နိုင်ပွဲဆက်မှတ်တမ်းနဲ့ ခရီးဆက်နေဆဲ မန်စီးတီး

ဘန်လေ ၀-၂ မန်စီးတီး

ဇယားထိပ်ဆုံးက မန်စီးတီးအသင်း သက်သောင့်သက်သာကစားပြီး အလွယ်တကူနိုင်ပွဲဆက်နိုင်ခဲ့တာပါ။ မန်စီးတီးအနေနဲ့ အခုနိုင်ပွဲက ပရီးမီးယားလိဂ်(၉)ပွဲဆက် အနိုင်ရခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ(၁၃)ပွဲဆက်တိုက်ရှိလာကာ အာဆင်နယ်အသင်း(၂၀၀၂ မတ်-သြဂုတ်) (၁၃)ပွဲဆက်နိုင်ပြီး နောက်ပိုင်း ပရီးမီးယားလိဂ်အသင်းတစ်သင်းအ တွက် အရှည်လျားဆုံးနိုင်ပွဲဆက်စံချိန်လည်း ဖြစ် ခဲ့ပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာက နောက်ဆုံးပွဲ Line-up ကို (၄)နေရာလောက် အပြောင်း အလဲလုပ်ခဲ့တာပါ။ ပွဲအစမှာပဲ ဂိုးစောစောရခဲ့တာက မန်စီးတီးအသင်းအတွက် ယုံကြည်မှုပိုရှိသွားစေခဲ့တယ်။ (၃)မိနစ်မှာ ဘာနာဒိုဆေးလ်ဗားကန်ချက်ကို ဘန်လေဂိုးသမားပုတ်ထုတ်မှုက ဂျေးဇူး ရှေ့ချပေးသလိုဖြစ်ခဲ့ပြီး ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်တယ်။

myan789

ဂိုးရပြီးနောက်ပိုင်းမှာလည်း မန်စီးတီးအသင်းကပဲ ပွဲကို လွှမ်းမိုးသွားခဲ့တယ်။ မန်စီးတီးအတွက် ဒုတိယဂိုးကိုတော့ ဂွန်ဒိုဂန်ရဲ့ပေးပို့မှုကနေ စတာလင်က (၃၈)မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ဘန်လေက ဒီရာသီပရီးမီးယားလိဂ်မှာ (၁၃)ဂိုးနဲ့ သွင်းဂိုးအနည်းဆုံးဖြစ်နေပြီး အက်ရှ်လေဘန်းစ်၊ ခရစ္စဝုဒ်တို့လို အဓိကတိုက်စစ်ကစားသမားတွေ မပါဝင်တာကြောင့်လည်း ပိုမိုရုန်းကန်ခဲ့ရတယ်။ တစ်ပွဲလုံးမှာ ဘန်လေအသင်းအနေနဲ့ မန်စီးတီးဂိုးပေါက်ကို ခြိမ်းခြောက်နိုင်မှု တစ်ကြိမ်တောင်မရှိခဲ့ဘဲ ကန်သွင်းခွင့်တောင် (၂)ကြိမ်လောက်ပဲရခဲ့ပါတယ်။

မန်စီးတီးခံစစ်ပိုင်းကတော့ အကောင်းဆုံးပုံစံမှာ ဆက်ရှိနေဆဲပါပဲ။ အခုပွဲမှာလည်း (၆)ပွဲဆက် Clean Sheet ရရှိခဲ့ပြီး အသင်းရဲ့မူလစံချိန်ကို အမီလိုက်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မန်စီးတီးအသင်း ကစားအားအနည်းငယ် လျှော့ချလိုက်ပေမဲ့ ဂိုးသွင်းခွင့်တွေတော့ ထပ်ရခဲ့သေးတယ်။ တောင်ပံကစားသမား မာရက်ဇ် တစ်ဂိုးသွင်းခဲ့ပေမဲ့ လူကျွံနေလို့ ဂိုးမရခဲ့ပါဘူး။ ပြီးခဲ့တဲ့(၃)နှစ်အတွင်း မန်စီးတီးနဲ့တွေ့ဆုံမှုတွေမှာ (၀-၅)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲ (၃)ပွဲအထိ ရှိခဲ့ပေမဲ့ ဒီပွဲမှာတော့ ဘန်လေအဖို့ အ ရှုံးသက်သာတယ်လို့ ဆိုရမှာပါ။ ဘန်လေနောက်ခံလူ တာကောစကီး မန်စီးတီးတိုက်စစ်မှူး ဂျေးဇူးရဲ့ ခြေထောက်ကို ကန်ခဲ့ပေမဲ့ ဒိုင်လူကြီး အက်ကင်ဆန်က ပယ်နယ်တီပေးဖို့ ငြင်းဆန်ခဲ့လို့ မန်စီးတီး ဂိုးထပ်မရတာဖြစ်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular