ပရီးမီးယားလိဂ်ကလပ်တွေ နိုင်ပွဲရခဲ့ကြတဲ့ ယူရိုပါလိဂ်အုပ်စုအဖွင့်

၂၀၂၀-၂၁ ယူရိုပါလိဂ်အဖွင့်စာမျက်နှာမှာ ပရီးမီးယားလိဂ်ကလပ်တွေ ရလဒ်ကောင်းခဲ့ပြီး (၃)သင်းစလုံး နိုင်ပွဲကိုယ်စီရခဲ့ကြပါတယ်။ ဘွန်ဒစ်လီဂါကလပ် လေဗာကူဆင်ကလည်း အိမ်ကွင်းမှာ ဂိုးမိုးရွာခဲ့ပြီး စီးရီးအေကလပ် နာပိုလီကတော့ အိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတယ်။ တခြားစီးရီးအေကလပ်တွေဖြစ်ခဲ့ ရိုးမားနဲ့ အေစီမီလန်တို့ကတော့ အဝေးကွင်းနိုင်ပွဲတွေရယူနိုင်ခဲ့ပြီး အဖွင့်မျက်နှာပန်းလှပခဲ့ပါတယ်။

ခက်ခဲတဲ့ နိုင်ပွဲ
ရပ်ပစ်ဝီအန် ၁-၂ အာဆင်နယ်

အာဆင်နယ်က နိုင်ပွဲရခဲ့ပေမဲ့ ရုန်းကန်ခဲ့ရတယ်။ ရပ်ပစ်ဝီအန်က သာမန်အဆင့်သာရှိတဲ့ အသင်းဖြစ်ပြီး ကစားပုံလည်း မကောင်းခဲ့ပါဘူး။ ဒါပေမဲ့ အာဆင်နယ်အသင်းကိုယ်တိုင်က ကစားပုံ ပျက်ယွင်းနေခဲ့တယ်။ အထူးသဖြင့် ပထမပိုင်းအချိန်တွေမှာဖြစ်ပြီး အန်ကယ်တီယာ၊ လာကာဇက်၊ ပေပေတို့ ပွဲထွက်လာတဲ့ တိုက်စစ်က နားလည်မှုလိုအပ်ခဲ့သလို၊ အထင်ကြီးစရာပုံစံလည်း မပြသနိုင်ခဲ့ဘူး။

myan789

သမားသစ် ပါတေးကလည်း တည်ငြိမ်တဲ့ ပုံစံတချို့ပြခဲ့ပေမဲ့ ထူးထူးခြာခြားတော့လုပ်မပြနိုင်ခဲ့ဘူး။ ဒုတိယပိုင်းဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်ပိုင်း အူဘာမီယန်း လူစားဝင်လာမှ အာဆင်နယ်ရဲ့ တိုက်စစ်တွဲလုံးတွေကို ပိုမိုမြင်လာရတာပါ။ အာဆင်နယ်အတွက် ဂိုးတွေကို (၇၀၊ ၇၄)မိနစ်မှာ ဒေးဗစ်လူးဝစ်ဇ်နဲ့ အူဘာမီယန်းတို့က သွင်းယူခဲ့ပြီး ရပ်ပစ်ဝီအန်အတွက်ဂိုးကိုတော့ ဖိုအန်တက်စ်က (၅၁)မိနစ်မှာ သွင်းယူခဲ့တယ်။

ဒေးဗစ်လူးဝစ်ဇ်ကတော့ ၂၀၁၀ နောက်ပိုင်း ဥရောပပြိုင်ပွဲတွေမှာ အသက်(၃၃)နှစ်(၁၃၈)ရက်နဲ့ အာဆင်နယ်အတွက် ဂိုးသွင်းနိုင်တဲ့ အသက်အကြီးဆုံးကစားသမားဖြစ်ခဲ့ပါတယ်။

ဂိုးပြတ်နိုင်တဲ့ စပါး
စပါး ၃-၀ LASK

စပါးက ဂိုးပြတ်နိုင်ပွဲကို သက်သောင့်သက်သာရယူနိုင်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ တစ်ကျော့ပြန် တိုက်စစ်ကစားသမား ဘေးလ်ကိုလည်း နည်းပြ မော်ရင်ဟိုက ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ပါတယ်။ ဒီပွဲဟာ ဘေးလ်အတွက် ၂၀၁၆ နိုဝင်ဘာနောက်ပိုင်း ဥရောပပြိုင်ပွဲတွေမှာ ပထမဆုံး ပြန်လည်ပွဲထွက်ခွင့်ရတဲ့ပွဲဖြစ်ခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတချို့ကိုလည်း ပြသနိုင်ခဲ့တယ်။

LASK ကတော့ စပါးနဲ့ အဆင့်ချင်းတော်တော်ကွာပြီး ထိရောက်တဲ့ဂိုး ပေါက်ကန်ခြိမ်းခြောက်မှုလည်း မရှိသလောက်ပါပဲ။ လူးကပ်စ်မော်ရာနဲ့ ဘေးလ်တို့ရဲ့ တောင်ပံတိုက်စစ် ထိုဖောက်မှုတွေက အရာထင်ခဲ့ပြီး LASK အသင်းကို ဒုက္ခတွေ့စေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ စပါးအသင်းကစားအားအနည်းငယ် ကျလာခဲ့တယ်ဆိုပေမဲ့ ဆွန်ဟောင်မင်ဝင်လာပြီးနောက်ပိုင်း အပိုင်အခွင့်အရေးတွေ ပြန်ရလာခဲ့တယ်။ တိုက်စစ်မှူးသစ် ဗင်နီစီယပ်စ်ကလည်း စပါးအသင်းအတွက် အားထားရာပါပဲ။

စပါးအသင်းအတွက် အနိုင်ဂိုးတွေကို (၁၈၊ ၂၇၊ ၈၄)မိနစ်တွေမှာ လူးကပ်စ်မော်ရာ၊ အန်ဒရာဒီ (OG)နဲ့ ဆွန်ဟောင်မင်တို့က သွင်းယူခဲ့ကြပါတယ်။

အခြားပွဲစဉ်ရလဒ်များ
ယန်းဘွိုင်းစ် ၁-၂ ရိုးမား
CSKA ဆိုဖီယာ ဝ-၂ ကလုချ်
ဒန်ဒေါ့ခ် ၁-၂ မိုလ်ဒီ
လေဗာကူဆင် ၆-၂ နိုက်စ်
ဟာပိုးဘီအာရှီဗာ ၃-၁ ဆလားဗီးယားပရပ်ဂ်
စတန်းဒတ်လိဂ် ဝ-၂ ရိန်းဂျားစ်
လက်ချ်ပေါ့နန် ၂-၄ ဘင်ဖီကာ
PSV ၁-၂ ဂရန်နာဒါ
PAOK ၁-၁ အိုမိုးနီးယားနီကိုးရှား
နာပိုလီ ဝ-၁ အယ်လ်ခမာ
ရီယဲလ်ကာ ဝ-၁ ဆိုစီဒက်
စပို့တင်းဘရာဂါ ၃-၀ AEK အေသင်
လက်စတာ ၃-၀ ဇော်ယာ
စပါတာပရပ်ဂ် ၁-၄ လိုင်လီ
ဆဲလ်တစ် ၁-၃ အေစီမီလန်
မက္ကာဘီတဲလ်အဗစ် ၁-၀ ကာရာဘတ်
ဗီလာရီးယဲလ် ၅-၃ ဆီဗက်စပေါ်
လူဒိုဂိုရတ်စ် ၁-၂ အန့်ဝပ်
ဒိုင်နမိုဇာဂရက် ဝ-၀ ဖီယင်နု
ဝုလ်ဖ်ဘာဂါ ၁-၁ CSKA မော်စကို
ဟော်ဖန်ဟင်မ် ၂-၀ ဇဗက်ဒါ
ဆလိုဗန်လီဘရက် ၁-၀ KAA ဂျန့်

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular