ပရီးမီးယားလိဂ်ကို ပြောင်းရင် အလှော်ခံရလိမ့်မယ်လို့ မက်ဆီကို သတိပေးရင်း အကြံပေးစကားပါ ပြောလိုက်တဲ့ ဟီဂွာအင်

စပိန် ထိပ်သီး ဘာစီလိုနာ အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာ သွားခဲ့ရတဲ့နောက် လက်ရှိ အသင်းရဲ့ အတွင်းရေး အချို့ဟာ ကမောက်ကမ ဖြစ်နေ ခဲ့ရ ပါတယ် ။ ဘာစီလိုနာ အသင်းဟာ ဒီ ရက်ပိုင်း မှာပဲ အသင်း ရဲ့ နည်းပြ ဖြစ်သူ ဆက်တီယန်ကို ထုတ်ပယ်ခဲ့ သလို အားကစား ဒါရိုက်တာ ဖြစ်တဲ့ အဘီဒယ် ကိုလည်း ထုတ်ပယ်ခဲ့ ပါတယ် ။

အခြား တစ်ဖက် မှာတော့ အသင်း ရဲ့ အဓိက စူပါ စတား ဖြစ်သူ လီယွန်နယ် မက်ဆီ ဟာလည်း ကတ်တလန် မြေမှာ မပျော်ရွှင် တော့ဘူး ဆိုတဲ့ သတင်းတွေ ဟာလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ် လာခဲ့မှု နဲ့အတူ ကစားသမား ဘဝကို ဒီမှာပဲ ကုန်ဆုံးမယ်လို့ ရည်ရွယ် ထားခဲ့တဲ့ ကလပ်မှ ထွက်ခွာတော့မယ် ဆိုတဲ့ အသံတွေ ဟာလည်း ကျယ်လောင် လာခဲ့ ပါတယ် ။

myan789

လက်ရှိ အချိန်မှာ မက်ဆီကို ခေါ်ယူဖို့ အတက်ကြွဆုံး အသင်း ကတော့ အီတလီ စီးရီးအေ ထိပ်သီး အင်တာ မီလန် အသင်းပါပဲ ။ အင်တာ မီလန် အသင်း ရဲ့ တာဝန် ရှိသူတွေ ကိုယ်တိုင်က မက်ဆီ ကိုသာ ခေါ်ယူ နိုင်မယ် ဆိုရင် အိပ်မက် တွေဟာ တစ်ကယ်ပဲ လက်တွေ့ အကောင်အထည် ပေါ်လာပြီလို့ ဟစ်ကြွေး သွားမှာ ဖြစ်ကြောင်း ယခင် ကတည်းက ပြောခဲ့ဖူး ပါတယ် ။

ဒါပေမယ့် မက်ဆီကို ခေါ်ယူဖို့ အတွက် ငွေကြေး အင်အားကို စိုက်ထုတ် လိမ့်မလား ဆိုတာ ကတော့ အင်တာ အတွက် ကြီးမားတဲ့ မေးခွန်း တစ်ခု အဖြစ် ရှိနေ ခဲ့ရ ပါတယ် ။ အခြား တစ်ဖက် မှာတော့ မန်စီးတီး အသင်း နည်းပြ ဂွာဒီယိုလာ ဟာ အသင်း ကို အင်အား ဖြည့်တင်းဖို့ ရည်ရွယ် နေခဲ့တဲ့ အချိန် ဆုဖလား များစွာ အတူ ဆွတ်ခူး ထားခဲ့ဖူးတဲ့ တပည့်ဟောင်း နဲ့ ပြန်ပေါင်းထုတ် နိုင်တယ် လို့ သတင်းလည်း ထွက်ခဲ့ပါ သေးတယ် ။

အခြား တစ်ဖက် မှာတော့ အသင်းကို ပြန်လည် တည်ဆောက်ဖို့ လုပ်ဆောင် နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာလည်း ငွေကြေး များစွာ သုံးစွဲ နိုင်တဲ့ အသင်း ဖြစ်တဲ့ အတွက် အောင်မြင်မှု ကို အမြန်ဆုံး ရယူ နိုင်အောင် မက်ဆီလို စူပါ စတား ကစားသမား အတွက် ငွေတွေ ပုံအော သွားနိုင်တယ် ဆိုတဲ့ သတင်းတွေ ကလည်း ကျယ်လောင် နေခဲ့ ပါတယ် ။

ဒါပေမယ့် အသင်းကို လူငယ် တွေနဲ့ တည်ဆောက် လိုနေကြတဲ့ ဂွာဒီယိုလာ နဲ့ ဆိုးလ်ရှား တို့ဟာ ငွေကြေး များစွာ သုံးစွဲပြီး အသက် 33 နှစ် အရွယ် ကစားသမားကို ခေါ်ယူ သွားမလား ဆိုတာကလည်း မရေရာတဲ့ မေးခွန်း တစ်ခု ဖြစ်ခဲ့ ပါတယ် ။ ဘယ်လိုပဲ ဆိုနေပါစေ ၊ လက်ရှိ အနေအထားတွေ အရတော့ မက်ဆီသာ အသင်း ပြောင်းမယ် ဆိုရင် ငွေကြေး တက်နိုင်တဲ့ ပရီးမီးယားလိဂ် ကလပ် တွေဟာ ခေါ်ယူ နိုင်ခြေ အမြင့်ဆုံး အဖြစ် ဦးစားပေး ရပ်တည် နေကြ ပါတယ် ။

ဒီလို အနေအထား တစ်ရပ်မှာ ပရီးမီးယားလိဂ် အတွေ့အကြုံ ပိုင်ဆိုင် ထားခဲ့ဖူးတဲ့ ချဲလ်ဆီး အသင်း ရဲ့ တိုက်စစ်မှူးဟောင်း ၊ မက်ဆီ ရဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်းဖော် ဖြစ်သူ ဂွန်ဇာလို ဟီဂွာအင် က ကာယပိုင်း ကြံ့ခိုင်မှု အသားပေး လွန်းတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မက်ဆီဟာ အခက်အခဲတွေ ကြုံတွေ့ ရလိမ့်မယ် လို့ သတိပေး သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော် ပရီးမီးယားလိဂ် မှာ အတော်ကြီး ခံစား ခဲ့ရ ပါတယ် ။ ကျွန်တော်ဟာ အဲ့ဒီမှာ 6 လ အတွင်း အံမဝင် နိုင်ခဲ့ ပါဘူး ။ ဒါဟာ လာလီဂါ ပြိုင်ပွဲ နဲ့ လုံးဝကို မတူခဲ့ ပါဘူး ။ ဒီမှာက ခံစစ် ကစားသမားတွေ ခင်ဗျားကို ကြမ်းကြမ်းရမ်းရမ်း ကန်ကျောက်ရင် ကန်ကျောက် ကြပါ လိမ့်မယ် ။ ဒီအတွက် စပိန်မှာလိုမျိုး ကွင်းလယ်ဒိုင်က အလွယ်အတူ ပစ်ဒဏ်ဘောပေး ဖရီးကစ် ကန်စေမှာ မဟုတ် ပါဘူူး ”

” အဲ့တာ တွေက မက်ဆီ အပေါ် ဘယ်လိုမျိုး သက်ရောက် စေမလဲ ဆိုတာ ကျွန်တော် မသိ ပါဘူး ။ သူ ခံစားနိုင်လိမ့်မယ် လို့ ကျွန်တော် မထင် ပါဘူး ။ သူဟာ အခြား Level တစ်ခုကို ရောက်နေတဲ့ ကစားသမား တစ်ဦးပါ ၊ ဒါပေမယ့် ရင်ဆိုင်ရ ခက်ခဲ နေပါ လိမ့်မယ် ” လို့ ဟီဂွာအင် က လက်ရွေးစင် အသင်းဖော် ဖြစ်သူကို ပရီးမီးယားလိဂ် ရဲ့ ခက်ခဲမှု အကြောင်း ဖော်သည်ချ သတိပေး သွားခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် မက်ဆီ ရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ သူဟာ ဘာမှ မသိရှိထားကြောင်း ၊ ဘယ်လိုပဲ ဖြစ်နေပါစေ ၊ အသင်းဖော်ဟောင်း ဖြစ်သူ အတွက် ပျော်ရွှင်မှုတွေ ဖြစ်စေနိုင်မယ့် ဆုံးဖြတ်ချက်မျိး ကိုပဲ ချမှတ် စေလိုကြောင်း ဟီဂွာအင် က ဆက်လက် ပြောကြား ခဲ့လိုက် ပါတယ် ။

” ဒီအချိန်မှာ မက်ဆီ ဘာတွေ တွေးတော နေသလဲ ဆိုတာကို ကျွန်တော် မသိ ပါဘူး ။ ဒါပေမယ့် သူ့ကို ပျော်ရွှင်မှုတွေ ပေးစွမ်း နိုင်တဲ့ ဆုံးဖြတ်ချက် ကိုပဲ ကျွန်တော် ချမှတ် သွားစေဖို့ မျှော်လင့် နေပါတယ် ။ ဆုံးဖြတ်ချက် တစ်ခု ချမှတ်တဲ့ အခါ ပျော်ရွှင် နေဖို့ ဆိုတာက အရမ်း အရေးကြီး ပါတယ် ။ မင်းကို ပျော်စေ နိုင်မယ့် အလုပ် ကိုပဲ ၊ အခြားသူ တွေကို ပျော်ရွှင် စေနိုင် မလား ဆိုတာ မတွေးတော ပါပဲ ” လို့ ဟီဂွာအင် က အကြံပေး သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular