ပရိသတ် အချစ်တော်ကြီး ပုံစံကောင်း ပြသနိုင်ခဲ့တဲ့ ဘက်တစ် 0-1 ယူနိုက်တက် ပွဲစဥ်မှ သရဲနီ ကစားသမားတွေရဲ့ rating များ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ယူရို ပါလိဂ် 16 သင်း ရှုံးထွက် အဆင့်ရဲ့ ဒုတိယ အကျော့ ပွဲစဥ် အဖြစ် စပိန်မြေမှာ ရီးယဲ ဘက်တစ် အသင််းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 0 – 1 ဆိုတဲ့ ရလဒ် ၊ နှစ်ကျော့ပေါင့် 1 – 5 ဆိုတဲ့ ရလဒ် နဲ့ ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ဗာရန်း ၊ ရှော နဲ့ ဆန်ချို တို့ကို အနားပေးခဲ့ပြီး ပရိသတ် အချစ်တော် မက်ဂွားယား ၊ မာလာစီယာ နဲ့ ပယ်လီစထရီ တို့ကို ပွဲထွက် ကစားစေခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီပွဲမှာ မက်ဂွားယားဟာ လူကပ် ကစားပုံ လိုအပ်ချက် ရှိနေခဲ့ပေမဲ့ အခြားသော အပိုင်းတွေမှာ ကောင်းခဲ့ပါတယ် ။

myan789

ဒီပွဲရဲ့ ပထမပိုင်းဟာ ပြစ်ဒဏ်ဘောတွေ များခဲ့ရပါတယ် ။ နှစ်ဖက် အသင်းကတော့ ဖိအားပေး တိုက်စစ်ဆင်မှုတွေ လုပ်ခဲ့ကြပေမဲ့ ဘက်တစ် အသင်းက ပိုပြီး အသာစီး ရယူနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ သူတို့ရဲ့ ကန်ချက်တွေက ဒီဂီယာကို မကျော်လွှားနိုင်ခဲ့ပါဘူး ။

ဒုတိယပိုင်းမှာတော့ ရပ်ရှ်ဖို့ ရဲ့ ဂိုးနဲ့ ယူနိုက်တက်တို့ ဦးဆောင်နိုင်ခဲ့ပြီး အဲရစ် တန်ဟတ် က မကြာမီမှာပဲ အဓိက ကစားသမားတွေကို အနားပေးပြီး ပွဲစဥ်ကို ထိန်းကစားရင်း နိုင်ပွဲ ရယူခဲ့တာပဲ ဖြစ်ပါတယ် ။ အဆိုပါ ပွဲစဥ်မှ ယူနိုက်တက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (7)

ပထမပိုင်းမှာ ကတည်းက လက်စွမ်းကောင်း ပြသနိုင်ခဲ့ပြီး ကာကွယ်မှုတွေ ၊ နေရာယူမှုတွေ မှန်ကန်လွန်းခဲ့ရပါတယ် ။

ဘစ်ဆာကာ (6)

ခံစစ် ကစားပုံ ကောင်းမွန်ခဲ့ပြီး တိုက်စစ်ကိုလည်း တက်ရောက် ကူညီပေးဖို့ ကြိုးစားခဲ့ပါတယ် ။ ဒါပေမဲ့ ဘောလုံးကိုင် ကစားပုံတွေက အားရစရာ မဖြစ်ခဲ့ရပါဘူး ။

မက်ဂွားယား (7)

လူကပ် ကစားပုံ လိုအပ်ချက် ရှိခဲ့တာကလွဲရင် ပိတ်ဆို့မှု ၊ ဖြတ်တောက်မှုတွေလည်း ကောင်းခဲ့ရပါတယ် ။ ထောင့်ကန်ဘော မှတဆင့် ခေါင်းတိုက်ဂိုး ရဖို့ နီးစပ်ခဲ့ပါတယ် ။

မာတီနက်ဇ် (7)

ခံစစ်ပိုင်းမှာ လျင်မြန်မှု ၊ တိကျမှုတွေနဲ့ အကောင်းဆုံး ဖြည့်စွက် ကစားပေးနိုင်ခဲ့ပါတယ် ။ ယူနိုက်တက် ခံစစ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်နိုင်ခဲ့ပါတယ် ။

မာလာစီယာ (6)

ပထမပိုင်းမှာ ကစားပုံ လျော့တိလျော့ရဲ ဖြစ်နေခဲ့ရပေမဲ့ ဒုတိယပိုင်းမှာ ပိုကောင်းပြနိုင်ခဲ့ပြီး တိုက်စစ်ဆင် ကစားပုံတွေလည်း ကျေနပ်စရာ ဖြစ်ခဲ့ရပါတယ် ။

ကာစီမီရို (7)

အစပိုင်းမှာ အထနှေးခဲ့ရပေမဲ့ နောက်ပိုင်းမှာ ပွဲစဥ်ကို အကောင်းဆုံး စီမံ ခန့်ခွဲရင်း ကွင်းလယ်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ ရပ်ရှ်ဖို့ ရဲ့ ဂိုးကို ဖန်တီးပေးခဲ့ပါတယ် ။

ဖရက်ဒ် (6)

ခွန်အားအပြည့်နဲ့ ကစားပေးရင်း final third မှာ ဖိအားပေး ကစားပြနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အကျိုးသက်ရောက်မှု နည်းပါးခဲ့ရပါတယ် ။

ပယ်လီစထရီ (6)

ပွဲထွက်ခွင့် ရရှိခဲ့တဲ့ လူငယ်လေးဟာ အားရကျေနပ်ဖွယ် ကစားပုံ ပြသနိုင်ခဲ့ပါတယ် ။ အကျိုးသက်ရောက်မှု နည််းပါးခဲ့ပေမဲ့ အလားအလာကောင်းတွေ ပြသနိုင်ခဲ့ပါတယ် ။

ဘရူနို (6)

ပထမအကျော့တုန်းကလို ပွဲစဥ်ကို လွှမ်းမိုး ကစားနိုင်ဖို့ အခက်တွေ့ခဲ့ရပြီး အကောင်းဆုံး ခြေစွမ်း မပြနိုင်ခဲ့ပါဘူး ။ ကံကောင်းထောက်မစွာပဲ အဝါကဒ် မပြခံရတဲ့ အတွက် ပွဲပယ်ခံရဖို့ မရှိနေပါဘူး ။

ရပ်ရှ်ဖို့ (7)

55 မိနစ် အတွင်း ကစားပုံတွေ အားရကျေနပ်စရာ မဖြစ်ခဲ့ရပဲ ခြေစွမ်းပြဖို့ အခက်တွေ့ခဲ့ရပြီး အခွင့်ကောင်း 2 ကြိမ််အထိ ဖြုန်းတီးခဲ့ပါတယ်။ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ် ။

ဝဂ်ဟော့စ် (4)

ယူနိုက်တက်ရဲ့ အညံ့ဆုံး ကစားသမား ဖြစ်ခဲ့ရပါတယ် ။ အခွင့်အရေးရရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့သလို ကစားကွက်ကိုလည်း အကျိုးပြုပေးနိုင်စွမ်း နည်းပါးခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ…

ဆန်ချို (5)
ဆာဗစ်ဇာ (6)
အီလန်ဂါ (5)
လင်ဒီလော့ဖ် (6)
ဒါးလော့ (6)

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular