ပင်နယ်တီ လွဲချော်ခဲ့မှုအတွက် ​တောင်းပန်စကားဆိုလိုက်ပြီး အပေါင်းလက္ခဏာ ဆောင်ကျဥ်းခဲ့တဲ့ အရာတစ်ခုကို ဖွင့်ပြောလိုက်တဲ့ ဆန်ချို

အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချို က ယူရို ဖိုင်နယ်မှာ ပင်နယ်တီ လွဲချော်ခဲ့ခြင်းက ကစားသမား ဘဝရဲ့ အဆိုးရွားဆုံးထက် ပိုဆိုးရွားလွန်းတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေခဲ့ကြောင်း ဖွင့်ဟပြောကြား သွားခဲ့လိုက် ပါတယ် ။

အင်္ဂလန် တို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ယူရို 2020 ဖိုင်နယ် ပွဲစဥ်အဖြစ် ဝင်ဘလေ ကွင်းထဲမှာ အီတလီ လက်ရွေးစင် အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ရပ်ရှ်ဖို့ ၊ ဆန်ချို နဲ့ ဆာကာ တို့ရဲ့ ပင်နယ်တီ လွဲချော်မှုတွေကြောင့် ၅၅ နှစ်ကြာ ဝေးကွာခဲ့ရတဲ့ ဆုဖလားနဲ့ ထပ်မံ ဝေးကွာသွားခဲ့ရ ပါတယ် ။

myan789

အခုတော့ ဆန်ချိုက အခုရက်ပိုင်း အတွက် သူ့ရဲ့ ခံစားချက်တွေဟာ ရှုပ်ထွေးနေခဲ့ကြောင်း၊ စိတ်ဓါတ်ကျအောင် လုပ်မိခဲ့တဲ့ အသင်းဖော် ၊ နည်းပြ အဖွဲ့ဝင် တွေနဲ့ ပရိသတ် တွေကို တောင်းပန်ကြောင်း ၊ ဒါဟာ သူ့ရဲ့ အဆိုးရွားဆုံးထက် ပိုဆိုးတဲ့ အခိုက်အတန့် ဖြစ်ခဲ့ရကြောင်း ပြောဆိုခဲ့လိုက် ပါတယ် ။

” တနင်္ဂနွေနေ့က အဖြစ်အပျက်မျိုးကနေ ရုန်းထွက် နိုင်ဖို့ အတွက် အချိန် နှစ်ရက်လောက် ပေးခဲ့လိုက်ရ ပါတယ် ။ ဒါပေမဲ့ ခံစားချက်တွေက အခုထိ ရှုပ်ထွေးနေဆဲ ပါပဲ ။ ကျွန်တော့်ရဲ့ အသင်းဖော် ၊ နည်းပြအဖွဲ့ဝင်တွေ စိတ်ဓါတ် ကျအောင် လုပ်မိခဲ့တဲ့ ပရိသတ် အားလုံးကို တောင်းပန်ချင် ပါတယ် ”

” ဒါဟာ ကျွန်တော့် ကစားသမား ဘဝရဲ့ အဆိုးရွားဆုံး ခံစားချက်ထက်ကို ပိုဆိုးတဲ့ ခံစားချက်မျိုး ဖြစ်စေခဲ့ ပါတယ် ။ ကျွန်တော့်ရဲ့ ခံစားချက် အမှန်တွေကို စကားလုံး အဖြစ် ပြောင်းလဲပြီး ဘယ်လို ပြောရမလဲတောင် မပြောတတ်တော့ပါဘူး ။ ကျွန်တော်တို့ အရမ်း နာကျင်ခဲ့ရပေမဲ့ ဒီပြိုင်ပွဲကနေ လေ့လာ သင်ယူစရာ အများကြီး ရရှိခဲ့ ပါတယ် ”

” ပွဲစဥ် တစ်ပွဲ မဆော့မီတိုင်း ကျွန်တော့်ရဲ့ ခေါင်းထဲမှာ ‘ အသင်းဖော်တွေကို ဘယ်လို ကူညီမလဲ ? ဘယ်လို ဖန်တီးပေးရမလဲ ? ဘယ်လို ဂိုးတွေ သွင်းရမလဲ ? ဘယ်လိုမျိုး အခွင့်အရေးတွေ ဖန်တီးရမလဲ ? ‘ ဆိုတဲ့ အတွေးပဲ တွေးဖြစ်ပါတယ် ။ ပင်နယ်တီ ကန်သွင်းခဲ့တဲ့ အခါမှာလည်း ကျွန်တော့် စိတ်ထဲ ဒါကိုပဲ တွေးနေခဲ့ ပါတယ် ။ အသင်းကို ကူညီရေး အတွက်ပါပဲ ”

” ကျွန်တော် ပင်နယ်တီ ကန်ဖို့ ယုံကြည်ချက် ရှိခဲ့သလို အသင့်လဲ ရှိခဲ့ ပါတယ် ။ လူတွေမှာ ကလေး ဘဝထဲက မက်ခဲ့တဲ့ အိပ်မက် အချို့ ရှိပါတယ် ။ ဒါ့ကြောင့်လည်း ကျွန်တော် ဘောလုံး ကစားနေတာပါ ။ ကစားသမားဘဝမှာ ဖိအားတွေအောက် ထိုးကျသွားရတဲ့ အခိုက်အတန့်တွေ ကြုံတွေ့ရမှာပါပဲ ”

” ကျွန်တော် ကလပ် အဆင့်မှာ ပင်နယ်တီ အများကြီး သွင်းယူခဲ့ဖူး ပါတယ် ။ ကလပ်ရော ၊ နိုင်ငံ့ အသင်းမှာပါ လေ့ကျင့်မှုတွေလည်း မရည်မတွက် နိုင်အောင် လုပ်ခဲ့ဖူး ပါတယ် ။ ဒါ့ကြောင့် ကျွန်တော် ပင်နယ်တီ ကန်ဖို့ အသင့်ရှိနေခဲ့ ပါတယ် ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မလိုချင်ပဲ လွဲချော်သွားခဲ့ရ ပါတယ် ”

” ကျွန်တော်တို့ အားလုံးမှာ တူညီတဲ့ ရည်မှန်းချက်တွေ ရှိနေခဲ့ကြ ပါတယ် ။ ဆုဖလား အိမ်ကို ယူလာရေးပေါ့ဗျာ ။ ဒါဟာ ကျွန်တော့် ကစားသမား ဘဝရဲ့ ပျော်ရွှင်ဖွယ်ရာ အကောင်းဆုံး ပြိုင်ပွဲ တစ်ခုပါပဲ ။ အသင်းရဲ့ စည်းလုံး ညီညွတ်မှုက အရမ်းကို ကောင်းလွန်းခဲ့ ပါတယ် ။ ကွင်းအပြင်မှာ ကျွန်တော်တို့ မိသားစုလို နေခဲ့ကြ ပါတယ် ” လို့ ဆန်ချို က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular