‘ နောက်တစ်ပွဲ ၊ နောက်တစ်ပွဲ ၊ နောက်တစ်ပွဲ တွေမှာ ဒီအတိုင်းသာ အာရုံစိုက် ကစားနိုင်မယ် ဆိုရင်… ‘

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဂျာမန် ထိပ်သီး ကလပ် ဖြစ်တဲ့ RB လက်ပ်ဇစ် အသင်းကို ဧည့်ခံ ကစားခဲ့ ရပြီး ချန်ပီယံလိဂ် အုပ်စု ဒုတိယ ပွဲစဉ်ကို 5 – 0 ဆိုတဲ့ ဂိုးပြတ် နိုင်ပွဲ တစ်ခုနဲ့ အဆုံးသတ် သွားနိုင်ခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ ဆိုးလ်ရှားဟာ ဒီပွဲစဉ်မှာတော့ ပွဲထွက် ကစားခွင့် ဆုံးရှုံး နေလို့ ဝေဖန် ခံနေခဲ့ ရတဲ့ ပေါ့ဂ်ဘာ ၊ ဂရင်းဝုဒ် နဲ့ ဗန်ဒီ ဘိခ် တို့ကို မာတစ် နဲ့ အတူ ပွဲထွက် ကစား စေခဲ့ပြီး စိန်ပွင့် ကစားကွက်နဲ့ အတူ ယခင်တုန်းကနဲ့ ခြားနားတဲ့ ကစားဟန် ၊ အခင်းအကျင်းကို ချပြ သွားခဲ့ ပါတယ် ။

myan789

ပထမပိုင်း မှာတော့ ယူနိုက်တက် တို့ဟာ ကျစ်လျစ်တဲ့ ကစားဟန် နဲ့ အတူ အမှား မပါအောင် ကစားရင်း ပေါ့ဂ်ဘာ + ဂရင်းဝုဒ် တို့ရဲ့ ချိတ်ဆက်မှု မှတစ်ဆင့် ဦးဆောင်ဂိုး သွင်းယူ နိုင်ခဲ့ကြ ပါတယ် ။ ဒါဟာ ဝေဖန်မှုတွေ ခံနေခဲ့ ရတဲ့ ကစားသမား နှစ်ဦး ဆီက အကောင်းဆုံး တုန့်ပြန်မှု လို့ ပြောဆိုရ ပါ့မယ် ။

အဲ့ဒီနောက် ဒုတိယပိုင်းမှာ ရပ်ရှ်ဖို့ ၊ ဘရူနိုတို့ ဝင်ရောက် လာခဲ့တဲ့နောက် ယူနိုက်တက် အသင်းရဲ့ တိုက်စစ် ကစားဟန်ဟာ ပိုမို ထူးကဲ လာခဲ့ပြီး ရပ်ရှ်ဖို့ က ပွဲချိန် 74′ ၊ 78′ နဲ့ 92′ တွေမှာ ဟတ်ထရစ်ဂိုး သွင်းယူ သွားနိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် မာရှယ် ကလည်း 87 မိနစ်မှာ ပင်နယ်တီက တစ်ဆင့် ဂိုး ရယူ နိုင်ခဲ့ပြီး ဂိုးပေါက် ပျောက်ဆုံးနေမှု တွေကို အဆုံးသတ် နိုင်ခဲ့ ပါတယ် ။

ဒါဟာ 1999 ခုနှစ် တုန်းက ယူနိုက်တက် အတွက် လူးစားဝင် ကစားပေးရင်း ဆိုးလ်ရှား ဟတ်ထရစ် ဂိုး သွင်းယူ ခဲ့တဲ့ နောက်ပိုင်း ယူနိုက်တက် အသင်း အတွက် နောက်ထပ် လူစားဝင် ဟတ်ထရစ် ဂိုး သွင်းယူသူ ပေါ်ပေါက် လာခြင်းလည်း ဖြစ်သွား ခဲ့ရ ပါတယ် ။

အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက် တို့ဟာ ပြီးခဲ့တဲ့ ရာသီ တုန်းက ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အထူး ခြေစွာ နေခဲ့ကြတဲ့ PSG ၊ လက်ပ်ဇစ် အသင်း တွေကို အနိုင်ယူ ကျော်ဖြတ်ရင်း ပွဲစဉ် 2 ပြီးဆုံး သွားချိန်မှာ အမှတ်ပေး ဇယား အဆင့် 1 နေရာမှာ ရပ်တည် သွားနိုင်ခဲ့ကြ ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက သူတို့ တွေဟာ လာမယ့် ပွဲစဉ် တွေမှာ အခုလို စိတ်ဓါတ်ပိုင်း နဲ့ စွမ်းဆောင်ရည် တွေကိုသာ ဆက်လက် ပြသသွားနိုင်မယ် ဆိုရင် ဒီရာသီ အတွင်း ဘယ်လောက် အထိ ရှေ့ဆက် နိုင်မလဲ ဆိုတာကို ကြိုသိလို့ ရနိုင်မှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” အခု အချိန် အထိတော့ ကျွန်တော် တို့ဟာ အရမ်းကို ကောင်းမွန်တဲ့ ပြိုင်ဖက် အသင်း နှစ်သင်း… PSG ၊ RB လက်ပ်ဇစ် အသင်း တွေနဲ့ ရင်ဆိုင် ခဲ့ပြီး ပါပြီ ။ ခက်ခဲလှတဲ့ ပွဲစဉ် နှစ်ပွဲပေါ့ ဗျာ ။ ဒီပွဲ တွေမှာ ကျွန်တော်တို့ အသင်းရဲ့ အရည်အသွေး တွေကတော့ အံ့ချီးဖွယ် ဖြစ်ခဲ့ရ ပါတယ် ”

” နောက်တစ်ပွဲ ၊ နောက်တစ်ပွဲ ၊ နောက်တစ်ပွဲ တွေမှာ ကျွန်တော်တို့ တွေက အခု အတိုင်းသာ တူညီတဲ့ ပုံစံကောင်း တွေကို ဆက်လက် ပြသနိုင်ဖို့ အာရုံစိုက် နိုင်မယ် ဆိုရင် ဘယ်လောက် အထိ ရှေ့ဆက် နိုင်မလဲ ဆိုတာကို ဘယ်သူတွေ ကြိုတင် သိရှိ နိုင်မှာလဲ ဗျာ ”

” အကယ်လို့ ခင်ဗျားဟာ အလုပ် လုပ်ပြီးရင်း လုပ်မယ် ဆိုရင် ထိုက်တန်တဲ့ ဆုလာဘ် တွေကို ခံစား ရမှာ ပါပဲ ။ လက်ရှိ အသင်းရဲ့ ကစားသမား စာရင်းက ကောင်းမွန်ပြီး အံဝင် နေပါတယ် ။ ဒါဟာ ကျွန်တော်တို့ တွေကို ခြားနားတဲ့ ကစားကွက် တွေကို ခင်းကျင်း နိုင်အောင် အခွင့်အရေးတွေ ပေးနေပါတယ် ”

” လက်ရှိ အသင်း ရဲ့ စွမ်းဆောင်ရည် ၊ ရလဒ် တွေနဲ့ ပတ်သက်လို့ ကျွန်တော် ကျေနပ် ပျော်ရွှင် နေမိ ပါတယ် ” လို့ ဆိုးလ်ရှားက လက်ပ်ဇစ် အသင်းကို 5 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ် အပြီး သတင်းစာ ရှင်းလင်းပွဲ မှာ ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular