နည်းပြ အာတီတာ ရောင်းထုတ်သင့်တဲ့ အာဆင်နယ် တိုက်စစ်မှူး နာမည်ကို ပြောကြားလိုက်တဲ့ ရေးပါလာ

ဂန်းနား ဂန္တဝင် ကစားသမားဟောင်း ရေးပါလာ က ဒီနွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူ နိုင်ဖို့ရာ အာဆင်နယ် အသင်း အနေနဲ့ တိုက်စစ်မှူး အလက်ဇန္ဒား လာကာဇက် ကို ရောင်းထုတ် လိုက်သင့်ကြောင်း တိုက်တွန်း အကြံဉာဏ် ပေးသွားခဲ့ပါတယ် ။

အာဆင်နယ် ဟာ ဒီနွေရာသီမှာ ဝီလီယံ ကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ ထားသလို ပါဘလို မာရီ နဲ့ ဆစ်ဒရစ် ဆောရက်စ် တို့ကိုလည်း အပြီးသတ် ခေါ်ယူ ထားပါတယ် ။ ဒါပေမယ့် အာတီတာ ဟာ အသင်း လူစာရင်း အင်အား တောင့်တင်းအောင် ကစားသမားတွေ ထပ်ခေါ်ယူဖို့ ရှိနေပါတယ် ။

myan789

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် မှာ အဆင့် ၈ နေရာမှာသာ ရပ်တည် နိုင်ခဲ့ပြီး အဆင့်လေး နေရာက အသင်း နဲ့ ၁၀ မှတ် အထိ ကွာဟ ခဲ့ပါတယ် ။ ဒါကြောင့် အာတီတာ ဟာ ထိပ်ဆုံး လေးသင်းထဲ ဝင်ရောက်နိုင်ဖို့ရာ နောက်ထပ် ကစားသမား ၂ ဦး ၊ ၃ ဦးလောက် ခေါ်ဖို့ ဆန္ဒ ရှိနေပါတယ် ။

ဒါပေမယ့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်လာတဲ့ ငွေကြေး အခြေအနေ အရ အာဆင်နယ် အသင်းဟာ ရှိရင်းစွဲ ကစားသမား အချို့ကို ရောင်းချ ပြီးမှသာ ကစားသမားသစ်တွေ ခေါ်ယူ နိုင်ဖွယ် ရှိနေပါတယ် ။

ရေးပါလာကတော့ talkSPORT မှာ အာတီတာ အနေနဲ့ လာကာဇက် ကို ရောင်းချ သင့်ကြောင်း ပြောကြား လိုက်ပါတယ် ။ ” လာကာဇက် က အသင်းအတွက် ငွေများများ ရှာပေး နိုင်မယ့် ကစားသမား ပါ ၊ အာဆင်နယ်မှာ သူ့လို စျေးကောင်း ရမယ့် ကစားသမား များများစားစား မရှိပါဘူး ။ “

” အူဘာမီယန်း ဆို အသင်း နဲ့ စာချုပ် သက်တမ်း နည်းနည်းပဲ ကျန်တော့ ငွေအများကြီး ရမယ် မထင်ပါဘူး ၊ သူက အသင်းနဲ့ စာချုပ် သက်တမ်း တစ်နှစ်ပဲ ကျန်ရှိတော့သူပါ ။ လာကာဇက် ကို ရောင်းချတာက အကျိုးရှိ နိုင်ပြီး ဂျူဗင်တပ်စ် အသင်းက ခေါ်ဖို့ စိတ်ဝင်စားနေတယ်လို့ ကြားသိရပါတယ် ။ “

” ကစားသမားသစ်တွေ ခေါ်ချင်ရင်တော့ ကစားသမားဟောင်းတွေကို လက်လွှတ်ရမှာပါပဲ ၊ ကစားသမား အင်အား ဖြည့်တင်းမှု ဆိုတာက လိုကို လိုပါတယ် ။ ကျွန်တော် လာကာဇက် ကို သဘောကျပါတယ် ၊ သူက သင့်တင့် ကောင်းမွန်တဲ့ ကစားသမားပါ ။ “

” ဒါပေမယ့် ကျွန်တော်တို့မှာ အန်ခီတီးယား ရှိနေပြီးသားပါ ၊ အခု အချိန်မှာ သူ့ကို အထောင် တိုက်စစ်မှူး အဖြစ် အခွင့်အရေး ပေးဖို့ အချိန်ကျပါပြီ ။ “

” အာတီတာ ကလည်း လေ့ကျင့်ရေးကွင်းမှာ အက်ဒီ ကို အပတ်စဉ် တိုက်စစ်မှူး အဖြစ် ထားကစားလို့ ရပြီလား ဆိုတာ စဉ်းစား သုံးသပ် မိမှာပါ ။ အခု အချိန်မှာတော့ မရသေးပါဘူး ၊ ဒါပေမယ့် သူဟာ တိုးတက် နိုင်စွမ်း ရှိပြီး လာမယ့် နှစ်နှစ်လောက် အတွင်းမှယ အထောင် တိုက်စစ်မှူး အဖြစ် ကစားနိုင်တော့မှာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular