“ဒုတိယပိုင်းက ကျွန်တော်တို့မဟုတ်တော့ပါဘူး” – ယူနိုက်တက်ဟာ ပရော်ဖက်ရှင်နယ်ဆန်ဆန် မကစားနိုင်ခဲ့ကြောင်း တန်ဟတ် ဝန်ခံပြောဆို

ယမန်နေ့ ညတုန်းက ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ လီဗာပူး ဟာ မန်ချက်စတာ ယူနိုက်တက် ကို အိမ်ကွင်းမှာ ၇-၀ နဲ့ ဂိုးပြတ် အနိုင် ကစားသွားခဲ့ ပါတယ် ။ ဒီနိုင်ပွဲဟာ လီဗာပူး ရဲ့ သမိုင်း တလျောက် မန်ယူနိုက်တက် ကို ဂိုးအပြတ်ဆုံး အနိုင်ရရှိမှု ဖြစ်ခဲ့သလို ယူနိုက်တက် သမိုင်းမှာလည်း အကြီးမားဆုံး ရှုံးနိမ့်မှု ဖြစ်စေခဲ့ ပါတယ် ။

လီဗာပူး ဟာ ပထမပိုင်းကို ကစားသမားသစ် ကိုဒီ ဂတ်ပို ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ထားခဲ့ ပါတယ် ။ ဒုတိယပိုင်း အစ ၅ မိနစ် အတွင်းမှာ ဂတ်ပို နဲ့ ဒါဝင်နူညက် တို့က တဂိုးစီ ထပ်သွင်းပြီး လီဗာပူး ကို ၃-၀ နဲ့ အပြတ်အသတ် ဦးဆောင်စေခဲ့ ပါတယ် ။

myan789

အဲ့ဒိနောက်မှာတော့ ယူနိုက်တက် တို့ ရုပ်ပိုင်းရော စိတ်ပိုင်းပါ ကျဆင်းသွားခဲ့ပြီး မိုဟာမက် ဆာလာ က ၂ ဂိုး ၊ ဒါဝင် နူညက် က နောက်ထပ် ၁ ဂိုး နဲ့ ရော်ဘ်တို ဖာမီနို က ၁ ဂိုး စုစုပေါင်း ၇ ဂိုးအထိ ခွင့်ပြုလိုက်ရပြီး သမိုင်း တလျောက် အကြီးမားဆုံး ရှုံးနိမ့်မှု နဲ့ ရင်ဆိုင် သွားခဲ့ရ ပါတယ် ။

ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ် ကတော့ ပထမပိုင်းမှာ ကစားပုံ ကောင်းခဲ့ပေမယ့် ဒုတိယပိုင်း ကတော့ မန်ယူနိုက်တက် ရဲ့ အဆင့်အတန်း နဲ့ လုံး၀ ကိုက်ညီမှု မရှိခဲ့ဘူးလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ပထမပိုင်းမှာ ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ပထမပိုင်း မပြီးခင်အထိ အသင်းလိုက် အမှားလေး တခုပဲ လုပ်မိ ခဲ့တာပါ ။ ဒုတိယပိုင်း ကတော့ ကျွန်တော်တို့ မဟုတ်တော့သလို ပါပဲ ။ ကျွန်တော်တို့ ရှိရမယ့် အဆင့်အတန်းမျိုးကို မပြနိုင်ခဲ့ ကြပါဘူး ။ အသင်းတသင်းလို ကစားနိုင်ခဲ့ဘူး ၊ ပရော်ဖက်ရှင်နယ် မဆန်ခဲ့ကြပါဘူး ။ အဲ့အတွက် ကျွန်တော် ဒေါသထွက်ခဲ့ပါတယ် ။ သေချာပေါက်ပါပဲ”

“ဒုတိယပိုင်း ပုံစံမျိုး က မဖြစ်သင့်တဲ့ အရာပါ ၊ ဒီအကြောင်း ကျွန်တော်တို့ ဆွေးနွေးရပါမယ် ။ တသင်းလုံးနဲ့ ဆိုင်တဲ့ ကိစ္စပါ ။ ကွင်းထဲက ၁၁ ယောက်လုံး ခေါင်းတွေ ငုံ့နေတာကို ကျွန်တော် မြင်ခဲ့ ပါတယ် ။ ဒါက မန်ချက်စတာ ယူနိုက်တက် ရဲ့ အဆင့်အတန်းမျိုး မဟုတ်နေပါဘူး”

“ပြောရရင်တော့ မယုံနိုင်စရာပါပဲ ။ ပြီးခဲ့တဲ့ အပတ် ၊ လွန်ခဲ့တဲ့ လတုန်းက ဒီအသင်းဟာ အနိုင်ရယူလိုစိတ် ပြင်းပြပြီး အားကောင်းတဲ့ အသင်းတသင်း ဖြစ်ခဲ့တာပါ ။ အခု ဒီနေ့ ဒုတိယပိုင်းမှာ ဒါတွေ အကုန် ပျောက်ဆုံး သွားခဲ့ ပါတယ် ။ အစီအစဉ် အတိုင်း မလုပ်နိုင်ခဲ့ကြ ပါဘူး ။ ဘာပဲ ဖြစ်ဖြစ် ဒါကို အကောင်းဆုံး တုန့်ပြန်နိုင်ဖို့ က အရေးကြီးပါတယ်” လို့ တန်ဟတ် က ပြောဆိုခဲ့ ပါတယ် ။

ဘောလုံး အစီအစဉ် တင်ဆက်သုံးသပ်တဲ့ ကစားသမားဟောင်းတွေ ဟာ ယူနိုက်တက် ကစားသမားတွေရဲ့ ကိုယ်ဟန် အမူအရာတွေ ကို ပြစ်တင် ဝေဖန် ခဲ့ကြပြီး အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ၊ ဂိုးသမား ဒါးဗစ် ဒဟဲယား တို့ဟာ ဝေဖန်မှု အခံရဆုံး ကစားသမားတွေ ဖြစ်ခဲ့ကြ ပါတယ် ။

ယူနိုက်တက် ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား မှာ အဆင့် ၃ နေရာမှာ ရှိနေပြီး အဆင့် ၄ က တော့တင်ဟမ် ဟော့စပါး ကို ၄ မှတ် ခြားထားနိုင်ပါတယ် ။ အဆင့် ၁ က အာဆင်နယ် နဲ့ကတော့ ၁၄ မှတ်အထိ ကွာဟသွားတာကြောင့် ချန်ပီယံ ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်ကူးယဉ် အိပ်မက်တွေ အဆုံးသတ် သွားခဲ့ရပါပြီ ။

ယူနိုက်တက် ဟာ လာမယ့် ကြာသပတေးနေ့ မှာတော့ ယူရိုပါလိဂ် ၁၆ သင်းဆင့် ပထမအကျော့ ပွဲစဉ် အဖြစ် စပိန် ကလပ် ရီးရဲ ဘက်တစ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး ပိတ်ရက်မှာတော့ ဆောက်သမ်တန် အသင်းကို အိမ်ကွင်းမှာပဲ ဆက်လက် ဧည့်ခံ ကစားသွားရမှာ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular