နေမာ၊ ဆန်းတို့စ်နှင့် ဘာစီလိုနာအသင်းတို့၏ ပြောင်းရွှေ့ကြေးအရှုပ်တော်ပုံ မပြီးပြတ်သေးဘဲ နောက်ထပ်စွဲဆိုမှုတစ်ခုအတွက် နေမာ ရုံးထိုင်အမှုရင်ဆိုင်ရမည်

PSG အသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ဘာစီလိုနာအသင်းထံမှ ထွက်ခွာလာသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သော်လည်း ဆန်းတို့စ်အသင်းထံမှ ဘာစီလိုနာအသင်းထံသို့ ပြောင်းရွှေ့ချိန်က ဖြစ်ပေါ်ခဲ့သည့် အပြောင်းအရွှေ့အရှုပ်အထွေးများမှာ မပြီးဆုံးသေးဘဲ နောက်ထပ်တရားစွဲဆိုမှုတစ်ခုအတွက် ရုံးထိုင်အမှု ရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း သိရှိရသည်။

ဘာစီလိုနာ၊ ဆန်းတို့စ်အသင်းနှင့် နေမာတို့သည် ယင်းအပြောင်းအရွှေ့နှင့်ပတ်သက်ပြီး အခွန်ရှောင်လွှဲမှုများပြုလုပ်ရန် ပြောင်းရွှေ့ကြေးအား လိမ်လည်ဖော်ပြမှုများ ပြုလုပ်ခဲ့ကြခြင်းနှင့်ပတ်သက်ပြီး ယခင်ကလည်း အမှုများ ရင်ဆိုင်ခဲ့ရပြီးဖြစ်သည်။

myan789

ဘာစီလိုနာအသင်းသည် ဆန်းတို့စ်အသင်းထံမှ နေမာကို ခေါ်ယူခဲ့ချိန်တွင် ပေးချေခဲ့ရသည့် ပြောင်းရွှေ့ကြေးအမှန်အား စျေးနှုန်းလျှော့ချ ဖော်ပြခြင်းဖြင့် UEFA ၏ ဘဏ္ဍာရေးစည်းမျဉ်းကို ရှောင်လွှဲရန် ကြိုးပမ်းခဲ့သလို၊ ဆန်းတို့စ်အသင်းအနေဖြင့်လည်း နေမာအတွက်ရရှိသည့် ပြောင်းရွှေ့ကြေးငွေထဲမှ ပေးဆောင်ရမည့် အခွန်ငွေကို လျှော့ချနိုင်ခဲ့သည့် အကျိုးကျေးဇူး ရှိခဲ့ခြင်းဖြစ်သည်။

ယင်းအတွက် ဘာစီလိုနာအသင်းသည် အရေးယူမှုများ ခံခဲ့ရပြီးဖြစ်သော်လည်း ဆန်းတို့စ်အသင်းဘက်တွင်မူ အမှုအခင်းတစ်စုံတစ်ရာ မရှိခဲ့ချေ။

ယခုအချိန်တွင်မူ ဆန်းတို့စ်အသင်းတွင် နေမာကစားစဉ်က ၎င်း၏ ပြောင်းရွှေ့ကြေး တစ်စိတ်တစ်ဒေသကို ပိုင်ဆိုင်ထားသည့် DIS က ၎င်းတို့သည် အမှန်တကယ်ရရှိမည့်ငွေကြေးထက် လျော့နည်းရရှိခဲ့သည်ဟုဆိုကာ ထပ်မံ၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

DIS သည် ဆန်းတို့စ်အသင်းတွင် နေမာကစားခဲ့စဉ်က နေမာ၏ မူပိုင်ခွင့်အတွက် (၄၀)ရာခိုင်နှုန်းကို ပိုင်ဆိုိ်င်ထားသည့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်ပြီး ဆန်းတို့စ်အသင်းက (၆၀)ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

ဆန်းတို့စ်အသင်းသည် နေမာအတွက် ပြောင်းရွှေ့ ကြေးအား ယူရို (၅၇.၁)သန်းသာရရှိခဲ့သည်ဟု ကြေညာခဲ့ပြီး ယင်းပြောင်းရွှေ့ကြေးငွေအရ ပေးချေရမည့် ခွဲတမ်းအတိုင်းသာ DIS ကို ပေးချေခဲ့ခြင်းဖြစ်ပြီး DIS ကမူ ယင်းငွေမှာ အမှန်တကယ်ပေးချေခဲ့ရသည့် ပြောင်းရွှေ့ကြေးငွေထက် များစွာလျော့နည်းနေသည်ဟု ဆိုခဲ့သည်။

ယင်းအတွက်ကြောင့် ပြန်လည်စစ်ဆေးမှုများပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်ပြီး အပြစ်ရှိကြောင်းတွေ့ရှိရပါက ဘာစီလိုနာအသင်းသည် နေမာ၏အပြောင်းအရွှေ့တွင် လိမ်ညာထုတ်ပြန်ခဲ့ခြင်းအတွက် အရေးယူခံရမည့်အခြေအနေမျိုး ဖြစ်လာခဲ့ပြန်သည်။

နေမာနှင့် ဘာစီလိုနာအသင်းတို့သည် ယင်းအပြောင်းအရွှေ့နှင့်ပတ်သက်ပြီး အမှုမျိုးစုံကို ရင်ဆိုင်ခဲ့ရပြီး ယခုအချိန်အထိလည်း ရင်ဆိုင်နေရဆဲဖြစ်သလို ရုံးတင်စစ်ဆေးမှုများကို အောက်တိုဘာလအတွင်း ပြုလုပ်မည် ဖြစ်ကာ နေမာကိုယ်တိုင် တက်ရောက်ကြားနာရမည်ဖြစ်သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular