နှစ်ပွဲဆက် သရေကျခဲ့တဲ့ လီဗာပူးလ်

နယူးကာဆယ် ၀-၀ လီဗာပူးလ်

လီဗာပူးလ်အသင်း နှစ်ပွဲဆက်သရေကျခဲ့လို့ အမှတ်ပေးဇယားမှာ နောက်ကလိုက်နေတဲ့ အသင်းတွေရဲ့ဖိအားပေးမှုက ပိုကြီးမားလာခဲ့တယ်။ လီဗာပူးလ်အဖို့ အမှတ်ဆုံးရှုံးခဲ့ရတဲ့ ပြိုင်ဘက်တွေက ဝက်စ်ဘရွန်းနဲ့ အခု နယူးကာဆယ်တို့လို ကွင်း တွင်းပြဿနာတွေရှိနေတဲ့ အသင်းတွေဖြစ်လို့ စိတ်ပျက်စရာ ပိုကောင်းပါတယ်။ နယူးကာဆယ်အသင်းက မျှော်လင့်ထားသလို ခံစစ်ကို အထိုင်ပြုကစားတာဖြစ်ပေမဲ့ လုံးလုံးလျားလျား ပိတ်ဆို့ကစားတာမျိုးတော့ မဟုတ်ဘူး။ ဇုန်အလိုက် ကာဆီးထားပြီး ဆာလာ၊ မာနေတို့ကိုတောင် Marking အသေကပ်ကစားတာမျိုးတောင် သိပ်မလုပ်ခဲ့တာ တွေ့ရတယ်။

myan789

ဒါပေမဲ့ လီဗာပူးလ်ရဲ့အသက်သွေးကြောဖြစ်တဲ့ တောင်ပံတိုက်စစ်တွေက အခုပွဲမှာ ယုံကြည်မှုပျောက်ဆုံးနေသလိုပါပဲ။ ဆာလာက ဂိုးသမားနဲ့ တစ်ယောက်ချင်း နှစ်ကြိမ်လောက်ကန်ခွင့်ရပေမဲ့ အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့ပါတယ်။ ခြေစွမ်းပိုညံ့တာက မာနေ ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်အဝေးကွင်းပွဲတွေမှာ ဂိုးမြူးခဲ့တဲ့ခြေလည်း ပျောက်ဆုံးသွားခဲ့တယ်။ တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှမရှိခဲ့ဘဲ အသင်းဖော်တွေလည်း ပူးပေါင်းကစားနိုင်မှု သိပ်မရှိခဲ့ပါဘူး။ အခုပွဲမှာ သူ့ရဲ့ Pass Completion က (၇၅.၆%) သာရှိပြီး လီဗာပူးလ်ကစားသမားတွေ မှာ ဒုတိယအဆိုးရွားဆုံး ဖြစ်ခဲ့တာပါ။ နယူးကာဆယ်အသင်းက ဂိုးသမား ဒါလို လက်စွမ်းအပြနိုင်ဆုံးဖြစ်ပေမဲ့ သေချာပေါက်ဂိုးပေးရနိုင်တဲ့ အနေအထားမှာ နောက်ခံလူတွေရဲ့ စွမ်းစွမ်းတမံကာကွယ်မှုတွေကြောင့်လည်း လီဗာပူးလ်အသင်း နိုင်ပွဲနဲ့ ဝေးခဲ့ရတာဖြစ်တယ်။

လီဗာပူးလ်က တတ်နိုင်သလောက် အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမဲ့ အဆုံးသတ်ပိုင်း အတော်လေးအားနည်းတာ တွေ့ရတယ်။ တစ်ပွဲလုံးမှာ ဂိုးကန်သွင်းခွင့် (၁၁)ကြိမ်ရခဲ့ပေမဲ့ ဂိုးပေါက်ခြိမ်းခြောက်နိုင်မှုက (၄)ကြိမ်လောက်ပဲ ရှိခဲ့ပါတယ်။ နယူးကာဆယ်ကတော့ ကာလမ်ဝီလ်ဆင်ကို အထောင်ထားပြီး Counter နဲ့ပြင်ဆင်လာမှုက ပထမပိုင်းမှာ အနည်းငယ်တော့ အလုပ်ဖြစ်ခဲ့ပါသေးတယ်။ ဝီလ်ဆင်က ဂိုးသမားနဲ့ အနီးကပ်ကန်ခွင့်ရပေမဲ့ နောက်တန်းနဲ့ ထိထွက်ခဲ့ ပြီး ကလက်ခ် အပိုင်ခေါင်းတိုက်သွင်းတဲ့ ဘောလုံးကလည်း အယ်လစ်ဆန် ပုတ်ထုတ်သွားခဲ့လို့ လီဗာပူးလ် ကံကောင်းခဲ့ရတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular