နွေရာသီအပြောင်းအရွှေ့တွင် ခေါ်ယူခဲ့သည့် ကစားသမားသစ်များနှင့်ပတ်သက်ပြီး PSG အသင်းနည်းပြ ပိုချက်တီနို မှတ်ချက်ပြု

နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူခဲ့သည့် အသင်း၏ကစားသမားသစ်များနှင့်ပတ်သက်ပြီး PSG အသင်းနည်းပြ ပိုချက်တီနိုက အသီးသီး မှတ်ချက်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ပိုချက်တီနိုသည် UEFA ဝက်ဘ်ဆိုက်နှင့် တွေ့ဆုံခဲ့သည့် အင်တာဗျူးတွင် အသင်းသို့ရောက်ရှိလာသော ကစားသမားသစ်များဖြစ်သည့် မက်ဆီ၊ ရာမို့စ်၊ ၀ိုင်နယ်လ်ဒမ်း၊ ဒွန်နာရမ် မာနှင့် ဟာကီမီတို့၏အကြောင်းကို တစ်ဦး ချင်းအလိုက် ဖြေကြားပြီး ချီးကျူးမှုများ ပြုလုပ်ခဲ့သည်။

myan789

ဘာစီလိုနာအသင်း၏ ဂန္ထဝင်တိုက်စစ် မှူး မက်ဆီကို ခေါ်ယူနိုင်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ဖူးကြောင်း ပိုချက်တီနိုက ဝန်ခံခဲ့သည်။ ပိုချက်တီနိုက “ကျွန်တော်တို့ သူ့ကို ခေါ်ယူစာချုပ်နိုင်လိမ့်မယ်လို့ ထင်မ ထားခဲ့ပါဘူး။ အခွင့်အရေးတစ်ခု ရလာပြီး မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားခဲ့တာပါ။ ဒါ ပေမဲ့ ကျွန်တော်တို့ ကြားမှာ ဆက်စပ်မှုတော့ ရှိပါတယ်။ နှစ်ဦးစလုံး အာဂျင်တီးနားတွေ ဖြစ်တာ၊ နယူးဝဲလ်စ်အသင်းကို အားပေးတာ၊ ရိုဆာရီယိုက လာကြတာတွေပါ။ သူ့ကို ပြိုင်ဘက်တစ်ဦးအဖြစ် ဟိုးအရင်ကတည်းက ရင်ဆိုင်ခဲ့ဖူးပြီး အခု အတူလေ့ကျင့်နေရတာ ကတော့ တကယ့်ကို ကျေနပ်စရာပါပဲ။ အသင်းရဲ့ ရည်မှန်းချက်တွေကို အတူအကောင်အထည်ဖော်ပေးနိုင်ဖို့လည်း မျှော်လင့်ပါ တယ်။ မကြာခင် သူ့ရဲ့အကောင်းဆုံးပုံစံကို မြင်တွေ့ရမယ်လို့လည်း ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular