နွေရာသီ အပြောင်းအရွှေ့ လှုပ်ကွက် တခု အတွက် လမ်းပတ် ကို ချီးကျူးလိုက်တဲ့ ခီဒီရာ

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ပြောင်းရွှေ့ကြေး အသုံးစရိတ် ပေါင်သန်း ၂၂၀ ဝန်းကျင် အသုံးပြုကာ ၊ ကစားသမားသစ် ခေါ်ယူမှု ၇ခု အထိ ပြုလုပ်ခဲ့တဲ့ ချဲလ်ဆီး အသင်း ဟာ နှစ်သစ်ကူး မတိုင်မီ အတောအတွင်းမှာ ရလဒ်ပိုင်း စတင် ယိမ်းယိုင်မှုတွေ ရှိလာခဲ့ပါတယ် ။

သို့ပေမယ့်လည်း ဒီမတိုင်ခင် က ပြိုင်ပွဲစုံ ၁၇ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကောင်း ကို ပိုင်ဆိုင်ခဲ့တဲ့ အနေအထား မှာလည်း ဒီ ကစားသမားသစ် တွေကပဲ ချဲလ်ဆီး အသင်း ရဲ့ အဓိက ကျောရိုး ဒေါက်တိုင်တွေ အဖြစ် ရပ်တည်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။

myan789

ပေါင်သန်း ၇၀ နဲ့ ခေါ်ယူထားတဲ့ ကိုင်ဟာဗက်ဇ် က လွဲရင် ၊ ကျန်တဲ့ ကစားသမားသစ် တွေဟာ အဓိက ပွဲထွက် နေရာတွေနဲ့ ထိုက်တန်ကြောင်း ကို ကစားခွင့် ရတဲ့ အခါတိုင်းလိုလို သက်သေပြထားကြပြီး ဖြစ်ပါတယ် ။ အထူးသဖြင့် ခံစစ်ပိုင်း အတွက် ဖြည့်တင်းမှု ၃ခု ဖြစ်တဲ့ ဘန်ချေဝဲလ် ၊ သီယာဂို ဆေးလ်ဗား ၊ အက်ဒိုဝါ့ဒ် မန်ဒီ တို့ရဲ့ သက်ရောက်မှု က အထူး ကြီးမားခဲ့ပါတယ် ။

ပီအက်စ်ဂျီ အသင်း မှာ ၈နှစ်ကြာ ကစားခဲ့ပြီးနောက် ၊ ပရီးမီးယားလိဂ် မှာ ချဲလ်ဆီး အသင်း နဲ့ အတူ အခြေချဖို့ ဆုံးဖြတ်ခဲ့တဲ့ အသက် ၃၆ နှစ် အရွယ် ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား ဟာ အသက်အရွယ်ပိုင်း အရ ပရီးမီးယားလိဂ် မှာ အခြေချဖို့ မသင့်လျော်တော့ဘူး လို့ အများစု က အစောပိုင်းမှာ သံသယဝင်ခဲ့ကြပါတယ် ။

သို့ပေမယ့် သီယာဂို ဆေးလ်ဗား ဟာ အသက်အရွယ် နဲ့ မလိုက်တော့သည့်တိုင် ၊ ကြံ့ခိုင်မှု အသားပေး ၊ မြန်နှုန်းမြင့် ကစားဟန် ကို ကျင့်သုံးလျက် ရှိတဲ့ ပရီးမီးယားလိဂ် ချက်ချင်း အံဝင်ခွင်ကျ ဖြစ်လာတာကို တွေ့ရပါတယ် ။ ဒါတင်မက ၎င်းဟာ ချဲလ်ဆီး အသင်း ရဲ့ ယိုယွင်းနေတဲ့ ခံစစ်ကြောင်း ကို အကောင်းဆုံး ပြုပြင်ပေးခဲ့ပါတယ် ။

သီယာဂို ဆေးလ်ဗား နည်းတူပဲ ၊ ပရီးမီးယားလိဂ် သို့ ပထမဆုံး အခြေချဖို့ ကြိုးစားနေတဲ့ ယူဗင်တပ် ကွင်းလယ်လူ ဆမ်မီ ခီဒီရာ ကတော့ ၎င်းနဲ့ တနိုင်ငံတည်းသား ကြယ်ပွင့် ၂ဦး ဖြစ်တဲ့ တီမို ဗာနာ နဲ့ ကိုင်ဟာဗက်ဇ် တို့ကို ထိန်းကျောင်းပေးမယ့် ဝါရင့် သမ္ဘာရင့် သီယာဂို ဆေးလ်ဗား ကို ခေါ်ယူခဲ့တဲ့ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ရဲ့ လုပ်ရပ် အပေါ် အခုလိုပဲ ချီးကျူးသွားခဲ့ပါတယ် ။

The Athletic သတင်းဌာန နဲ့ တွေ့ဆုံခဲ့ရာမှာ ခီဒီရာ က ” ဟုတ်ပါတယ် ။ မန်နေဂျာ တဦး ရဲ့ စွမ်းဆောင်ရည် ကို နည်းစနစ် အားသာချက်တွေနဲ့ ဆုံးဖြတ်ချက်တာက နည်းနည်းတော့ over ဖြစ်လွန်းတယ် လို့ ထင်ပါတယ် ။ အသင်းကြီးတွေမှာ ကျတော့ ဘယ်နည်းပြပဲ ရောက်လာပါစေ ၊ ပြင်းထန်တဲ့ နည်းစနစ်တွေပဲ ပေးတာကို တွေ့ရပါတယ် ။ ”

” ကွဲပြားသွားတဲ့ အချက် က မန်နေဂျာတွေရဲ့ ကစားသမား ခေါ်ယူရာမှာ စိစစ် ရွေးချယ်နိုင်တဲ့ အရည်အချင်းပါပဲ ။ ဥပမာ – ဖရန့် လမ်းပတ် ရဲ့ ဒီရာသီ အပြောင်းအရွှေ့ လှုပ်ရှားပုံကို ကြည့်ပါ ။ သူဟာ တီမို ဗာနာ နဲ့ ကိုင်ဟာဗက်ဇ် တို့လို ထူးချွန်တဲ့ ကြယ်ပွင့် ကစားသမား ၂ဦး ကို ခေါ်ယူနိုင်ခဲ့တာ မှန်ပါတယ် ။ ”

” ဒါပေမယ့် တကယ့် အခရာကျတဲ့ ခေါ်ယူမှု ကို သီယာဂို ဆေးလ်ဗား နဲ့မှ လုပ်ခဲ့တာ ဖြစ်ပါတယ် ။ အသင်းကြီး တသင်း မှာ ပြေးလွှား ကစားပေးနိုင်တဲ့ ကစားသမားတွေ ရှိရုံနဲ့ မလုံလောက်ဘူး ဆိုတာ ဖရန့် လမ်းပတ် သိပါတယ် ။ ခင်ဗျား ဟာ အတွေ့အကြုံရင့်တဲ့ ကစားသမားတွေကိုလည်း လိုအပ်ပါတယ် ။ ”

” ဒီလို ဝါရင့် ကစားသမားတွေ ကွင်းထဲမှာ ရှိနေခြင်း ဟာ ကျန်တဲ့ အသင်းသား တွေကို စိတ်ဓာတ် ခွန်အားတွေ ပေးသလို ၊ စွမ်းဆောင်ရည် ပိုတိုးတက်လာစေဖို့ အထောက်အကူ ပေးပါတယ် ။ မန်နေဂျာကောင်း တယောက် ဟာ ပိုမို ကြီးမားတဲ့ ပုံရိပ် ကို တွေးမိကြပြီး ၊ ပဟေဋ္ဌိမှာ အမှန်တကယ် လိုအပ်နေတဲ့ ပျောက်ဆုံးနေတဲ့ အပိုင်းအစတွေကို ရှာဖွေတတ်ကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular