နည်းပြဆောက်ဂိတ်ကို သက်တမ်းတိုးရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ဆန္ဒရှိနေပြီး ဂျာမနီနှင့်ပွဲမှာ အဓိကအဆုံးအဖြတ် ဖြစ်လာဖွယ်ရှိ

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)သည် လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆန္ဒရှိနေပြီး လက်ရှိယူရို-၂၀၂၀ ပြိုင်ပွဲ၏ အောင်မြင်မှုအခြေအနေကို စောင့်ကြည့်နေရာ ဂျာမနီနှင့်ပွဲမှာ အဆုံးအဖြတ်ဖြစ်လာနိုင်ကြောင်း သိရသည်။

ဆောက်ဂိတ်သည် ၂၀၁၆ နိုဝင်ဘာလတွင် အင်္ဂလန်လက်ရွေးစင်နည်းပြအဖြစ် စတင်ခန့်အပ်ခံခဲ့ရခြင်းဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်သည်။

myan789

သို့သော် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် ဆောက်ဂိတ်၏ ဦးဆောင်မှုကို သဘောကျနေသည့်အတွက် ယူရိုပြိုင်ပွဲအပြီးတွင် ထပ်မံသက်တမ်းတိုးရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရသည်။

အင်္ဂလန်အသင်းသည် ဆောက်ဂိတ်၏လက်ထက်တွင် တိုးတက်မှုများစွာရှိလာသည်ဟု လေ့လာသူအများစုက သုံးသပ်ထားသလို၊ ဆုဖလားအောင်ပွဲတစ်ခုခု ရယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း ထင်ကြေးပေးမှုများလည်း ရှိနေသည်။

ဆောက်ဂိတ်သည် အင်္ဂလန်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဆီမီးဖိုင်နယ်အဆင့် ပို့ဆောင်ပေးနိုင်ခဲ့သလို၊ ၂၀၁၈-၁၉ ရာသီ Nations League ပြိုင်ပွဲတွင်လည်း တတိယနေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

ထို့ပြင် နိုင်ပွဲရာခိုင်နှုန်း(၆၃%)ရှိအောင် စွမ်းဆောင်ပေးထားနိုင်ခြင်းနှင့် ယူရို-၂၀၂၀ ပြိုင်ပွဲ၌ ချန်ပီယံဆုကို ချိန်ရွယ်နိုင်သည့်အသင်းဖြစ်အောင် တည်ဆောက်ပေးထားနိုင်ခြင်းတို့ကြောင့် FA က သဘောကျနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)၏ အမှုဆောင်ချုပ် ဘူလင်ဂမ်က ”ဂါရတ်(ဆောက်ဂိတ်)က သူ့အလုပ်ကို ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ အုပ်စုပထမနေရာကို တကယ်ကျစ်လျစ်ခိုင်မာတဲ့ ခံစစ်နဲ့အတူ ရယူခဲ့တာပါ။ သူက ကွင်းတွင်းမှာရော ကွင်းပြင်မှာပါ ကျေနပ်စရာကောင်းတဲ့သူပါ။ ဒါကြောင့် သူ့နောက်မှာ ကျွန်တော်တို့ ရာနှုန်းပြည့် ထောက်ခံရပ်တည်နေပါတယ်။ သူ့အပေါ် ကျွန်တော်တို့ ဘယ်လိုသဘောထားသလဲဆိုတာကိုလည်း သူ သိပါတယ်။ လက်ရှိစာချုပ်ကုန်ဆုံးသွားချိန်မှာလည်း သူနဲ့ ဆက်ပြီး လက်တွဲသွားချင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဘူလင်ဂမ်က ပြိုင်ပွဲတစ်ခုတည်းအပေါ်ကြည့်၍ ဆုံးဖြတ်မည်မဟုတ်ဟု ဆိုခဲ့သော်လည်း ဗြိတိန်မီဒီယာများကမူ ယခုယူရိုပြိုင်ပွဲတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရယူပြမှသာ ဖြစ်နိုင်လိမ့်မည်ဟု သုံးသပ်နေကြသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular