နောက်ဆုံး ကစားခဲ့တဲ့ ပွဲက အတွဲအဖက် ညီခဲ့တဲ့ ကစားသမား ၂ဦး အပေါ် ချီးကျူး ပြောဆိုလိုက်တဲ့

ချဲလ်ဆီး အသင်း ဟာ international break မတိုင်မီ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာတော့ လန်ဒန်ဒါဘီ ပြိုင်ဖက် ခရစ်စတယ် ပဲလေ့စ် အသင်း ကို အိမ်ကွင်း မှာ ခြေအသာ ၊ ဂိုးအသာ နဲ့ ၄ – ၀ ရလဒ် နဲ့ အနိုင်ရခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး အသင်း ရဲ့ ခံစစ် ကစားပုံ က အရိပ်အယောင်ကောင်းတွေ တွေ့ခဲ့ရပါတယ် ။ အထူးသဖြင့် သီယာဂို ဆေးလ်ဗား – ကတ်ဇူးမား ခံစစ် အတွဲ ဟာ ဒီရာသီ ချဲလ်ဆီး အသင်း ရဲ့ အသုံး အများဆုံး ခံစစ် အတွဲ ဖြစ်လာနိုင်လောက်တဲ့ အထိ ၊ ကျစ်လျစ်မှု ကို ပြသနိုင်ခဲ့ပါတယ် ။

myan789

ပဲလေ့စ် ရဲ့ တိုက်စစ် က ကောင်းကောင်း အလုပ်မလုပ်နိုင်မှု နဲ့ Clean Sheet တကြိမ် က ချဲလ်ဆီး ခံစစ်ကြောင်း ရဲ့ စွမ်းဆောင်ရည် ကို လုံလုံလောက်လောက် သက်သေပြပေးနိုင်ဦးမှာ မဟုတ်ပေမယ့် ၊ ဒါဟာ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် အတွက် အများကြီး အပေါင်း လက္ခဏာ ဆောင်တဲ့ အရာ ဖြစ်ပါတယ် ။

အဲ့ဒီပွဲစဉ် အပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ရာမှာ လမ်းပတ် က အသင်း ရဲ့ ခံစစ် စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး ” ဒီနေ့ပွဲမှာ ရခဲ့တဲ့ Clean Sheet မှာ အတူတကွ ပူးပေါင်း ပါဝင်ခဲ့တဲ့ အသင်းသားတိုင်း ရဲ့ ကြိုးစား အားထုတ်မှု အပေါ် ကျွန်တော် အပြည့်အဝ အားရ ကျေနပ်မိပါတယ် ။ ”

” ဂိုးသမား မှ မဟုတ်ပါဘူး ။ ခံစစ် ကစားသမား ၄ယောက်ထဲမှ မဟုတ်ပါဘူး ။ တသင်းလုံး ရဲ့ ခြေစွမ်း အပေါ် ကျွန်တော် အားရ ကျေနပ်မိတာပါ ။ ကျွန်တော်တို့ဟာ ပြိုင်ဖက် အသင်း ကို ဘာအခွင့်အရေး မှ မပေးနိုင်လောက်အောင် အထိ ကို အသင်းသားတွေရဲ့ ပွဲအပေါ် အာရုံစိုက်မှု က ပြည့်ခဲ့ပါတယ် ။ ”

” ဟုတ်ပါတယ် ။ သီယာဂို နဲ့ ကတ် တို့ကတော့ ဒီနေ့ပွဲမှာ တကယ်ကို သတိကြီးကြီးနဲ့ တည်ငြိမ်တဲ့ ကစားပုံ ကို ပြသခဲ့ကြပါတယ် ။ သီယာဂို ဆိုရင် ဒီပွဲမှာ သူ ပိုင်ဆိုင်ထားတဲ့ အတွေ့အကြုံ တွေက ဘယ်လောက် အထောက်အကူ ပြုခဲ့လဲ ဆိုတာ ခင်ဗျားတို့ တွေ့ရမှာပါ ။ ဒါဟာ တသင်းလုံး ရဲ့ ကြံ့ခိုင်မှု အနေအထား နဲ့ ယှဉ်ရရင် ပြောဖို့ စောပါသေးတယ် ။ ”

” ဒီ ခံစစ် အတွဲအဖက် ဘယ်လောက်ထိ အလုပ်ဖြစ်မလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရအောင်ပါ ။ ဒါပေမယ့် ကျွန်တော် ဟာ ခံစစ် ၄ယောက်တန်း အတွက် တည်မြဲတဲ့ အတွဲအဖက် ကို ရှာဖွေဖို့ ကြိုးစားနေပါတယ် ။ ဒီအတွက်လည်း အသင်း အတွင်း ပြိုင်ဆိုင်မှု လိုအပ်ပါတယ် ။ ”

” ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ ( သီယာဂို ဆေးလ်ဗား – ကတ်ဇူးမား ) ဟာ ကျွန်တော် တောင်းဆိုတဲ့ ပုံစံကောင်း ကို ချပြနိုင်ခဲ့ပါတယ် ။ ဒါပေမယ့်လည်း ဒီ ပုံစံကောင်း ကို ဆက်လက် သယ်ဆောင်သွားဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ပဲလေ့စ် နဲ့ ပွဲမှာ ပရီးမီးယားလိဂ် ပွဲထွက်ခွင့် စတင် ရရှိခဲ့ပြီး ၊ သွင်းဂိုး တဂိုး ၊ ဂိုးဖန်တီးမှု တကြိမ် စွမ်းဆောင်ပေးခဲ့တဲ့ ချဲလ်ဆီး ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ကလည်း ၎င်းတို့ အသင်း ရဲ့ ဗဟို ခံစစ် အတွဲ စွမ်းဆောင်ရည် အပေါ် အခုလိုပဲ ချီးကျူး ပြောဆိုခဲ့ပါတယ် ။

ချေဝဲလ် က ” ဒီနေ့ပွဲ ဟာ ကျွန်တော်တို့ အတွက် ဘယ်လောက်အထိ အရေးကြီးတယ် ဆိုတာ သိထားသလို ၊ Clean Sheet ကလည်း ဒီပွဲရဲ့ အကြီးမားဆုံး အပိုဆု သဖွယ်ပါပဲ ။ နောက်ခံလူ တယောက် အနေနဲ့သာ ကျွန်တော် ဒီ ရလဒ် အပေါ် အားရကျေနပ်နေတာမျိုး မဟုတ်ပါဘူး ။ ”

” ၄ဂိုးပြတ် နဲ့ နိုင်ခဲ့သလို ၊ ပေးဂိုးလည်း မရှိခဲ့ပါဘူး ။ ဒါဟာ international break မတိုင်မီ ပြီးပြည့်စုံတဲ့ နိုင်ပွဲ ဖြစ်ပါတယ် ။ နောက်ပွဲစဉ်တွေမှာလည်း ဒီအတိုင်း ခံစစ် ကစားပုံကောင်း ကို ဆက်လက်ပြသနိုင်ဖို့ မျှော်လင့်မိပါတယ် ။ ”

” သီယာဂို နဲ့ ကတ် တို့ကတော့ အကျစ်လျစ်ဆုံး ခံစစ် စွမ်းဆောင်ရည် ကို ပြသခဲ့တာပါ ။ တသင်းလုံး လည်း ပွဲချိန် တောက်လျှောက် အတူတကွ ကြိုးစား တိုက်ပွဲဝင်ခဲ့ကြပါတယ် ။ ဒါဟာ ပိုကောင်းတဲ့ ရလဒ်တွေ ထပ်ဖြစ်လာဖို့ အတွက် လက္ခဏာကောင်းတွေ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular