နောက်ဆုံးမိနစ် သွင်းဂိုး သုံးဂိုးကြောင့် အမှတ်လျော့ခဲ့ရတဲ့ အပေါ် မှတ်ချက်ပေးလိုက်တဲ့ မော်ရင်ဟို

တော့တင်ဟမ် ဟော့ စပါး အသင်းဟာ မနေ့ည တုန်းက အိမ်ကွင်းမှာ ဝက်စ်ဟမ်း အသင်းကို ဧည်ခံ ကစားခဲ့ ရပြီး 3 – 3 ဆိုတဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့ရ ပါတယ် ။ အခုတော့ တော့တင်ဟမ် တို့ဟာ အမှတ်ပေး ဖလား ပြိုင်ပွဲမှာ 3 ပွဲ ကစား ခဲ့တဲ့နောက် 2 ပွဲနိုင် ၊ 2 ပွဲ သရေ ၊ 1 ပွဲရှုံး ဆိုတဲ့ ရလဒ် ပိုင်ဆိုင် ထားခဲ့ရ ပါပြီ ။

အဆိုပါ ပွဲစဉ် မှာတော့ တော့တင်ဟမ် ဟော့ စပါး အသင်း အတွက် သွင်းဂိုး တွေကို ပွဲချိန် 16 မိနစ် အတွင်း ဆွန်ဟောင်မင်း နဲ့ ဟယ်ရီကိန်း ( 2 ဂိုး ) တို့က သွင်းယူ ပေးနိုင်ခဲ့ကြ ပါတယ် ။ ထိုအတူ အဆိုပါ ရလဒ် အတိုင်းပဲ ပထမပိုင်း က ပြီးဆုံး သွားခဲ့တဲ့ အတွက် ဒုတိယပိုင်းမှာ တော့တင်ဟမ် တို့ နောက်ထပ် ဂိုးတွေ ဘယ်လောက် သွင်းမလဲ ၊ ကိန်း ဟတ်ထရစ် ရနိုင် မလား ဆိုတာ စိတ်ဝင်စား စရာ ဖြစ်လာခဲ့ရ ပါတယ် ။

myan789

ဒါပေမယ့် ဒုတိယပိုင်း မှာတော့ ထင်မှတ် ထားတဲ့ အရာ တွေဟာ လုံးဝ ဖြစ်မလာခဲ့ပဲ ဝက်စ်ဟမ်း အသင်းက ပွဲချိန် 82 မိနစ် ၊ 85 မိနစ် နဲ့ 94 မိနစ် တွေမှာ ဂိုးတွေ ဆက်တိုက် သွင်းယူပြရင်း အံ့ဖွယ် ခြေစွမ်း တွေနဲ့ အတူ အကောင်းဆုံး ComeBack လုပ်ပြရင်း အိမ်ရှင်တွေ ဆီက သရေ တစ်မှတ် အရ ယူသွား နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီးမှာတော့ တော့တင်ဟမ် ဟော့ စပါး အသင်း နည်းပြ ဟိုဆေး မော်ရင်ဟို က အသင်း ရဲ့ ဒုတိယပိုင်း စွမ်းဆောင်ရည် တွေကို ပြန်လည် ခွဲခြမ်း စိတ်ဖြာ နိုင်ဖို့ လိုအပ် နေပြီ ဖြစ်ကြောင်း ၊ ဘောလုံးမှာ ဒါမျိုးတွေက ဖြစ်လေ့ဖြစ်ထ ရှိတတ် အရာ တစ်ခု ဖြစ်ကြောင်း ပြောကြားရင်း ပြိုင်ဖက် ဝက်စ်ဟမ်း အသင်းကို ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

” သေချာပါတယ် ၊ ကျွန်တော်ဟာ အသင်းရဲ့ ဒုတိယပိုင်း စွမ်းဆောင်ရည် တွေကို ပြန်လည် ခွဲခြမ်း စိတ်ဖြာဖို့ လိုအပ် နေပါပြီ ။ အပြစ်တင် စကား ပြောကြားရေး ထက် ဘောလုံးမှာ ဒါတွေက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာ တစ်ခုပဲလို့ ပြောရတာကို ကျွန်တော် ပိုပြီး နှစ်သက်မှာပါ ။ ဝက်စ်ဟမ်း ရဲ့ ယုံကြည်ချက် အားကောင်းမှုကို ချီးကျူးမိ ပါတယ် ”

” သူတို့ တွေဟာ ဒီ ရာသီမှာ လုံးဝကို ခြားနားတဲ့ အသင်း ဖြစ်သွားခဲ့ ကြပြီ ဆိုတာ ကျွန်တော် သိရှိ နေခဲ့ ပါတယ် ။ သုံးဂိုး ထိ ပြန်လည် ပေးဆောင် လိုက်ရခြင်း က ကြီးမားတဲ့ အပြစ်ဒဏ် ခတ်ခံ ရမှု ပါပဲ ။ အဆုံးသတ် မှာတော့ ကျွန်တော် တို့ဟာ ဒီလို ရလဒ် နဲ့ပဲ ထိုက်တန် ခဲ့ကြ ပါတယ် ”

” ပွဲစဉ် အကြောင်းကို ပြောကြားရမယ် ဆိုရင်တော့ အဲ့တာက ကျွန်တော် တို့ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေခဲ့ ပါတယ် ။ ကိန်းနဲ့ ဘေးလ် တို့က ပွဲစဉ်ကို သေဆုံး သွားအောင် လုပ်ဆောင် နိုင်ခွင့် ရှိခဲ့ကြပြီး အသင်း အတွက် စတုတ္ထမြောက် ဂိုးကို ရယူ ပေးခွင့် ပိုင်ဆိုင် ခဲ့ကြပါ သေးတယ် ။ ဒါပေမယ့် ဒါက ဘောလုံးပဲလေ ”

” ကျွန်တော်တို့ တမင်တကာ ကျရှုံး သွားခဲ့ကြတာ မဟုတ် ပါဘူး ။ ယုံကြည်မှု တွေက မြင့်တတ် နေခဲ့ပါသေးတယ် ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကစားသမား တွေက စိတ်ဓါတ်ရေးရာမှာ သန်မာမှု အားနည်း ခဲ့ကြ ပါတယ် ။ ပထမပိုင်း ပြီးတော့ တူညီတဲ့ ပုံစံကောင်း တွေကို ဆက်လက် ထိန်းသိမ်း ထားဖို့ သူတို့ တွေကို ကျွန်တော် မှာကြားခဲ့ပါ သေးတယ် ”

” ပြီးတော့ အလွတ် တည်ကန်ဘော တွေကို သတိထားဖို့ ညွှန်ကြား ခဲ့ပါ သေးတယ် ။ ဒေးဗစ် ( မိုယက်စ် ) က ဆုကပ်စ် ကို ဖယ်လိုင်နီလို ကစားသမားမျိုး အဖြစ် ပိုင်ဆိုင် ထားတယ်လေ ။ သူတို့ ကံကောင်းခဲ့ကြ ပါတယ် ။ ကံကောင်းဖို့ အတွက်လည်း သူတို့ တွေဟာ အလုပ် ကြိုးစား ခဲ့တဲ့ အတွက် ဝက်စ်ဟမ်း အသင်းကို ကျွန်တော် ဂုဏ်ပြုလို ပါတယ် ” လို့ မော်ရင်ဟို က ပြိုင်ဖက် အသင်းကို ချီးကျူး သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular