နှစ်ပွဲဆက် နိုင်ပွဲ ရပြီးနောက် အာဆင်နယ် အသင်းရဲ့ထိပ်ဆုံးလေးသင်း ဝင်ရောက်နိုင်ချေကို ခန့်မှန်းသုံးသပ်လိုက်တဲ့ ရေးပါလာ

ဂန်းနား ကစားသမားဟောင်း ရေးပါလာ က အာဆင်နယ် နည်းပြ အာတီတာ အနေနဲ့ တိုက်စစ်မှာ ရွေးချယ်စရာ များနေတာကြောင့် ခေါင်းကိုက်ရနိုင်ကြောင်း ဝန်ခံ သွားခဲ့ပြီး အာဆင်နယ် အသင်းဟာ အမြင့်ဆုံး ထိပ်ဆုံး ၆ သင်း ထဲပဲ ဝင်နိုင်ကြောင်း ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး နေမှုကို ချဲလ်ဆီး အသင်း နဲ့ ပွဲမှာ ရပ်တန့် နိုင်ခဲ့ပြီး မနေ့ကလည်း ဘရိုက်တန် ကို အနိုင် ကစားကာ နှစ်ပွဲဆက် နိုင်ပွဲ ရရှိ​ သွားခဲ့ပါတယ် ။

myan789

အာဆင်နယ် အသင်းဟာ နှစ်ပွဲဆက် နိုင်ပွဲ ရတာကြောင့် အဆင့် ၁၃ နေရာအထိ ရောက်ရှိ လာခဲ့ပြီး တော့တင်ဟမ် ၊ ချဲလ်ဆီး တို့နဲ့ ရမှတ် ၆ မှတ်သာ ကွာဟ ပါတော့တယ် ။အာဆင်နယ် အသင်းဟာ နှစ်သစ် အဖွင့်ပွဲစဉ် အဖြစ် ဝက်စ်ဘရွန်း အသင်း နဲ့ ကစားရမှာ ဖြစ်ပါတယ် ။

လက်ရှိ အာဆင်နယ် အသင်းမှာ တိုက်စစ် ကစားသမားတွေ အဖြစ် အူဘာမီယန်း ၊ လာကာဇက် ၊ အန်ခီတီးယား ၊ ဆာကာ ၊ မာတီနယ်လီ ၊ စမစ်ရို ၊ ဝီလီယံ ၊ ပေပေ တို့ ရှိနေကြပြီး ရေးပါလာကတော့ အာတီတာ တစ်ယောက် ဘယ်သူ့ကို ရွေးချယ်ရမလဲ ဆိုတာ စဉ်းစားရ ခက်နိုင်ကြောင်း ဆိုပါတယ် ။

” တိုက်စစ်မှာ ရွေးချယ်စရာ များလို့ ခေါင်းကိုက်ရတာက ကောင်းတဲ့ ခေါင်းကိုက်ခြင်းပါပဲ ၊ အာဆင်နယ် အသင်းရဲ့ ရှေ့လေးပွဲ ကို ကြည့်ကြည့်ပါ ၊ အက်ဖ်အေဖလား ပွဲကိုတော့ ဖယ်ထုတ်ထားပါမယ် ၊ အားလုံး က အနိုင်ရနိုင်တဲ့ ပွဲတွေချည်းပါပဲ ။ ”

” ဝက်စ်ဘရွန်း နဲ့ အဝေးကွင်း ၊ ပဲလေစ့် နဲ့ အိမ်ကွင်း ၊ နယူးကာဆယ် နဲ့ အိမ်ကွင်း ကစားရမှာပါ ၊ အာတီတာ ကလည်း ဒီပွဲစဉ် ဇယား ကို ကြည့်ပြီး လာမယ့် ပွဲတွေ မှာ အနိုင် ကစားပြီး ရလဒ်ကောင်းတွေ ထိန်းသိမ်းဖို့ ပြောနေမှာ အသေအချာပါပဲ ။ အဲ့ဒီပွဲတွေသာ နိုင်ရင် အဆင့် ၆ နေရာကို ပြန်ရောက်လာနိုင်ပါတယ် ။ ” လို့ ဆိုပါတယ် ။

ဆက်လက်ပြီး ပါလာ က ” အာဆင်နယ် အသင်း ထိပ်ဆုံး လေးသင်းထဲတော့ မဝင်နိုင်ပါဘူး ၊ အရမ်း အလှမ်းဝေး နေပါသေးတယ် ၊ အဲ့ဒီလို အလှမ်းဝေးသွားအောင်လည်း သူတို့ ကိုယ်တိုင်ပဲ လုပ်ခဲ့တာပါ ၊ အာဆင်နယ် အထက်က အသင်းတွေ ခြေချော်နေကြတာတွေ့ပါတယ် ၊ ဒါပေမယ့် သူတို့ ထိပ်ဆုံးလေးသင်းထဲ ဝင်မယ်လို့ မထင်ပါဘူး ။ ”

” အာဆင်နယ် ထက် ပိုကောင်းတဲ့ အသင်း ၄ သင်း ရှိနေပါတယ် ၊ ကျွန်တော်ကတော့ ထိပ်ဆုံး ခြောက်သင်းဟာ သူတို့ ရနိုင်တဲ့ အကောင်းဆုံး နေရာပါပဲ ။ အက်ဖ်အေဖလား ရအပြီး ရာသီအစမှာ အာဆင်နယ် အသင်း က ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှုတွေ လုပ်ခဲ့ပါတယ် ။ ”

” သောမက်စ် ပါတေး က အခု အာဆင်နယ် အသင်းမှာ မကစားနိုင်သေးပါဘူး ၊ သူသာ ပြန်ကစားနိုင်ရင် ကွင်းလယ်က ခြားနား သွားပြီး ပိုလှုပ်လှုပ်ရွရွ ဖြစ်လာမှာပါ ။ လီဗာပူး ၊ မန်စီးတီး ၊ စပါးတို့ကလည်း အဆင်ပြေနေပါတယ် ၊ ချဲလ်ဆီး အသင်းကလည်း လူပြန်စုံလာရင် ကောင်းလာမှာပါ ၊ လက်စတာ နဲ့ မန်ယူနိုက်တက်လည်း ရှိပါသေးတယ် ၊ ဒါကြောင့် ခက်ခဲမှာပါ ။ ” လို့ ဆိုပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular