” ဒွန်နီ မပျော်တော့ဘူး ” လို့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟလိုက်တဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ တုန်းက နယ်သာလန် အခြေစိုက် အေဂျက်ဇ် အသင်း မှ ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ ဒွန်နီ ဗန်ဒီ ဘိခ် ကို ပေါင် သန်း 40 နဲ့ ခေါ်ယူ ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် လက်တွေ့ မှာတော့ ပွဲထွက်ခွင့် တွေကို မပေးဆောင် နိုင်ခဲ့ ပါဘူး ။

ဒီလို ဖြစ်ရတဲ့ အကြောင်းအရင်း ကတော့ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် တိုက်စစ် နေရာမှာ ပေါ့လ် ပေါ့ဂ်ဘာ နဲ့ ဘရူနို ဖာနန်ဒက်စ် ခြေစွမ်းကောင်းတွေ ဆက်တိုက် ပြသ နေခဲ့ ကြလို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘန်ဒီ ဘိခ်ဟာ ပွဲထွက် ကစားသမားထက် အရံလူ အဖြစ်သာ ကစားခွင့် များပြားခဲ့ ပါတယ် ။

myan789

ဒါ့ကြောင့် အေဂျက်ဇ် နဲ့ နယ်သာလန် အသင်းမှာ ပထမ ဦးစားပေး ကစားသမား အဖြစ် အမြဲတမ်း ပွဲထွက်ခွင့် ရရှိ ခဲ့တဲ့ ကစားသမား တစ်ဦး အခုလို ပွဲထွက်ခွင့်တွေ နည်းပါး နေခဲ့တဲ့ အပေါ် နယ်သာလန် ပရိသတ် တွေနဲ့ ကစားသမားဟောင်း တွေက အတော်လေး အားမလို အားမရ ဖြစ်ခဲ့ကြ ပါတယ် ။

ဒီလို အနေအထား တစ်ရပ်မှာ သူ့ကို အသင်းပြောင်းဖို့ အတွက် တိုက်တွန်းသူတွေ များပြာခဲ့ သလို အငှား ထွက်ခွာ ကစား သင့်ကြောင်း အကြံပြုသူ တွေလည်း ရှိခဲ့ကြ ပါတယ် ။ ဒါပေမယ့် ဘန်ဒီ ဘိခ် ကတော့ အခုထိ မန်ချက်စတာ ယူနိုက်တက် အသင်း မှာပဲ ဆက်လက် ရှိနေဆဲပဲ ဖြစ်ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခါးသီး ပြိုင်ဖက် လီဗာပူး အသင်း နဲ့ FA ဖလား ပြိုင်ပွဲရဲ့ Round 4 ပွဲစဉ်ကို အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ကစားသွား ရဖို့ ရှိနေ ပါတယ် ။ အဆိုပါ ပွဲစဉ် မတိုင်မီမှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ပွဲထွက် စာရင်း အပြောင်းအလဲ လုပ်ဖို့ ရှိကြောင်း ပြောခဲ့ပါ သေးတယ် ။

ဒီလိုသာ လုပ်ဆောင်မယ် ဆိုရင်တော့ ဗန်ဒီ ဘိခ်ဟာ အခုလို ပွဲစဉ်မှာ ပွဲထွက် ကစားခွင့် သေချာပေါက် ရရှိမှာပဲ ဖြစ်ပါတယ် ။ အခုတော့ ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ပွဲထွက်ခွင့် မရတဲ့ နယ်သာလန် လက်ရွေးစင်ဟာ မပျော်ရွှင်ကြောင်း ၊ သူ့ရဲ့ ခံစားချက် တွေကို နားလည်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

” ဒွန်နီ ပျော်တယ်လို့ ကျွန်တော် ပြောလို့ မရနိုင် ပါဘူး ။ ဟုတ်ပါတယ် ၊ သူဟာ ပွဲကစားခွင့် တွေကို ပိုမို ပိုင်ဆိုင်ချင်တဲ့ ကစား သမား တစ်ဦးပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ တွေက သူ့ကို မှန်ကန်တဲ့ နည်းလမ်း တစ်ခု နဲ့ ကောင်းမွန်စွာ မောင်းနှင်ဖို့ လုပ်ဆောင် နေခဲ့ရ ပါတယ် ”

” သူက ကျွန်တော် ယူနိုက်တက်ကို ရောက်လာ ခဲ့တဲ့ ပထမဆုံး အချိန် တွေကို ပြန်လည် အမှတ်ရ စေပါတယ် ။ သူက သူ့ရဲ့ နေရာမှာ ကစားတဲ့ သူတွေ ပုံစံကောင်း ပြသနေတဲ့ အကြောင်းကို သိရှိ နားလည် နိုင်စွမ်း ရှိသူ တစ်ဦး ပါပဲ ။ သူ့ကို ကျွန်တော်တို့ ဒီလို အကြောင်းပြချက်တွေကြောင့် ပွဲကစားခွင့်တွေ ပေးလိုက်လို့ မရနိုင် ပါဘူး ”

” ကျွန်တော့်ကို ဆာ အဲလက်စ် ပွဲထွက် ကစားသမား စာရင်း ထဲက ချန်လှပ် ခဲ့စဉ် တုန်းကလည်း ကျွန်တော်ဟာ အသင်းရဲ့ နိုင်ပွဲ တွေကို ကြည့်ပြီး ပျော်ရွှင် နေခဲ့ ပါတယ် ။ ဒွန်နီ ကလည်း ဒီလို ကစားသမားမျိုး ပါပဲ ။ သူဟာ ကျွန်တော်တို့ အသင်း အတွက် အရေးကြီးတယ် ၊ ပွဲကစားခွင့် အများကြီး ရမယ် ဆိုတာကို သိပါတယ် ”

” သူဟာ လီဗာပူးနဲ့ ပွဲစဉ်မှာ သေချာပေါက် ပါဝင် ပတ်သက်ခွင့် ပိုင်ဆိုင် နိုင်ပါ လိမ့်မယ် ။ သူဟာ အဆုံးအဖြတ် ပေးသူတောင် ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ် ။ သူက အသင်းအတွက် လုံလောက်စွာ ကောင်းမွန်တဲ့ ကစားသမား တစ်ဦး ဖြစ်တယ်လို့ ယုံကြည်ထားတဲ့ ကစားသမားမျိုး ပါပဲ ။ သူဟာ အခွင့်အရေး တွေကို စောင့်ဆိုင်း နေသူပါ ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular