နောက်ထပ် ရက်အနည်းငယ်ထိ တစ်ယောက်တည်း လေ့ကျင့်ရဦးမယ့် ဂရင်းဝုဒ်

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ လူငယ် တိုက်စစ်မှုးလေး မေဆင် ဂရင်းဝုဒ် ကို အသင်းနဲ့ မပူးပေါင်း စေသေးဘဲ တစ်ဦးတည်း သီးသန့် ခွဲကာ ရက်အနည်းငယ် ကြာသည်အထိ လေ့ကျင့်စေ ဖို့ ညွှန်ကြား ထားတယ်လို့ သတင်း ရရှိ ပါတယ် ။ ဂရင်းဝုဒ် ဟာ အိုက်စလန် မှာ ကိုဗစ်-၁၉ စည်းမျဉ်း ကို ချိုးဖောက်ပြီး ဒေသခံ ပြည်သူတွေ နဲ့ ထိတွေ့မှု ရှိခဲ့ တာကြောင့် အခုလို သီးသန့် ခွဲခြား လေ့ကျင့် စေရတာ ဖြစ်တယ် လို့လည်း သိရ ပါတယ် ။

ဂရင်းဝုဒ် နဲ့ မန်စီးတီး လူငယ် ဖိုဒန် တို့ ဟာ အိုက်စလန် နိုင်ငံ ကို ဥရောပ နေးရှင်းလိဂ် ကစားဖို့ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ ရောက်ရှိ နေစဉ် အတွင်း နေထိုင် တည်းခိုရာ ဟိုတယ် ကို အိုက်စလန် အမျိုးသမီးငယ်တွေ ခေါ်ယူ ခဲ့တာကြောင့် ပြဿနာတွေ ဖြစ်ခဲ့ရ ပါတယ် ။

myan789

သူတို့ ၂ ဦး ကို အိုက်စလန် ရဲတပ်ဖွဲ့ က ကိုဗစ်-၁၉ စည်းမျဉ်း ချိုးဖောက်မှု နဲ့ ဒဏ်ငွေ တပ်ခဲ့ သလို အင်္ဂလန် နည်းပြ ဆောက်ဂိတ် ကလည်း ဒိန်းမတ် အသင်းနဲ့ ပွဲအတွက် လူစာရင်း ကနေ ချန်လှပ် ခဲ့ ပါတယ် ။ ဒါကြောင့် လူငယ် ၂ ဦး ဟာ အိုက်စလန် ကနေ မန်ချက်စတာ ကို ပြန်လာ ခဲ့ရပြီး ဆိုရှယ် မီဒီယာ ပေါ်ကနေ သူတို့ရဲ့ လုပ်ရပ် အတွက် တောင်းပန်ကြောင်း ပြောဆို ခဲ့ကြပါတယ် ။

ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ ရာသီက ယူရိုပါလိဂ် ဆီမီး ဖိုင်နယ် အထိ ရောက်ခဲ့တာ ကြောင့် နားရက် နည်းပါး ခဲ့ပါတယ် ။ ဒါကြောင့် ပရီးမီးယားလိဂ် ဟာ မန်ယူနိုက်တက် ကို မနက်ဖြန် မှာ စတင်မယ့် ရာသီသစ် အဖွင့် ပွဲစဉ် ကို အနားပေး ထားခဲ့ပြီး ပွဲစဉ် ၂ မှသာ စတင် ကစားစေ ခဲ့ ပါတယ် ။

ဒါကြောင့် ယူနိုက်တက် ကစား သမားတွေ ဟာ ကာရင်တန် မှာ ရာသီသစ် အတွက် ပြင်ဆင် လေ့ကျင့် နေကြပြီး ဂရင်းဝုဒ် ကတော့ သူတို့နဲ့ ပူးပေါင်းဖို့ အတွက် ရက်အနည်းငယ် စောင့်ဆိုင်း ရဦးမှာ ဖြစ်ပါတယ် ။ သတင်း အချို့ရဲ့ ဖော်ပြမှု အရ ဂရင်းဝုဒ် ဟာ နည်းပြ ဆိုးရှား နဲ့ ပထမ အသင်းသားတွေ လေ့ကျင့်ပြီးလို့ ထွက်ခွာ ပြီးမှသာလျှင် ကာရင်တန် ကို လာရောက်ဖို့ ညွှန်ကြား ထားတယ် လို့ သိရှိ ရ ပါတယ် ။

ယူနိုက်တက် ဟာ ယခု အပတ် ထဲမှာ အက်စတွန် ဗီလာ အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ ရှိနေပြီး ဂရင်းဝုဒ် ကတော ဒီပွဲ ကို ပါဝင် နိုင်မှာ မဟုတ်ပါဘူး ။ ဂရင်းဝုဒ် ဟာ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ ကိုလည်း စစ်ဆေး ထားပြီး ရလဒ် ကောင်းခဲ့ပါက စက်တင်ဘာ ၁၉ မှာ ကစားမယ့် ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ ပွဲစဉ် မှာ ပါဝင် လာနိုင်ချေ ရှိတယ် လို့ သိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီနှစ် နွေရာသီ အပြောင်း အရွှေ့ မှာ လှုပ်ရှားမှု နည်းပါး နေပြီး အဓိက ပစ်မှတ် ဂျေဒန် ဆန်ချို နဲ့ အခြေအနေ တွေကလည်း ထူးထူး ခြားခြား တိုးတက် လာခြင်းမရှိ သေးပါဘူး ။ နယ်သာလန် ကလပ် အိုင်ယက်စ် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိ တစ်ဦး ကိုသာ ခေါ်ယူ ထားပြီး အခြား ကစား သမားတွေ ကတော့ သတင်းပြန့်ရုံ အဆင့် မှာသာ ရှိနေခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ဆန်ချို အပြင် ရီးရဲ ဘယ်နောက်ခံလူ ရီဂွီလွန် ၊ နာပိုလီ ခံစစ်မှူး ကူလီဘာလေ တို့ကိုလည်း ချိတ်ဆက် နေတယ်လို့ ကြားသိရပြီး ပရိသတ်တွေ ကတော့ အပြောင်းအရွှေ့ ပိတ်မယ့် အောက်တိုဘာ ၂ ရက်နေ့ မတိုင်ခင် မှာ ကြီးမားတဲ့ ခေါ်ယူမှုတွေ ကို မြင်တွေ့ရဖို့ မျှော်လင့် နေကြပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular