ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်မှုကြောင့် လန်းစ်အသင်း ကွင်းပိတ်ပြစ်ဒဏ် ချမှတ်ခံရ

ပြင်သစ်ကလပ် လန်းစ်အသင်းသည် ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်မှုကြောင့် ကွင်းပိတ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော လန်းစ်နှင့် လိုင်လီအသင်းတို့၏ပွဲစဉ်တွင် အဝေးကွင်းသို့ လိုက်ပါအားပေးသည့် လိုင်လီအသင်းပရိသတ်များနှင့် လန်းစ်အသင်း ပရိသတ်များအကြား ပြဿနာဖြစ်ပွားခဲ့ပြီး ပထမပိုင်းအပြီး အနားပေးချိန်၌ လန်းစ်အသင်း ပရိသတ်များက ကွင်းအတွင်း ဖြတ်ကျော်ဝင်ရောက်ကာ လိုင်လီပရိသတ်များကို ရန်ပြုရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။

myan789

ယင်းနှစ်သင်းမှာ ဒေသတွင်း ဒါဘီပြိုင်ဘက်များဖြစ်ပြီး လုံခြုံရေးတာဝန်ရှိသူများက အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သော်လည်း မိနစ်(၃၀)ဝန်းကျင် ကြာမြင့်ပြီးမှ ဒုတိယပိုင်းကို ပြန်လည်စတင်နိုင်ခဲ့ကြောင်း သိရသည်။

ယခု ဖြစ်ရပ်မှာ ယခုရာသီ ပြင်သစ်လီဂူးပြိုင်ပွဲတွင် ဒုတိယအကြိမ် ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်မှုဖြစ်ပြီး ပြီးခဲ့သည့်လက ယှဉ်ပြိုင်ခဲ့သော နိုက်စ်နှင့် မာဆေးလ်ပွဲတွင်လည်း ပရိသတ်များ၏ သောင်းကျန်းမှု ဖြစ်ပေါ်ခဲ့သည်။

လန်းစ် – လိုင်လီပွဲဖြစ်ရပ်အတွက် ပြင်သစ်လိဂ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက ကနဦးပြစ်ဒဏ်အဖြစ် လန်းစ်အသင်းကို လာမည့်အိမ်ကွင်းပွဲစဉ်နှစ်ပွဲအား ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရန် ပြစ်ဒဏ်ချမှတ်ခဲ့သလို၊ လိုင်လီအသင်းကိုလည်း လာမည့်အဝေးကွင်းပွဲစဉ်၌ ပရိသတ်များ လိုက်ပါအားပေးခြင်းမပြုရန် ပိတ်ပင်သည့်ပြစ်ဒဏ် ချမှတ်ခဲ့သည်။

အဆိုပါ အသင်းနှစ်သင်းအနေဖြင့် နောက်ထပ် အရေးယူမှုများနှင့် ထပ်မံရင်ဆိုင်ရမည်ဖြစ်ပြီး အပြီးသတ်ဆုံးဖြတ်ချက်ကို အောက်တိုဘာ(၆)ရက်တွင် ချမှတ်မည် ဖြစ်ကြောင်း သိရသည်။

ပွဲရွှေ့ဆိုင်းရသည်အထိ ဖြစ်ခဲ့သော နိုက်စ် – မာဆေးလ်ပွဲဖြစ်ရပ်တွင်မူ အိမ်ရှင် နိုက်စ်အသင်းသည် ပရိသတ်များကို မထိန်းနိုင်ခြင်းကြောင့် ကွင်းပိတ်ပြစ်ဒဏ်(၃)ပွဲသာမက (၁)မှတ်လျှော့ပြစ်ဒဏ်လည်း ကျခံခဲ့ရကြောင်း သိရသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular