” ဒီလို ပွဲစဉ်မျိုး ကျွန်တော်တို့ စောင့်ဆိုင်း နေကြတာပါ ” RB လက်ပ်ဇစ် အသင်းနဲ့ ကစားရမယ့် အဆုံးအဖြတ် ပွဲစဉ်အပေါ် မှတ်ချက်ပေးလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ချန်ပီယံလိဂ် ရှေ့ဆက်ရေး ကံကြမ္မာ ကတော့ ဒီည RB လက်ပ်ဇစ် အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ် တစ်ပွဲ အပေါ်မှာပဲ မူတည် နေပါတယ် ။ အကယ်လို့ ယူနိုက်တက် တို့ဟာ အနည်းဆုံး သရေ ရလဒ် ထွက်ပေါ်အောင် ကစားနိုင်မယ်ဆိုရင် နောက်တစ်ဆင့် တက်နိုင်မှာပဲ ဖြစ်ပါတယ် ။

အဆိုပါ ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲ မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက အခက်အခဲ တွေကို ဖန်တီး ၊ ကျော်ဖြတ်ရတာ အသင်းရဲ့ ရိုးရာ ဓလေ့ တစ်ခု ဖြစ်ကြောင်း ၊ ဒီညရဲ့ အရေးကြီး ပွဲစဉ်မှာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသ နိုင်ဖို့ အတွက် အဆင်သင့် ဖြစ်နေပြီ ဆိုတဲ့ အကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

myan789

” ဒါက ကျွန်တော်တို့ လိုချင်တဲ့ အရာ တစ်ခု ပါပဲ ။ ဒီလို ပွဲစဉ်မျိုးကို ကျွန်တော်တို့ စောင့်ဆိုင်းနေကြတာပါ ။ ဒါဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရိုးရာဓလေ့ တစ်ခုပါပဲ ။ ကျွန်တော်တို့ တွေဟာ အခက်အခဲ တွေကို ဖန်တီး ၊ ကျော်ဖြတ် ရတာ နှစ်ခြိုက်သူတွေ ပါပဲ ”

” ဟုတ်ပါတယ် ၊ ကျွန်တော်တို့တွေဟာ ကစားခဲ့တဲ့ ပွဲစဉ်တွေကို ပြန်လည် ကြည့်ရှု ဖြစ်ခဲ့ ပါတယ် ။ အထူးသဖြင့် အစ္စတန်ဘူလ် နဲ့ ကစားခဲ့တဲ့ အဝေးကွင်း ပွဲစဉ်ပေါ့ဗျာ ။ ကျွန်တော်တို့ သုံးမှတ် ရယူ နိုင်ခဲ့သင့် ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ အလုပ်လုပ်တဲ့ ပုံစံက ဒီလိုပဲ ဖြစ်နေခဲ့ရ ပါတယ် ”

” ကျွန်တော် တို့ဟာ ကိုယ့်အတွက် အခက်အခဲ တွေကို ကိုယ်တိုင် ရှာဖွေခဲ့ ကြတာပါ ။ ဒါက ဟိုးလွန်ခဲ့တဲ့ အချိန်တွေ အကြာ ကြီး ကတည်းက ၊ ကျွန်တော် ယူနိုက်တက် အတွက် ကစားပေး ခဲ့စဉ် ကတည်းက ဖြစ်ပျက် ခဲ့တဲ့ အရာတွေ ပါပဲ ။ ကျွန်တော်တို့ အခုလို အဆုံးအဖြတ်ပွဲတွေ ကစားရတာ နှစ်ခြိုက်ခဲ့ကြ ပါတယ် ”

” ကျွန်တော်တို့ အုပ်စု အဆင့်ရဲ့ နောက်ဆုံး ပွဲစဉ်ကို ကစားကြ ရပါ့မယ် ။ အကယ်လို့ ကျွန်တော်တို့ တွေဟာ နိုင်ပွဲ ရယူ နိုင်ခဲ့မယ် ၊ သရေ ရလဒ် ရယူ နိုင်ခဲ့မယ် ဆိုရင်တော့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာပါ ။ ဒါ့ကြောင့် အခုဟာက အရေးကြီးလွန်တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်နေရ ပါတယ် ” လို့ ဆိုးလ်ရှားက ပြောခဲ့လိုက် ပါတယ် ။

အင်္ဂါနေ့ ရဲ့ ပွဲစဉ်ကို ဦးတည် ကစားနိုင်ဖို့ အတွက် ယူနိုက်တက် အသင်းမှာ ဖိအားတွေ အများကြီး ရှိနေပါတယ် ။ ဒီလို အနေအထားမျိုးမှာ တိုက်စစ်မှူး နှစ်ဦး ပါဝင်မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ဆိုးလ်ရှား ကတော့ အသင်းသား တွေဟာ စွမ်းဆောင်ရည် တွေကို မြှင့်တင် နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဆက်လက် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” အရှုံးအထွက် ပွဲစဉ်တွေ ၊ ဒါမှမဟုတ် အခုလို ပွဲစဉ်မျိုး တွေက ခင်ဗျားတို့ ရှေ့ဆက် နိုင်မယ် ၊ ဒါမှမဟုတ် ရှေမဆက် နိုင်ဘူးဆိုတဲ့ ကြီးမားတဲ့ အဆုံးအဖြတ် တစ်ခုကို ပေးစွမ်း နိုင်ပါတယ် ။ ဒီအတွက် ကစားသမားတွေက ဒီမှာ ရှိနေကြ ပါတယ် ။ သူတို့ တွေက ‘ မန်ချက်စတာ ယူနိုက်တက် ‘ အသင်းရဲ့ ကစားသမား တွေပါ ”

” သူတို့တွေဆီမှာ အရည်အသွေးရှိလို့ ဒီနေရာကို ရောက်လာခဲ့ ကြတာပါ ။ ဒါ့ကြောင့် ဒီတစ်ပါတ် ပွဲစဉ် မှာတော့ သူတို့ တွေဟာ ဘာကြောင့် ဒီ အသင်းကို ရောက်လာလဲ ၊ ကစား နေကြလဲ ဆိုတာကို သက်သေ ပြနိုင်လိမ့်မယ် လို့ ကျွန်တော် ယုံကြည် နေပါတယ် ။ သူတို့ သက်သေ ပြပါလိမ့်မယ် ”

” အသင်းရဲ့ စိတ်ဓါတ် ခံယူချက်နဲ့ အနေအထားတွေက ကောင်းသထက် ကောင်းမွန် လာတယ်လို့ ကျွန်တော် ထင်ပါတယ် ။ အခု ကျွန်တော်တို့ ပွဲစဉ် ကစားရဖို့ ရှေးရှု နေကြ ပါတယ် ” လို့ ဆိုးလ်ရှား က ဒီည ကစားရမယ့် အရေးကြီး ပွဲစဉ် အပေါ် မှတ်ချက်တွေ ပေးဆောင် သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular