နည်းစနစ် ဒါရိုက်တာ အလုပ် နဲ့ ဂိုးသမား တာဝန် ကိုပါ ပူးတွဲယူထားတဲ့ အသင်းဖော်ဟောင်း ပီတာချက် အပေါ် မှတ်ချက်ပေးလိုက်တဲ့

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ၎င်းတို့ရဲ့ ၂၀၂၀ – ၂၀၂၁ ဘောလုံး ရာသီ ၊ ပရီးမီးယားလိဂ် ကစားသမား ၂၅ယောက် စာရင်း ကို ထုတ်ပြန်ခဲ့ရာ ၊ အံ့အားသင့်ဖွယ် တရပ် အဖြစ် ၊ ဂိုးသမား နေရာ တနေရာ အတွက် အနားယူသွားတဲ့ အသင်း ရဲ့ ဂန္တဝင် ဂိုးသမားဟောင်း ပီတာချက် ကို အရေးပေါ် အခြေအနေ အဖြစ် ခေါ်ယူခဲ့ပါတယ် ။

အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး မပြီးဆုံးသေးခင် အချိန် ကာလ အတွင်း ၊ ဂိုးသမား ၃ဦးတည်းနဲ့ လုံလောက်မှု ရှိတယ် လို့ ယူဆထားခြင်း မရှိတဲ့အပြင် ၊ ဗိုင်းရပ်စ်ကြောင့် အရေးပေါ် အခြေအနေ ကြုံလာခဲ့ရင် အသုံးပြုဖို့ အနေနဲ့ ပီတာချက် ကို ခေါ်ယူထားခြင်း ဖြစ်ပါတယ် ။

myan789

ဒီရာသီ အတွင်း ၊ ကျန်ရှိသေးတဲ့ ပရီးမီးယားလိဂ် ပွဲ အများအပြား ရှိနေရာမှာ ၊ ပီတာချက် တယောက် ဝင်ကစားဖို့ အခွင့်အရေး က အလွန့်အလွန် နည်းပါးနေပေမယ့် ၊ ချဲလ်ဆီး ပရိသတ် အများစု ကတော့ ၎င်းတို့ ချစ်မြတ်နိုးရတဲ့ ဂန္တဝင် ဂိုးသမားကြီး ကို မြက်ခင်းစိမ်း မှာ ပြန်ကစားတာကို တပွဲတလေ ဖြစ်ဖြစ် မြင်လိုနေကြမှာ သေချာပါတယ် ။

ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကလည်း ပီတာချက် ဟာ လောလောဆယ် မှာ ကြံ့ခိုင်မှု အလွန် ပြည့်နေပြီး ၊ အရေးပေါ် ကစားဖို့ လိုလာရင် ၎င်းရဲ့ အသင်းဖော်ဟောင်း ဟာ အစွမ်းကုန် ပေးဆပ် ကစားမှာ ဖြစ်ကြောင်း ထောက်ခံ ပြောဆိုခဲ့ပါတယ် ။ သို့ပေမယ့် ပီတာချက် အတွက် ပရီးမီးယားလိဂ် မှာ ကစားခွင့် ရဖို့က အခွင့်အလမ်း နည်းပါးတဲ့ အကြောင်းလည်း ၎င်းက ထပ်မံ ထည့်သွင်း ပြောဆိုခဲ့ပါသေးတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် ၊ မကြုံစဖူး အခြေအနေမျိုး နဲ့ ကြုံလာရင်တော့ ပီတာချက် ဟာ လမ်းပတ် အနေနဲ့ အားကိုးလို့ ရသေးတဲ့ ဂိုးသမားမျိုး ဆိုတာတော့ လက်ခံပေးရပါမယ် ။ ဘောလုံးသမား ဘဝ ထဲသို့ ယာယီ ပြန်လည် ဝင်ရောက်လာတဲ့ ပီတာချက် ဟာ ယုံကြည်မှု ကျဆင်းနေတဲ့ ကီပါထက် အများကြီး သာလွန်တယ် လို့ ထောက်ခံပေးထားတဲ့ ဘောလုံးပွဲ သုံးသပ်သူ တွေလည်း အများအပြားပါ ။

ပီတာချက် နဲ့ အတူ ချဲလ်ဆီး အသင်း မှာ ဆယ်စုနှစ် တစု နီးပါး အတူ ကစားခဲ့ဖူးတဲ့ ဂါနာ ကွင်းလယ်လူဟောင်း မိုက်ကယ် အက်ဆီယန် ကတော့ အသင်းဟောင်း မှာ နည်းစနစ် ဒါရိုက်တာ ရာထူး နဲ့ ဂိုးသမား တာဝန် တနေရာ ကိုပါ ပူးတွဲ ရယူထားတဲ့ ပီတာချက် အပေါ် အခုလိုပဲ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ် ။

Goal သတင်း ဌာန နဲ့ အင်တာဗျူး မှာ အက်ဆီယန် က ” ကောင်းပါတယ် ။ ပီတာ ဟာ အခုအချိန် အထိ ဘောလုံး ကောင်းကောင်း ကစားနိုင်ပါသေးတယ် ။ ဂိုးသမား တွေဟာ တခြား နေရာ က ကစားသမား တွေထက် သက်တမ်း ပိုပြီး ရှည်ကြာစွာ ကစားလို့ ရပါတယ် ။ ဒီတော့ သူ့အတွက်လည်း ကောင်းပါတယ် ။ ”

” ပီတာ ဟာ နှစ်လိုဖွယ် ပုဂ္ဂိုလ် တဦး ဖြစ်တဲ့ ချဲလ်ဆီး အသင်း မှာ သူ့လို အတွေ့အကြုံ ၊ သမ္ဘာ ရင့်ကျက်သူ တဦး ကို ပိုင်ဆိုင်ထားရတာ တခြား ချဲလ်ဆီး ဂိုးသမားတွေ အတွက် အရမ်း ကောင်းပါတယ် ။ ပီတာ ဟာ သူ့ကိုယ်သူ ပိုပြီး ပါးနပ်တယ် လို့ ထင်ခဲ့တဲ့ အကြောင်း ကျွန်တော် အရင်တုန်းက အမြဲ ပြောခဲ့ဖူးပါတယ် ။ စတာပါဗျာ ။ ”

” ပီတာ ဟာ သူကိုယ်၌ က အရမ်း ထက်မြက်သူပါ ။ ဘာသာစကား အများအပြား တတ်ကျွမ်းထားသလို ၊ ဒရမ်တီးလည်း တော်ပါတယ် ။ ကျွန်တော် ချဲလ်ဆီး အသင်း မှာ ကစားခဲ့တုန်းက သူဟာ ခေါင်းဆောင်တွေထဲက တဦး ဖြစ်ခဲ့ပြီး ၊ အသင်း အတွက် အစစ အရာရာ ပိုမို အဆင်ပြေ ချောမွေ့အောင် ဖန်တီးပေးနိုင်သူပါ ။ ”

” အခုဆို ချဲလ်ဆီး အသင်း မှာ အရေးပါတဲ့ ဒါရိုက်တာ အခန်း ကဏ္ဍ ကနေ ပါဝင်ခွင့် ရထားလို့ ကျွန်တော် သူ့အတွက် ပျော်ရွှင်မိပါတယ် ။ အခုအထိလည်း ချဲလ်ဆီး အတွက် သူ အကောင်းဆုံး စွမ်းဆောင်ပေးထားပါတယ် ။ အကောင်းဆုံးသော အရာတွေ ရရှိပါစေ လို့ သူ့အတွက် ဆုတောင်းပေးပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အက်ဆီယန် ဟာလည်း ဘောလုံးသမား ဘဝ ကနေ အနားယူခဲ့ပြီးနောက် မန်နေဂျာ လောက ထဲသို့ ဝင်ရောက်ဖို့ ကြိုးစားနေကာ ၊ ဒိန်းမတ် စူပါလိဂ် ကလပ် နော့ဂျေးလန်း အသင်း လက်ထောက် မန်နေဂျာ အဖြစ် ဆောင်ရွက်လျက် ရှိပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular