နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးနောက် မိမိတို့ မျှော်လင့်ထားသည့်အဆင့်ကို ရောက်ရှိလာခဲ့ပြီဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ကြုံးဝါး

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက မိမိတို့အသင်းသည် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးနောက် ယခုလိုအဆင့်မျိုးကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်တွင် မည်သည့်အရာကိုမဆို မျှော်လင့်နိုင်ပြီဖြစ်ကြောင်း ကြုံးဝါးခဲ့သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဥရောပထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်သည့် PSG အသင်းကို အနိုင်ကစားနိုင်ခဲ့ပြီးနောက် ဂွါဒီယိုလာက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

myan789

PSG အသင်းသည် ယင်းပွဲစဉ်တွင် ၎င်းတို့အသင်း၏ ကြယ်ပွင့်တိုက်စစ်မှူးဖြစ်သည့် ဘာပေ၏သွင်းဂိုးဖြင့် ဦးဆောင်ခဲ့ သော်လည်း မန်စီးတီးအသင်းသည် ချေပဂိုးနှင့် အနိုင်ဂိုးများပြန်လည်သွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယင်းပွဲစဉ်တွင်ပြသခဲ့သည့် မန်စီးတီးအသင်း၏ စွမ်းဆောင်ရည်အပေါ် မီဒီယာများကလည်း ၀ိုင်းဝန်းချီးကျူးခဲ့ကြသည်။ မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်ခဲ့သလို၊ ယခုအချိန်တွင်လည်း ရှုံးထွက်အဆင့်သို့ နောက်ဆုံး (၉)ရာသီဆက်တိုက် တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။

ဂွါဒီယိုလာက “PSG လား။ ဘယ်လောက်ကောင်းတဲ့အသင်းလဲ။ ဘယ်လောက်ကောင်းတဲ့ ကစားသမားတွေလဲ။ ကျွန်တော် ဘယ်လိုပြောရမလဲ။ ကျွန်တော်တို့အသင်းဟာ ဒီလိုကစားသမားမျိုးတွေကို ကျွန်တော်တို့ ဂိုးပေါက်နဲ့ အဝေးကို ရောက်နေအောင် ကြိုးစားခဲ့ရတယ်။ သူတို့လိုကစားသမားတွေက ကျွန်တော်တို့အသင်းရဲ့ ဂိုးပေါက်နဲ့နီးနေရင် ဘာမဆိုလုပ်သွားနိုင်သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့ ဂိုးစပေးရအပြီး (၅)မိနစ်လောက်အထိ သူတို့က တန်ပြန်တိုက်စစ်ကနေ ဒုက္ခပေးခဲ့တာကလွဲရင် နောက်ပိုင်းမိနစ်တွေမှာ ကျွန်တော်တို့ဟာ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့်ကို တက်နိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်။ ကလပ်အသင်းမှာရှိတဲ့ ကစားသမားတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလိုအခြေအနေမျိုးကို ရောက်လာဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရပြီး အခုအချိန်မှာ ကျွန်တော်တို့အသင်းက ဘာမဆိုမျှော်လင့်နိုင်ပါပြီ”ဟု ဆိုခဲ့သည်။

မန်စီးတီးအသင်းသည် ယင်းပွဲစဉ်တွင် ဖန်တီးမှုပိုင်း၌ အဓိက ကစားသမား (၃)ဦးဖြစ်သည့် ဒီဘရိုင်းနား၊ ဂရီးလစ်ရှ်နှင့် ဖိုဒန်တို့ မပါဝင်ဘဲ ကစားခဲ့ရခြင်းဖြစ်ပြီး ဒီဘရိုင်းနားနေရာတွင် ဇင်ချန်ကိုက ကစားခဲ့ရာ ဂွါဒီယိုလာက “ကျွန်တော်တို့ တစ်ဦးအကြောင်းတစ်ဦး သိပါတယ်။ ကစားသမားတွေကလည်း သူတို့အချင်းချင်း ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်းနားလည်ပါတယ်။ ဇင်ချန်ကိုက ဒီနေရာမှာ အများကြီးမကစားဖူးပေမဲ့့ ယူကရိန်းအသင်းမှာ သူ အကြိမ်များစွာ ကစားခဲ့ဖူးပါတယ်။ ဒါကြောင့် ကျွန်တော် သူ့ကို ယုံကြည်မှုရှိခဲ့တာပါ။ ကျွန်တော်တို့အသင်းကစားတာ အရမ်းကောင်းပြီး ကျွန်တော်တို့ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကလည်း ကျေနပ်စရာပါ။ လူတွေက ကျွန်တော်တို့အသင်းကစားတာကို ကြည့်ရ တာ ပျော်သလို၊ ကျွန်တော်တို့ကလည်း ပျော်ရွှင်စွာကစားကြပါတယ်”ဟု ပြောကြားခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular