ဖို့ဒ်ကတော့ နောက်ဆုံးပွဲမှာ တန်းဆင်းဇုန်ပြိုင်ဘက် နောဝစ်ချ်ကိုနိုင်လိုက်တာ ကံကောင်းတယ်။ ဒါပေမဲ့ ပွဲကျပ်တွေကျန်နေသေးတဲ့အသင်း ဖြစ်လို့ နယူးကာဆယ်ဆီက အမှတ်ရဖို့အရေးကြီးတယ်။ ဝက်ဖို့ဒ်ကို ကြိုက်တယ်။

myan789

လီဗာပူးလ် – ဘန်လေ (စနေည ၈း၃၀ နာရီ)
ဘန်လေကတော့ တိုက်စစ်အသင့်အတင့်၊ ခံစစ်အသင့်အတင့်နဲ့ သူတို့ ပုံစံအတိုင်း မာမာကျောကျောသွားနေတယ်။ ခက်ခဲမယ်လို့ထင်ရတဲ့တချို့အသင်းတွေကိုလည်း ဒုက္ခ ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ အသင်းကြီးတွေနဲ့ ပွဲတွေမှာ ခံစစ်ပိုင်းက ဆိုးတယ်။ အမြန်နှုန်းအား ပြုတဲ့အသင်းကြီးတွေနဲ့ဆို ဒုက္ခရောက်လေ့ရှိတယ်။ လီဗာပူးလ်က ရာသီကုန်တဲ့အထိ အာ ရုံစိုက်ကစားမယ့် အနေအထားပါ။ လီဗာပူးလ် ဂိုးပြတ်မယ်ထင်တယ်။

ရှက်ဖီးယူနိုက်တက် – ချယ်လ်ဆီး (စနေည ၁၁းဝ၀ နာရီ)
ချယ်လ်ဆီးရဲ့လက်ရှိခံစစ်ကစားပုံအရဆိုရင် ရှက်ဖီးယူနိုက်တက်က ဂိုးသွင်းနိုင်မှာသေချာတယ်။ ဒါပေမဲ့ ရှက်ဖီးယူနိုက် တက်ရဲ့ခံစစ်ကရော ချယ်လ်ဆီးတိုက်စစ်ကို ထိန်းချုပ်နိုင်ပါ့မလားဆိုတာကို စဉ်းစားရမှာပါ။ ချယ်လ်ဆီးရဲ့လက်ရှိ တိုက်စစ်က နောက်ဆုံး (၅)ပွဲမှာ (၁၂)ဂိုးတောင်သွင်းခဲ့ပြီး ဝီလီယံက တိုက်စစ်ကို ဦးဆောင်ကစားနိုင်တယ်။ ပူလီဆစ်က သွင်းဂိုးတွေအ တွက် ထိထိရောက်ရောက်ကစားနိုင်တယ်။ ကွင်းလယ်ကလည်း ခံစစ်ကနေ တိုက်စစ်ကို Transition လုပ်တာမြန်တယ်။ ရှက် ဖီးယူနိုက်တက်က အသင်းကြီးတွေနဲ့ပွဲတွေမှာ ခံစစ်ပိုင်းကို စနစ်တကျပိတ်ဆို့ကစားတတ်ပြီး ကွင်းလယ်ကလည်း ပြိုင်ဘက် အသင်းကို နေရာလွတ်တွေမပေးရအောင် ကြိုးစားလေ့ရှိတယ်။ ချယ်လ်ဆီးက ခံစစ်နဲ့ ကွင်းလယ်ကြားမှာ အပေါက်အပြဲတွေ အများကြီးရှိတာမှန်ပေမယ့် Space ကျဉ်းကျဉ်းထဲမှာ ဘောလုံးကိုင်နိုင်တဲ့သူတွေများတာအားသာပါတယ်။ ဒီပွဲက နှစ်သင်းစလုံး အတွက် ခက်ခဲနိုင်ပေမယ့် ချယ်လ်ဆီး (၂-၁) လောက်နဲ့ နိုင်သွားဖို့ရှိတယ်။

ဘရိုက်တန် – မန်စီးတီး (တနင်္ဂနွေနံနက် ၁း၃၀ နာရီ)
ဘရိုက်တန်ကတော့ လီဗာပူးလ်နဲ့ ပွဲအပြီးမှာ မန်စီးတီးနဲ့ ထပ်တွေ့နေတယ်။ ရှေ့ ပွဲ တွေတုန်းကလည်း အာဆင်နယ်၊ လက်စတာ၊ မန်ယူတို့နဲ့ တွေ့ခဲ့သေးတယ်။ ဒီလောက် ပွဲ ကျပ်နေတဲ့ကာလမှာ အသင်းကြီးတွေနဲ့ ဆက်တိုက်ကစားနေရတာ ပိုပင်ပန်းပါတယ်။ မန် စီးတီးကတော့ ပြိုင်ဘက်ကောင်းဖြစ်စေ၊ ပြိုင်ဘက်ကအားနည်းသည်ဖြစ်စေ ပွဲကိုစိုးမိုးထား မှာသေချာတယ်။ ကံဆိုးတဲ့ပွဲမှ ရှုံးမှာဖြစ်ပြီး ပုံမှန်အားဖြင့်တော့ မန်စီးတီး နိုင်မယ့်ပွဲပါ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular