နည်းပြတွေကို ကိုယ်ချင်းစာကြောင်း ပြောကြားရင်း ဆိုးလ်ရှားကို ပါးပါးလေးပုတ်လိုက်တဲ့ အန်ဆယ်လော့တီ

အဲဗာတန် အသင်းရဲ့ နည်းပြဖြစ်သူ ကားလို့စ် အန်ဆယ်လော့တီ က မန်ချက်စတာ ယူနိုက်တက် အသင်းကို ပုံစံကောင်းတွေ တစ်ဖန် ပြန်လည် ပိုင်ဆိုင် နိုင်အောင် လုပ်ဆောင် ပေးရတော့မယ့် နည်းပြ ဆိုးလ်ရှား ကို ဖိအားတွေ ဆိုတာ အမြဲတမ်း ပခုံး အထက်မှာ ရှိနေမှာပဲ လို့ ပြောပြ သွားခဲ့လိုက် ပါတယ် ။

ဒီနေ့ည မှာတော့ အဲဗာတန် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဧည့်ခံ ကစား ရဖို့ ရှိနေ ပါတယ် ။ အဆိုပါ ပွဲစဉ် မတိုင်မီ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက အာဆင်နယ် ၊ အစ္စတန်ဘူလ် ဘာဆက်ဆီဟာ အသင်း တွေကို ဆက်တိုက် ရှုံးနိမ့် ထားခဲ့ ပါတယ် ။

myan789

အခြား တစ်ဖက် မှာတော့ အဲဗာတန် အသင်း ကလည်း နောက်ဆုံး ကစား ခဲ့တဲ့ ပွဲစဉ် တွေမှာ 2 ပွဲရှုံး ၊ 1 ပွဲ သရေ ရလဒ် နဲ့ အတူ 3 ပွဲ ဆက်တိုက် နိုင်ပွဲတွေ ပျောက်ဆုံး နေခဲ့ရ ပါတယ် ။ ထို့အတူ ရာသီ အစ တုန်းက အမှတ်ပေး ဇယားကို ဦးဆောင် နေခဲ့တဲ့ အသင်း ကလည်း အဆင့် 5 နေရာကို ကျဆင်း သွားခဲ့ ပါပြီ ။

ဒါ့ကြောင့် အခု ပွဲစဉ်မှာ နှစ်ဖက် အသင်းလုံးရဲ့ နည်းပြ တွေက ဖိအား တွေကို ကိုယ်စီ လျော့ချ နိုင်ရေး အတွက် အနိုင် ရလဒ်ကို ပိုင်ဆိုင် နိုင်အောင် အထူး ရုန်းကန် ကြိုးစား ကြရမယ့် အနေအထား တစ်ရပ်ကို ကိုယ်စီ ပိုင်ဆိုင် ထားခဲ့ ကြတာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ပွဲကောင်း တစ်ပွဲကို မြင်တွေ့ရဖို့ ရှိနေ ပါတယ် ။

အဆိုပါ ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲ မှာတော့ အဲဗာတန် အသင်း နည်းပြ အန်ဆယ်လော့တီ က သူဟာ ဆိုးလ်ရှား ထက် ပိုပြီး အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်ကြောင်း ၊ အသင်းက ရလဒ် မကောင်းရင် တစ်ဦးတည်းသော တာဝန်ရှိသူက နည်းပြသာ ဖြစ်ကြောင်း ပြောရင်းဖြင့် နော်ဝေသားကို နာကျင် စေလိုက် ပါတယ် ။

” ယေဘုယျ အားဖြင့် ပြောရမယ် ဆိုရင်တော့ ကျွန်တော်ဟာ နည်းပြတိုင်း အပေါ်မှာ ကိုယ်ချင်းစာစိတ် ရှိပါတယ် ။ ဒါဟာ တစ်ကယ့်ကို ခက်ခဲတဲ့ အလုပ် တစ်ခုပါ ။ ကျွန်တော့် ဆီမှာ အိုလီ ထက် ပိုများတဲ့ အတွေ့အကြုံတွေ ရှိနေပါတယ် ”

” ဒါ့ကြောင့် ဘောလုံးမှာ အကယ်လို့ ရလဒ် တွေသာ မကောင်းမွန်ဘူး ဆိုရင် တာဝန် ယူရမယ့်သူ တစ်ဦးပဲ ရှိတယ် ဆိုတာ ကျွန်တော် သူ့ကို ပြောပြ ပေးနိုင် ပါတယ် ။ အဲ့တာ တစ်ယောက် ဆိုတာ ကတော့ အသင်း ရဲ့ နည်းပြ ပါပဲ ”

” နည်းပြတိုင်းက ဖိအားတွေ အောက်မှာ ကိုယ်စီ ရောက်ရှိ နေကြ ပါတယ် ။ ဖိအား ဆိုတာက ကျွန်တော်တို့ပဲ ပိုင်ဆိုင် ရတဲ့ အထူး အခွင့်အရေး တစ်ခုလို ပါပဲ ။ ဒါ့ကြောင့် ကျွန်တော်တို့ ကိုယ်တိုင် ခွဲခြမ်း စိတ်ဖြာမှု လုပ်ဆောင်ရေးမှာ ကောင်းမွန် နေဖို့ လိုအပ် ပါတယ် ”

” ဒါပေမယ့် ကောင်းမွန်တဲ့ စိတ်ဓါတ် နဲ့ လုပ်ဆောင်ဖို့ လိုအပ်တာ ပေါ့ဗျာ ။ ဒါက မနက် 4 နာရီလောက် ထပြီး အလုပ် လုပ်ရတဲ့ တစ်စုံတယောက် လောက်တော့ ဖိအားတွေ များပြားလွန်းတဲ့ အရာ တစ်ခုတော့ မဟုတ် ပါဘူး ” လို့ အန်ဆယ်လော့တီ က ပြောကြား သွားခဲ့လိုက် ပါတယ် ။

လက်ရှိ အချိန် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပွဲစဉ် 6 ပွဲ ကစား ၊ ရမှတ် 7 မှတ်သာ ရှာဖွေ ထားနိုင်ခဲ့ပြီး အမှတ်ပေး ဇယား အဆင့် 15 နေရာ မှာသာ ရပ်တည် နိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့် ဆိုးလ်ရှားရဲ့ ယူနိုက်တက် နည်းပြ ဘဝဟာ ဆက်ရှည် မလား ဆိုတာ သံသယ ဖြစ်ဖွယ် ရှိနေခဲ့ရ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ယူနိုက်တက် တို့သာ အဲဗာတန် အသင်းကို ဒီညမှာ ရှုံးနိမ့် သွားမယ် ဆိုရင် ဆိုးလ်ရှား ရဲ့ နေရာမှာ တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ နည်းပြဟောင်း ဖြစ်သူ ပိုချက်တီနို က နည်းပြသစ် အဖြစ် ရောက်လာ လိမ့်မယ်လို့ သတင်းတွေ ကြီနေခဲ့ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular