နေရာပြောင်း ကစားခဲ့ရတဲ့ အပေါ် မှတ်ချက် ပေးလိုက်တဲ့ ဒွန်နီ ဗန်ဒီ ဘိခ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့က အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် 4 အဖြစ် အစ္စတန်ဘူလ် ဘာဆက်ဆီဟာ အသင်းကို ဧည့်ခံ ကစားခဲ့ ရပြီး 4 – 1 ဆိုတဲ့ ရလဒ် နဲ့ အိမ်ကွင်း ဂိုးပြတ် နိုင်ပွဲ တစ်ပွဲ ရယူသွားနိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ်မှာတော့ ယူနိုက်တက် အသင်း အတွက် သွင်းဂိုး တွေကို ဘရူနို ဖာနန်ဒက်စ် ( 2 ဂိုး ) ၊ မားကပ်စ် ရပ်ရှ်ဖို့ နဲ့ ဒန်နီယယ် ဂျိမ်းစ် တို့က သွင်းယူ ပေးခဲ့ကြ ပါတယ် ။ အခုတော့ ယူနိုက်တက် တို့ဟာ အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင်ရင်း နောက် တစ်ဆင့် တက်ဖို့ အလားအလာ ကောင်းနေခဲ့ပါပြီ ။

myan789

ဒီပွဲ မှာတော့ ယူနိုက်တက် တို့ဟာ သေချာပေါက် အနိုင် ရလဒ် ထွက်ပေါ်အောင် ကစား ရမှာ ဖြစ်ခဲ့တဲ့ အတွက် နည်းပြ ဆိုးလ်ရှားက တိုက်စစ်မှာ ကာဗာနီ ၊ ရပ်ရှ်ဖို့ နဲ့ မာရှယ် တို့ကို ပွဲထွက် စေခဲ့ သလို ကွင်းလယ် မှာလဲ ဖန်တီး နိုင်မှု စွမ်းရည် မြင့်တဲ့ ဘရူနို နဲ့ ဗန်ဒီ ဘိခ် တို့ကို ထည့်သွင်း ကစား စေခဲ့ ပါတယ် ။

ဒါပေမယ့် ကွင်းလယ် တိုက်စစ်အားသန် ကစားသမား တစ်ဦး ဖြစ်တဲ့ ဗန်ဒီ ဘိခ်ဟာ ဒီပွဲမှာတော့ တိုက်စစ်ပိုင်း တက်ရောက် ကစားခွင့်ထက် ခံစစ်ပိုင်းကို ဂရုတစိုက် ကစားပေးခဲ့ ရတဲ့ နှစ်ဦးတွဲ ကွင်းလယ် ခံစစ် နေရာမှာ ဖရက်ဒ် နဲ့ အတူတူ တွဲဖက် ကစား ခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ဗန်ဒီ ဘိခ်ဟာ key pass 2 ကြိမ် ပေးပို့ ခဲ့ပြီး ပြိုင်ဖက် ကွင်းတစ်ဝက် အခြမ်းမှာ ဘောလုံး ပေးပို့မှု 33 ကြိမ် အထိ ချောမွေ့စွာ ပေးပို့ သွားနိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် ပွဲစဉ် အတွင်း သူ့ရဲ့ ဘောလုံး ပေးပို့မှု 87.5 % အထိ တိကျ မှန်ကန်ခဲ့ ပါတယ် ။

အခုတော့ ကစားသမား ဖြစ်သူက သူ့ကို ကွင်းလယ် ခံစစ် နေရာမှာ ထားပြီး ကစား စေတာက အလုပ် ဖြစ်ခဲ့ကြောင်း ၊ အေဂျက်ဇ် အသင်းမှာ တုန်းက သူဟာ ဒီ နေရာမှာ ကစားခဲ့ ရတာ ဖြစ်ကြောင်း ၊ ဒီနေရာ မှာလဲ သက်သောင့်သက်သာ ကစား နိုင်စွမ်း ရှိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” အေဂျက်ဇ်မှာ တုန်းက ကျွန်တော်ဟာ အဲ့ဒီ နေရာမှာ ကစားခဲ့ ပါတယ် ။ အဲ့တာက အမှန်တကယ်လဲ အလုပ် ဖြစ်ခဲ့ ပါတယ် ။ အချို့ ပွဲစဉ် တွေမှာ ဆိုရင် ကျွန်တော်ဟာ နံပါတ် 10 နေရာမှာ ကစား ခဲ့ရ ပေမယ့် အချို့ပွဲ မှာဆို နည်းပြက ကျွန်တော့်ကို ပွဲစဉ် ထိန်းချုပ် စေလိုခဲ့ ပါတယ် ”

” အဲ့တာတွေက ကျွန်တော့် အတွက်တော့ အဆင်ပြေခဲ့ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် အေဂျက်ဇ်မှာ တုန်းက ကွင်းလယ်ပိုင်း နေရာ အစုံနီးပါး ကစားခဲ့ ရတယ်လေ ။ ကျွန်တော့် အတွက်တော့ အခုလို နေရာပြောင်း ကစားရတာလဲ ok ခဲ့ ပါတယ် ”

” ဒါက ကောင်းမွန်တဲ့ တုန့်ပြန်မှု တစ်ခု ဖြစ်ခဲ့ရ ပါတယ် ။ အိမ်ကွင်းမှာ 4 – 1 ဆိုတဲ့ ရလဒ် နဲ့ နိုင်ရင် ခင်ဗျားတို့ ပျော်နိုင် လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ပထမပိုင်းက အရမ်းကို ကောင်းမွန်ခဲ့ ပါတယ် ။ အထူးသဖြင့် ပထမပိုင်း မိနစ် 30 အတွင်းက ကစားပုံတွေပေါ့ဗျာ ”

” ကျွန်တော်တို့ဟာ ဘောလုံး ကောင်းကောင်း ကစားနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ သွင်းဂိုးတွေ ကိုလည်း သွင်းယူ နိုင်ခဲ့ကြ ပါတယ် ။ ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့ ဘောလုံး ဆုံးရှုံးတာ များခဲ့ ပါတယ် ။ နောက်ဆုံး 5 မိနစ် မှာတော့ ကျွန်တော်တို့ ပွဲစဉ်ကို ကောင်းကောင်း ပြန်လည် ထိန်းချုပ် နိုင်ခဲ့ကြ ပါတယ် ” လို့ ဗန်ဒီ ဘိခ် က ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular