န်ချက်စတာကို နည်းပြအဖြစ်တဲ့ ရောက်လာတဲ့ နောက်ထပ် သရဲနီဟောင်း တစ်ဦးနှင့် သူ့ရဲ့ ခံစားချက်များ

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဒါးရင်း ဖလက်ချာဟာ သူ့ရဲ့ ဘဝကို နောက် တစ်ဆင့် မြှင့်တင် နိုင်ရေး အတွက် အသင်းဟောင်းဆီ နည်းပြ အဖြစ် နဲ့ ပြန်လည် ရောက်ရှိ လာခဲ့ပြီ ဖြစ်ကြောင်း သိရှိ လိုက်ရ ပါတယ် ။

ဖလက်ချာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစား ခဲ့တဲ့ အချိန် 12 နှစ်တာ ကာလ အတွင်း မှာ ပရီးမီးယားလိဂ် 5 ကြိမ် ၊ ချန်ပီယံလိဂ် ဖလား ၊ ကလပ် ကမ္ဘာ့ ဖလား ၊ FA ဖလား နဲ့ ကားလင်း ဖလား တွေကို ရယူ ဆွတ်ခူး ထားနိုင်ခဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ် ။

myan789

အခုတော့ ကစားသမား ဘဝမှ အနားယူလိုက်ပြီ ဖြစ်တဲ့ ဖလက်ချာဟာ နည်းပြ ဘဝကို ကူးပြောင်း နိုင်ရေး ၊ လိုင်စင် ရယူ နိုင်ရေး အတွက် ရည်ရွယ် နေပြီး အတွေ့အကြုံ ရှာဖွေ နိုင်ရေး အတွက် ယူနိုက်တက် ယူ 16 အသင်း ရဲ့ အချိန်ပိုင်း နည်းပြ တာဝန် ကို ထမ်းဆောင် တော့မယ်လို့ သိရှိ လိုက်ရ ပါတယ် ။

မကြာသေးခင် ကပဲ ယူနိုက်တက် အသင်းရဲ့ ဘယ် နောက်ခံလူဟောင်း ဖြစ်တဲ့ ပတ်ထရစ် အီဗရာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အတွေ့အကြုံ ရှာဖွေခဲ့ ပါသေးတယ် ။ အခုတော့ အသက် 36 နှစ် အရွယ် ဖလက်ချာ ကလည်း အသင်းဖော်ဟောင်း နည်းတူ နည်းပြ ဘဝကို ပိုင်ဆိုင်ဖို့ တာစူ နေပြီပဲ ဖြစ်ပါတယ် ။

ဖလက်ချာဟာ 2015 ခုနှစ် တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထွက်ခွာပြီး ဝက်စ် ဘရွန်း အသင်းကို ပြောင်းရွှေ့ခဲ့ ပါတယ် ။ အဲ့ဒီနောက် သူဟာ 2017 ခုနှစ်မှာ စတုတ် စီးတီး အသင်းဆီ ပြောင်းရွှေ့ ခဲ့ပြီး ဒီနှစ် အစပိုင်း မှာတော့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝမှ အနားယူ ခဲ့သူပဲ ဖြစ်ပါတယ် ။

ဒီကြားထဲမှာတော့ သူဟာ သတင်း သုံးသပ်သူ တစ်ဦး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သေးပြီး အခုတော့ နည်းပြ ဘဝကို စတင် နိုင်ရေး အတွက် အသင်းဟောင်း ဆီကို ရောက်လာ ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုလို ယူနိုက်တက် အသင်း နဲ့ စတင်ပြီး အတွေ့အကြုံတွေ ရှာဖွေရတော့မယ့် အပေါ် …

” ကျွန်တော့် အနေနဲ့ နောက်ထပ် ခြေလှမ်းတွေ လှမ်းနိုင်ဖို့ အတွက် ဒီလို အဆင့်ကို ပိုင်ဆိုင်ဖို့ လိုအပ်တယ်လို့ ထင်မိ ပါတယ် ။ ကျွန်တော် ကစားသမား ဘဝ ကနေ အပြီးအပိုင် အနားယူပြီး ဒီလို ခြေလှမ်း စတင် နိုင်ဖို့ ဦးတည် ခဲ့ရ ပါတယ် ။ ကျွန်တော် နည်းပြ လိုင်စဉ် ရရှိရေး အတွက် ဒါဟာ အရေးကြီးတဲ့ ခြေလှမ်း တစ်ခု ပါပဲ ”

” ကျွန်တော်ဟာ အသင်းဆီ လာရောက်ဖို့ ကမ်းလှမ်းမှု ရရှိခဲ့ ပါတယ် ။ ကျွန်တော်လည်း ညနေဖက်တွေမှာ အနည်းငယ် အချိန် အားတယ်လေ ။ ပြီးတော့ မန်ချက်စတာ ယူနိုက်တက် အသင်း(အကယ်ဒမီ)မှာ အလုပ် လုပ်ရတာထက် ပိုကောင်းတဲ့ အရာ မရှိဘူး ဆိုတာ ကျွန်တော် သိရှိထား ပါတယ် ”

” ဒါက ကျွန်တော့် အတွက် အရမ်းကို အဓိပ္ပါယ် ရှိတဲ့ ကလပ် အသင်း တစ်သင်းပါ ။ ဒါက နှစ်ဦးနှစ်ဖက် အတွက် အဆင်ပြေ လွန်းတဲ့ ကမ်းလှမ်းမှု ဖြစ်ခဲ့ ပါတယ် ။ ဒါက ကျွန်တော့်ရဲ့ နည်းပြ လိုင်စင် ရရှိဖို့ အထောက်အကူ ဖြစ်နိုင်မှာ သေချာ သလို အကယ်ဒမီ က လူငယ် တွေကို အတွေ့အကြုံ မျှဝေခွင့် ပိုင်ဆိုင်မှာလည်း ဖြစ်တယ်လေ ”

” ခင်ဗျား သိလား ? အခုလို လုပ်ခွင့် ရတာကို ကျွန်တော် အရမ်း ပျော်ရွှင် နေပါတယ် ။ ကျွန်တော်က lockdown မတိုင်ခင်က စတင်ခဲ့တာပါ ။ အခုတော့ နှစ်ပါတ် ၊ သုံးပါတ်လောက် ဒါတွေ လုပ်ဆောင် ခဲ့တဲ့နောက် ဒီကို ရောက်ရှိ နေခဲ့ ရတဲ့ အတွက် အရမ်းပဲ ပျော်ရွှင် ဝမ်းမြောက် နေမိ ပါတယ် ”

” အကယ်ဒမီ ကစားသမားလေးတွေ ဆိုတာက အခုမှ ကစား သမား ဘဝကို စတင်ကြမယ့် စိတ်အား ထက်သန်တဲ့ ကောင်လေးတွေပဲ ဖြစ်ကြပါတယ် ။ ဒါဟာ ခမ်းနားတဲ့ နေရာ တစ်ခု ပါပဲ ။ ကျွန်တော်ဟာ ညနေတိုင်း ဒီမှာ ရှိနေပြီ ဒါဟာ သူတို့ အတွက် ဘယ်လောက်အထိ အဓိပ္ပါယ် ရှိသလဲ ဆိုတာကို ခံစား ကြည့်ရှု နေခဲ့ ပါတယ် ”

” ကျွန်တော်ဟာ သူတို့လေးတွေဆီကို အကြံဉာဏ်တွေ ပေးခဲ့သလို သတိထားရမယ့် အသေးစိတ် အချက်အလက် တွေကိုလည်း မျှဝေပေးခဲ့ ပါတယ် ။ သူတို့ ဒါတွေကို အလေးအနက် နားထောင်ခဲ့ကြသလို ကွင်းထဲမှာလည်း အသုံးချပြခဲ့ကြပါတယ် ။ သူတို့ ဒီလို လုပ်ဆောင်တာကို ကြည့်ရှုရတာက အပျော်တွေ ကူးစက် စေပြီး အဓိပ္ပါယ် အရမ်း ရှိတဲ့ ခံစားချက်တွေ ဖြစ်ပေါ်စေခဲ့ ပါတယ် ” လို့ ဖလက်ချာက ထုတ်ဖော် ပြောကြား ခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular